သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်ပါတီ ဒုသမ္မတလောင်းအဖြစ် Tim Walz တရားဝင်လက်ခံ


 ပါတီညီလာခံမှာ တွေ့ရတဲ့ ဒုသမ္မတလောင်း Minnesota ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz (ဩဂုတ် ၂၂၊ ၂၀၂၄)
ပါတီညီလာခံမှာ တွေ့ရတဲ့ ဒုသမ္မတလောင်း Minnesota ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz (ဩဂုတ် ၂၂၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု Chicago မြို့မှာကျင်းပနေတဲ့ Democratic ပါတီညီလာခံမှာ ပါတီဒုသမ္မတလောင်းအဖြစ် Minnesota ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz ကို ဗုဒ္ဓဟူးနေ့ညက တရားဝင် ရွေးချယ်လိုက်ပါပြီ။

ရွေးကောက်ပွဲအနိုင်ရရေးကြိုးပမ်းမှုကို ပျော်စရာဖြစ်အောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ စိတ်အားတက်ကြွနေကြတဲ့ ပါတီညီလာခံတက်လာသူတွေကို Tim Walz က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ပါတီဒုသမ္မတလောင်းအဖြစ် လက်ခံမိန့်ခွန်းထဲမှာ၊ Nebraska ပြည်နယ်မှာ သူကြီးပြင်းခဲ့ပုံ Minnesota ပြည်နယ်မှာ ကျောင်းဆရာ၊ အမေရိကန် ဘောလုံးနည်းပြအဖြစ် သူလုပ်ခဲ့တာတွေအပြင် သူနဲ့ သူ့ဇနီးသည်တို့ ကလေးရအောင် ခက်ခက်ခဲခဲ့ကြိုးစားခဲ့ရတာတွေကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူ့ကို ဒုသမ္မတအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ လက်ရှိဒုသမ္မတ Kamala Harris က မရွေးချယ်ခင်အထိ အမေရိကန်တော်တော်များများ Tim Walz ဆိုတာ ဘယ်သူလဲ မသိခဲ့ကြပါဘူး။

ဗုဒ္ဓဟူးနေ့ညက ကျင်းပတဲ့ Democratic ပါတီညီလာခံမှာ သမ္မတဟောင်း Bill Clinton နဲ့ လူသိများတဲ့ မီဒီယာလုပ်ငန်းရှင် Oprah Winfrey တို့လည်း မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။ ကိုယ့်အတွက်ပဲ ကြည့်နေသူ Donald Trump နဲ့ ပြည်သူတွေအရေးကြည့်တဲ့ Kamala Harris ကြား ဘယ်သူ့ကိုရွေးချယ်ရမယ်ဆိုတာ သူ့အတွက် အင်မတန်ရှင်းနေပါပြီလို့ သမ္မတဟောင်း Bill Clinton က မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။

ခါးသီးတဲ့ အတိတ်အစား ကောင်းမွန်တဲ့ အနာဂတ်ကို ရွေးချိန်တန်ပြီမို့ အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်တွေအတွက် အကောင်းဆုံးဖြစ်တဲ့ Kamala Harris ကိုရွေးချယ်ကြဖို့ Oprah Winfrey ကလည်း Democratic ပါတီညီလာခံမှာ မိန့်ခွန်းပြောကြား တိုက်တွန်းသွားခဲ့ပါတယ်။ ကိုယ့်လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့ညကကျင်းပတဲ့ ညီလာခံမှာ သန္ဓေသားဖျက်ချခွင့်အပါအဝင် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကာကွယ်ရေးအကြောင်းတွေကို မိန့်ခွန်းပြောသူတွေက အလေးထားပြောကြားသွားခဲ့ကြပါတယ်။

ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံ တတိယနေ့
please wait

No media source currently available

0:00 0:04:33 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG