သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တပ္မေတာ္နဲ႔ ပန္းေဆးျပည္သူ႔စစ္ ပူးေပါင္းတပ္ဖြဲ႔နဲ႔ TNLA ၾကား တိုက္ပြဲျဖစ္


TNLA တအာင္းပေလာင္ တပ္ဖဲြ႔ (မွတ္တမ္းဓာတ္ပံု)

(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕နယ္ ပန္းေဆးျပည္သူ႔စစ္စခန္းေတြကို TNLA တအာင္းပေလာင္ တပ္ဖဲြ႔က ၀င္ေရာက္တိုက္ခိုက္ခဲ့လို႔ တပ္မေတာ္ဘက္ကလည္း ပန္ေဆးျပည္သူ႔စစ္ဘက္ကေန စစ္ကူေပး ပစ္ခတ္တာေတြလုပ္ခဲ့ပါတယ္။ TNLA ဘက္ကေတာ့ ပန္းေဆးျပည္သူ႔စစ္စခန္း ၅ ခုနဲ႔ အနီးအနား ဘိန္းခင္းေတြကို မေန႔က ၀င္ေရာက္တိုက္ခိုက္ ဖ်က္စီးခဲ့တာမွာ မူးယစ္ေဆးအပါအ၀င္ လက္နက္အမ်ားျပား သိမ္းဆည္းရရွိတယ္လို႔ ေျပာပါတယ္။ အျပည့္အစံုကုိ ဗီြအိုေအသတင္းေထာက္ ႏုိင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

မေန႔က နမ့္ခမ္းၿမိဳ႕နယ္အတြင္း ပန္းေဆးျပည္သူ႔စစ္ေတြ အေျချပဳတဲ့ေဒသက ဘိန္းၿခံေတြ ဖ်က္စီးဖို႔သြားတဲ့ TNLA တပ္ဖြဲ႔နဲ႔ ပန္းေဆး၊ တာကြန္႔၊ ပါင္ဆိုင္း၊ မန္ပန္နဲ႔ ဆာတိုင္ျပည္သူ႔စစ္စခန္းက ျပည္သူ႔စစ္တပ္ဖြဲ႔ဝင္ေတြနဲ႔ ျမန္မာစစ္တပ္ ပူးေပါင္းအဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ျပည္သူ႔စစ္ေတြရဲ႕မူးယစ္ေဆးနဲ႔ လက္နက္ေတြကို သိမ္းဆည္းရခဲ့တယ္လို႔ TNLA ေျပာခြင့္ရဗိုလ္မွဴးတာ့အိုက္ေက်ာ္ကေျပာပါတယ္။

“မေန႔က ၅ နာရီခြဲအေက်ာ္ ၆ နာရီၾကားေပါ့ေနာ္ အဲဒီကေနစၿပီးမွ ညေန ၇ နာရီခြဲအထိ ပန္းေဆးျပည္သူ႔စစ္စခန္း ပန္းေဆးျပည္သူ႔စစ္နယ္ေျမေပါ့ေနာ္။ အဲဒီမွာ ပန္းေဆးျပည္သူ႔စစ္နဲ႔ တပ္မေတာ္ဘက္က စကခ (၇) ခမရ (၁၀၂) နဲ႔ တိုက္ပြဲျဖစ္ပြားတာျဖစ္တယ္။ ျဖစ္တဲ့အေၾကာင္းရင္းကေတာ့ အဲဒီဘက္မွာ မုူးယစ္ေဆး၀ါး ဘိန္းစိုက္ပ်ိဳးေရးေတြ လုပ္တာ ရွိတယ္။ အဲဒီမွာက်ေနာ္တို႔တပ္ဖြဲ႔က လွည့္ၿပီးမွ ဖ်က္တဲ့အခ်ိန္ဆိုေတာ့ ျပည္သူ႔စစ္နဲ႔တပ္က စၿပီးမွတိုက္ခိုက္ခဲ့တဲ့ အတြက္ ႏွစ္ဘက္ အျပန္အလွန္တိုက္ပြဲျဖစ္ပြားတာျဖစ္တယ္။ တိုက္ပြဲျဖစ္ပြားေနတဲ့အခ်ိန္မွာပဲ က်ေနာ္တို႔အဖြဲ႔က တဘက္က ဘိန္းခင္းေတြကို လိုက္ၿပီး ဖ်က္တယ္။ ဘိန္းခင္းအားလုံးေတာ့ ၁၅ ဧက၊ ၁၀ ဧကေလာက္ေတာ့ ဖ်က္နိုင္တယ္။ တခ်ိဳ႕စခန္းေတြက က်ေနာ္တို႔က ၀င္ေရာက္ရွင္းလင္းတဲ့အခ်ိန္က်ေတာ့ မူးယစ္ေဆး၀ါးဘိန္းမဲေပါ့ေနာ္။ ဘိန္းမဲ ၂၁၆ ပိႆနဲ႔ ယာမစိတ္ၾကြေဆးျပား ၄၀,၀၀၀ ျပားရယ္၊ လက္နက္ငယ္မ်ိဳးစုံက၂၄လက္နဲ႔က်ည္မ်ိဳးစုံ စစ္ေရးဆိုင္ရာ ပစၥည္းေတြ သိမ္းဆည္းရမိတာရွိတယ္။ ျပည္သူ႔စစ္အဖြဲ႔၀င္ထဲ ၈ ဦး အရွင္ဖမ္းမိတယ္။ အေလာင္းတေလာင္းေတာ့ ေတြ႕ရတယ္။”

