သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Time မဂ္ဂဇင်း ၂၀၁၉ အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ် Greta Thunberg ရွေးချယ်ခံရ


Time Magazine Cover မှာတွေ့ရတဲ့ ရာသီဥတု ပြောင်းလဲမှု အရေး တက်ကြွလှုပ်ရှားသူ ဆယ်ကျော်သက် Greta Thunberg
Time Magazine Cover မှာတွေ့ရတဲ့ ရာသီဥတု ပြောင်းလဲမှု အရေး တက်ကြွလှုပ်ရှားသူ ဆယ်ကျော်သက် Greta Thunberg

၂၀၁၉ ခုနှစ်ရဲ့ အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ် ဥတုရာသီ ပြောင်းလဲမှုအရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ ဆွီဒင် တက်ကြွလှုပ်ရှားသူ မိန်းကလေး Greta Thunberg ကို နာမည်ကျော် Time မဂ္ဂဇင်းကြီးက ရွေးချယ်လိုက်ပါတယ်။

Time မဂ္ဂဇင်း အယ်ဒီတာချုပ် Edward Felsenthal က NBC သတင်းဌာနနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမေးမြန်းချိန်အတွင်း ဒီလိုရွေးချယ်ထားတဲ့အကြောင်း ကြေညာသွားတာပါ။

Greta Thunberg ဟာ ဒီနှစ်အတွင်း ကမ္ဘာကြီး ကြုံတွေ့နေရတဲ့ အကြီးမားဆုံး အရေးကိစ္စကို အကျယ်လောင်ဆုံး ပြောဆိုနိုင်သူ ဖြစ်တယ်လို့လည်း Time မဂ္ဂဇင်း အယ်ဒီတာချုပ်က ပြောပါတယ်။

Thunberg ဟာ ဒီဆုအတွက် ရွေးချယ်ခံခဲ့ရဖူးသူတွေထဲမှာ အသက်အငယ်ဆုံးပါ။ အသက် ၁၅ နှစ်အရွယ် Thunberg က သောကြာနေ့ တရက်မှာ ကျောင်းချိန်အတွင်း ဆွီဒင်ပါလီမန်ရှေ့ တဦးတည်း ဆန္ဒပြရာကနေ ဥတုရာသီပြောင်းလဲမှုအရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီးကို စတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ကစလို့ “Friday’s for Future” သောကြာနေ့ဟာ အနာဂတ်အတွက် ဆိုတဲ့ဆောင်ပုဒ်နဲ့ နိုင်ငံ ၁၅၀ က လူသန်းပေါင်း များစွာပါဝင်တဲ့ လှုပ်ရှားမှုကြီးဟာ ကမ္ဘာကြီးကိုကိုယ်စားပြုပြီး ပေါ်လာတယ်လို့လည်း Time မဂ္ဂဇင်း အယ်ဒီတာချုပ်က ပြောပါ တယ်။ Greta Thunberg ဟာ အသက် ၁၆ နှစ်အရွယ်မှာ အခုလို ဂုဏ်ပြု ရွေးချယ်ခံရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

Time မဂ်ဂဇငျး ၂၀၁၉ အထူးခွားဆုံးပုဂ်ဂိုလျအဖွဈ Greta Thunberg ရှေးခယြျခံရ







XS
SM
MD
LG