သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာမည်ကျော် ဂေါ့ဖ်ကစားသမား Tiger Woods ကားမှောက်ဒဏ်ရာရ 


မှတ်တမ်းဓါတ်ပုံ- နာမည်ကျော် ဂေါ့ဖ်ကစားသမား Tiger Woods
မှတ်တမ်းဓါတ်ပုံ- နာမည်ကျော် ဂေါ့ဖ်ကစားသမား Tiger Woods

(Zawgyi/Unicode)

နာမည်ကျော် ဂေါဖ့် ကစားသမား Tiger Woods ကားမှောက်ပြီး ထိခိုက်ဒဏ်ရာရတာကြောင့် ဆေးရုံတင် ကုသနေရပါတယ်။

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles ခရိုင် Rancho Palos Verdes မြို့မှာ အင်္ဂါနေ့က ကားမတော်တဆမှု ဖြစ်ခဲ့တဲ့ ဂေါဖ့် ကစားသမား အကျော်အမော် Tiger Woods ရဲ့ ခြေထောက် ဒဏ်ရာရပြီး ကုသနေကြောင်း သူ့ရဲ့ ကိုယ်စားလှယ် Mark Steinberg က ကြေညာချက်မှာ ပြောဆိုထားပါတယ်။ Woods မောင်းလာတဲ့ ကားကတော့ အကြီးအကျယ် ပျက်စီးသွားတာကို တွေ့ရပါတယ်။

အခင်းဖြစ်နေရာမှာ ပထမဆုံး ရောက်ရှိပြီး Woods ကို တွေ့ရှိခဲ့တဲ့ ရဲအရာရှိက အခင်းဖြစ်ပြီးချိန်မှာ Woods က သူ့နာမည်ကို ပြောနိုင်ပြီး ဆေးရုံကို ကောင်းကောင်းမွန်မွန် လွှဲပြောင်းနိုင်ခဲ့ပါတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

.........


(Unicode)




XS
SM
MD
LG