တိုက္ပြဲအတြင္း ျပည္သူ႔စစ္ဘက္က တပ္ဖြဲ႔ဝင္ တဦးက်ဆုံးခဲ့ၿပီး ၈ ဦးကို ဖမ္းဆီးရမိေၾကာင္း၊ TNLA ဘက္က ၃ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ TNLA ဘက္ သတင္းထုတ္ျပန္ထားပါတယ္။

မေန႔က TNLA တအာင္းပေလာင္တပ္ဖြဲ႔နဲ႔ ပန္းေဆးျပည္သူ႔စစ္အဖြဲ႔တို႔အၾကားျဖစ္တဲ့တိုက္ပြဲအတြင္း ျမန္မာစစ္တပ္ ဘက္က လက္နက္ႀကီးပစ္ကူေပးခဲ့တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေျပာပါတယ္။

“နမ့္ခမ္းျပည္သူ႔စစ္ေပါ့။ ပန္ေဆးျပည္သူ႔စစ္လို႔လည္း ေခၚလို႔ရတယ္။ သူကနမ့္ခမ္းေတာင္ဘက္၁၀မိုင္ေလာက္မွာ ရွိတယ္။ ပန္ေဆးေက်းရြာအနားေလးက ျပည္သူ႔စစ္စခန္း ၅ ေနရာကို TNLA က လာေရာက္ေႏွာက္ယွက္ ပစ္ခတ္တာ ရွိပါတယ္။ အဲဒီမွာေတာ့ ၅ နာရီခြဲကေန ၇နာရီခြဲအထိ က်ေနာ္တို႔ ထိေတြ႕မႈျဖစ္ပြားခဲ့တယ္။ ပန္ေဆးျပည္သူ႔စစ္ တခ်ိဳ႕လဲက်ေနာ္တို႔ က်ဆုံးထိခိုက္ ဒဏ္ရာရရွိမႈရွိပါတယ္။ တပ္မေတာ္အေနနဲ႔ကလည္း အေ၀းကေန ပစ္ကူေပးၿပီး တိုက္ခိုက္ခဲ့ရတယ္။ ပစ္ကူေပးတဲ့အတြက္ေၾကာင့္မို႕ ၇ နာရီခြဲေလာက္မွာ တိုက္ပြဲၿပီးဆုံးသြားပါတယ္။”

မေန႔ကပန္းေဆးေဒသကေန စတင္ျဖစ္ပြားလာတဲ့ TNLA နဲ႔ တပ္မေတာ္၊ ပန္းေဆးျပည္သူ႔စစ္ တို႔ၾကားက တိုက္ပြဲဟာ နမ့္ဖတ္ကာနဲ႔နမ့္ခမ္းၾကား လမ္းေပၚအထိ ျပင္းထန္ ျဖစ္ပြားခဲ့ပါတယ္။

ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔၀င္ျဖစ္တဲ့ တအာင္းပေလာင္တပ္ဖြဲ႔နဲ႔ ျမန္မာစစ္တပ္တို႔အၾကား မတ္လ ၁၀ ရက္ေန႔မွာ ရွမ္းျပည္နယ္ေျမာက္ပိုင္း မိုးမိတ္ၿမိဳ႕နယ္ ေ႐ႊေညာင္ပင္ေက်း႐ြာမွာ တိုက္ပြဲျဖစ္ပြားလို႔ ႐ြာသားႏွစ္ရာေက်ာ္ ေနရပ္ စြန႔္ခြာထြက္ေျပးေနရပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ တအာင္းပေလာင္တပ္ဖြဲ႔အေနနဲ႔ မူးယစ္ေဆး၀ါးႏွိမ္ႏွင္းေရးကိုလုပ္ေဆာင္ေနသလို၊ ဘိန္းစိုက္ေနတဲ့ ျပည္သူ႔စစ္အဖြဲ႔၀င္တခ်ိဳ႕နဲ႔အစဥ္လိုလို ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

ျမန္မာစစ္တပ္ဘက္ကလည္း ဒီေတာအတြင္း မူးယစ္ေဆး၀ါးဖမ္းဆီးမႈေတြ တိုးလု္ိ႕လုပ္ေဆာင္ေနတာေၾကာင့္ မူးယစ္ေဆး၀ါးဖမ္းဆီးရမႈေတြ အေတာ္မ်ားမ်ားရိွေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ျမန္မာစစ္တပ္ဘက္က မူးယစ္ေဆးေတြ ဆက္တိုက္ဖမ္းဆီးေနတဲ့ လုပ္ေဆာင္ခ်က္အေပၚ ရွမ္းျပည္မူူးယစ္ေဆး၀ါးေစာင့္ ၾကည့္ေရးအဖြဲ႔တာ၀န္ခံကိုစိုင္းမိန္းက အခုလိုေျပာပါတယ္။

“၂၀၂၀ထဲမွာေတာ့ ကူးေျပာင္းလာတဲ့ကာလထဲမွာေတာ့ တရုတ္နိုင္ငံေတြဖိအားေပးလာတယ္။ ဖိအားေပးလာတဲ့ အေပၚမွာ အဓိကကေတာ့မူဆယ္ၿမိဳ႕ေပၚမွာအေျခစိုက္ၿပီးေတာ့ စီးပြားေရးလုပ္ကိုင္ေနတဲ့ျပည္သူ႔စစ္ေတြကို တပ္မေတာ္ အေနနဲ႔ ေနရာေျပာင္းေရႊ႕ခိုင္းတာေတြရွိတယ္။ ဒီဟာရဲ႕ေနာက္ဆက္တြဲေပါ့ေနာ္ ဖမ္းဆီးမႈေတြ ဆက္တိုက္ျပဳလာတယ္။ မုူယစ္ေဆး၀ါး ထုတ္လုပ္တဲ့သူတိုင္းေတြက လက္နက္ကိုင္နဲ႔ ပတ္သက္တာေတြ ရွိတယ္။ တပ္မေတာ္ကေတာ့ ဖမ္းဆီးရမိတဲ့အခ်ိန္မွာ ပိုင္ရွင္မဲ့ဆိုၿပီး ေၾကညာတဲ့ဟာေတာ့ သူတို႔ဂုဏ္သိကၡာကိုထိပါးမွာကို သူတို႔စိုးရိမ္တယ္လို႔ျမင္မိတယ္။ ဘာျဖစ္လဲဆိုေတာ့ ျပည္သူ႔စစ္ဆိုတာကတပ္မေတာ္ရဲ႕လက္ေအာက္ခံ လက္နက္ကိုင္အုပ္စုေတြျဖစ္တယ္။”

တခ်ိဳ႕ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးေတြဟာ ေဒသခံျပည္သူ႔စစ္အဖြဲ႔၀င္တခ်ိဳ႕နဲ႔ ဆက္စပ္ေကာင္းဆက္စပ္မယ္လို႔ တပ္မေတာ္သတင္း မွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းက VOA ကို ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တပ်မတော်နဲ့ ပန်းဆေးပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့နဲ့ TNLA ကြား တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်းဆေးပြည်သူ့စစ်စခန်းတွေကို TNLA တအာင်းပလောင် တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တပ်မတော်ဘက်ကလည်း ပန်ဆေးပြည်သူ့စစ်ဘက်ကနေ စစ်ကူပေး ပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။ TNLA ဘက်ကတော့ ပန်းဆေးပြည်သူ့စစ်စခန်း ၅ ခုနဲ့ အနီးအနား ဘိန်းခင်းတွေကို မနေ့က ဝင်ရောက်တိုက်ခိုက် ဖျက်စီးခဲ့တာမှာ မူးယစ်ဆေးအပါအဝင် လက်နက်အများပြား သိမ်းဆည်းရရှိတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန္က သတင်းပေးပို့ထားပါတယ်။

မနေ့က နမ့်ခမ်းမြို့နယ်အတွင်း ပန်းဆေးပြည်သူ့စစ်တွေ အခြေပြုတဲ့ဒေသက ဘိန်းခြံတွေ ဖျက်စီးဖို့သွားတဲ့ TNLA တပ်ဖွဲ့နဲ့ ပန်းဆေး၊ တာကွန့်၊ ပါင်ဆိုင်း၊ မန်ပန်နဲ့ ဆာတိုင်ပြည်သူ့စစ်စခန်းက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ မြန်မာစစ်တပ် ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်တွေရဲ့မူးယစ်ဆေးနဲ့လက်နက်တွေကိုသိမ်းဆည်းရခဲ့တယ်လို့ TNLA ပြောခွင့်ရဗိုလ်မှူးတာ့အိုက်ကျော်ကပြောပါတယ်။

“မနေ့က ၅ နာရီခွဲအကျော် ၆ နာရီကြားပေါ့နော် အဲဒီကနေစပြီးမှ ညနေ ၇ နာရီခွဲအထိ ပန်းဆေးပြည်သူ့စစ်စခန်း ပန်းဆေးပြည်သူ့စစ်နယ်မြေပေါ့နော်။ အဲဒီမှာ ပန်းဆေးပြည်သူ့စစ်နဲ့ တပ်မတော်ဘက်က စကခ (၇) ခမရ (၁၀၂) နဲ့ တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်။ ဖြစ်တဲ့အကြောင်းရင်းကတော့ အဲဒီဘက်မှာ မုူးယစ်ဆေးဝါး ဘိန်းစိုက်ပျိုးရေးတွေ လုပ်တာ ရှိတယ်။ အဲဒီမှာကျနော်တို့တပ်ဖွဲ့က လှည့်ပြီးမှ ဖျက်တဲ့အချိန်ဆိုတော့ ပြည်သူ့စစ်နဲ့တပ်က စပြီးမှတိုက်ခိုက်ခဲ့တဲ့ အတွက် နှစ်ဘက် အပြန်အလှန်တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာပဲ ကျနော်တို့အဖွဲ့က တဘက်က ဘိန်းခင်းတွေကိုလိုက်ပြီး ဖျက်တယ်။ ဘိန်းခင်းအားလုံးတော့ ၁၅ ဧက၊ ၁၀ ဧကလောက်တော့ ဖျက်နိုင်တယ်။ တချို့စခန်းတွေက ကျနော်တို့က ဝင်ရောက်ရှင်းလင်းတဲ့အချိန်ကျတော့ မူးယစ်ဆေးဝါးဘိန်းမဲပေါ့နော်။ ဘိန်းမဲ ၂၁၆ ပိဿနဲ့ ယာမစိတ်ကြွဆေးပြား ၄၀,၀၀၀ ပြားရယ်၊ လက်နက်ငယ်မျိုးစုံက၂၄လက်နဲ့ကျည်မျိုးစုံ စစ်ရေးဆိုင်ရာ ပစ္စည်းတွေ သိမ်းဆည်းရမိတာရှိတယ်။ ပြည်သူ့စစ်အဖွဲ့ဝင်ထဲ ၈ ဦး အရှင်ဖမ်းမိတယ်။ အလောင်းတလောင်းတော့ တွေ့ရတယ်။”

တိုက်ပွဲအတွင်း ပြည်သူ့စစ်ဘက်က တပ်ဖွဲ့ဝင် တဦးကျဆုံးခဲ့ပြီး ၈ ဦးကို ဖမ်းဆီးရမိကြောင်း၊ TNLA ဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ဘက် သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က TNLA တအာင်းပလောင်တပ်ဖွဲ့နဲ့ ပန်းဆေးပြည်သူ့စစ်အဖွဲ့တို့အကြားဖြစ်တဲ့တိုက်ပွဲအတွင်း မြန်မာစစ်တပ် ဘက်က လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

“နမ့်ခမ်းပြည်သူ့စစ်ပေါ့။ ပန်ဆေးပြည်သူ့စစ်လို့လည်း ခေါ်လို့ရတယ်။ သူကနမ့်ခမ်းတောင်ဘက်၁၀မိုင်လောက်မှာ ရှိတယ်။ ပန်ဆေးကျေးရွာအနားလေးက ပြည်သူ့စစ်စခန်း ၅ နေရာကို TNLA က လာရောက်နှောက်ယှက် ပစ်ခတ်တာ ရှိပါတယ်။ အဲဒီမှာတော့ ၅ နာရီခွဲကနေ ၇နာရီခွဲအထိ ကျနော်တို့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်။ ပန်ဆေးပြည်သူ့စစ် တချို့လဲကျနော်တို့ ကျဆုံးထိခိုက် ဒဏ်ရာရရှိမှုရှိပါတယ်။ တပ်မတော်အနေနဲ့ကလည်း အဝေးကနေ ပစ်ကူပေးပြီး တိုက်ခိုက်ခဲ့ရတယ်။ ပစ်ကူပေးတဲ့အတွက်ကြောင့်မို့ ၇ နာရီခွဲလောက်မှာ တိုက်ပွဲပြီးဆုံးသွားပါတယ်။”

မနေ့ကပန်းဆေးဒေသကနေ စတင်ဖြစ်ပွားလာတဲ့ TNLA နဲ့ တပ်မတော်၊ ပန်းဆေးပြည်သူ့စစ် တို့ကြားက တိုက်ပွဲဟာ နမ့်ဖတ်ကာနဲ့နမ့်ခမ်းကြား လမ်းပေါ်အထိ ပြင်းထန် ဖြစ်ပွားခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းပလောင်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား မတ်လ ၁၀ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားလို့ ရွာသားနှစ်ရာကျော် နေရပ် စွန့်ခွာထွက်ပြေးနေရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တအာင်းပလောင်တပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းရေးကိုလုပ်ဆောင်နေသလို၊ ဘိန်းစိုက်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တချို့နဲ့အစဉ်လိုလို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဘက်ကလည်း ဒီတောအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေ တိုးလို့လုပ်ဆောင်နေတာကြောင့် မူးယစ်ဆေးဝါးဖမ်းဆီးရမှုတွေ အတော်များများရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်ဘက်က မူးယစ်ဆေးတွေ ဆက်တိုက်ဖမ်းဆီးနေတဲ့ လုပ်ဆောင်ချက်အပေါ် ရှမ်းပြည်မူူးယစ်ဆေးဝါးစောင့် ကြည့်ရေးအဖွဲ့တာဝန်ခံကိုစိုင်းမိန်းကအခုလိုပြောပါတယ်။

“၂၀၂၀ထဲမှာတော့ ကူးပြောင်းလာတဲ့ကာလထဲမှာတော့ တရုတ်နိုင်ငံတွေဖိအားပေးလာတယ်။ ဖိအားပေးလာတဲ့ အပေါ်မှာ အဓိကကတော့မူဆယ်မြို့ပေါ်မှာအခြေစိုက်ပြီးတော့ စီးပွားရေးလုပ်ကိုင်နေတဲ့ပြည်သူ့စစ်တွေကို တပ်မတော် အနေနဲ့ နေရာပြောင်းရွှေ့ခိုင်းတာတွေရှိတယ်။ ဒီဟာရဲ့နောက်ဆက်တွဲပေါ့နော် ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလာတယ်။ မုူယစ်ဆေးဝါး ထုတ်လုပ်တဲ့သူတိုင်းတွေက လက်နက်ကိုင်နဲ့ ပတ်သက်တာတွေ ရှိတယ်။ တပ်မတော်ကတော့ ဖမ်းဆီးရမိတဲ့အချိန်မှာ ပိုင်ရှင်မဲ့ဆိုပြီး ကြေညာတဲ့ဟာတော့ သူတို့ဂုဏ်သိက္ခာကိုထိပါးမှာကို သူတို့စိုးရိမ်တယ်လို့မြင်မိတယ်။ ဘာဖြစ်လဲဆိုတော့ ပြည်သူ့စစ်ဆိုတာကတပ်မတော်ရဲ့လက်အောက်ခံ လက်နက်ကိုင်အုပ်စုတွေဖြစ်တယ်။”

တချို့ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ ဒေသခံပြည်သူ့စစ်အဖွဲ့ဝင်တချို့နဲ့ ဆက်စပ်ကောင်းဆက်စပ်မယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက VOA ကို ပြောဆိုခဲ့ပါတယ်

XS
SM
MD
LG