သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုးကုတ္ၿမိဳ႕ လုပ္ငန္းရွင္တဦး TNLA ဖမ္းဆီးမႈ တလေက်ာ္ထိျပန္မလြတ္ေသး


TNLA တအန္း(ပေလာင္) အဖဲြ႔ဝင္တခ်ိဳ႕။ (ဇန္နဝါရီ ၁၂၊ ၂၀၁၄)

[Zawgyi/Unicode]

မႏၱေလးတိုင္း၊ မုိးကုတ္ၿမိဳ႕က လုပ္ငန္းရွင္တဦးကုိ TNLA တအန္း (ပေလာင္) အဖဲြ႔က ဖမ္းဆီးသြားတာ ၁ လေက်ာ္ၾကာတဲ့အထိ ျပန္လြတ္မလာေသးတဲ့အေၾကာင္း ေျပာျပပါမယ္။ က်ေနာ္မုိးေဇာ္ပါ။

ရန္ကုန္၊ မႏၱေလးနဲ႔ ေနျပည္ေတာ္ စတဲ့ၿမိဳ႕ၾကီးေတြမွာ ဆိုင္ခဲြေတြ ဖြင့္လွစ္ထားတဲ့ SP မုန္႔တုိက္ပိုင္ရွင္ ဦးေက်ာ္၀င္းကို TNLA တအန္း(ပေလာင္) လက္နက္ကိုင္အဖဲြ႔က ဒီဇင္ဘာလ ၄ ရက္ေန႔က ဖမ္းဆီးခဲ့ၿပီး အခုဆုိရင္ ထိန္းသိမ္းထားတာ ၁ လေက်ာ္ ရွိလာတာေၾကာင့္ မိသားစုက စုိးရိမ္ေနပါတယ္။

သူ႔ကုိ ဖမ္းဆီးထားတဲ့ TNLA အဖဲြ႔ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးတာ့အိုက္ေက်ာ္ကေတာ့ က်န္းမာေရး အေျခအေန ေကာင္းမြန္ေၾကာင္း ေျပာေပမဲ့ ဘယ္ေတာ့ ျပန္လႊတ္ေပးမလဲ ဆုိတာကုိေတာ့ မေျပာပါဘူး။

“သူ႔ရဲ့ က်န္းမာေရးအေျခအေနကေတာ့ ေကာင္းတယ္။ က်န္တဲ့အေသးစိတ္ကေတာ့ ေအာက္က သူတို႔က ဘာမွ ျပန္မတက္ေသးေတာ့ က်ေနာ္လည္း မသိရေသးဘူး။ ”

ဦးေက်ာ္၀င္းရဲ႕ က်န္းမာေရးအေျခအေနနဲ႔ ပတ္သက္လုိ႔ ေနာက္ဆံုးသိရတဲ့ အေျခအေန အေသးစိတ္ကုိ ေမးျမန္းရာမွာေတာ့ ဗုိလ္မွဴးတာ့အုိက္ေက်ာ္က အခုလုိ ေျပာပါတယ္။

“ပံုမွန္ကေတာ့ သိရတယ္။ တစ္ရက္၊ ႏွစ္ရက္။ တစ္ရက္၊ ႏွစ္ရက္ အဲဒီလုိမ်ိဳးေတာ့ သိတယ္။”

ဒီလ ၁၀ ရက္ေန႔က ဦးေက်ာ္၀င္း အျမန္ျပန္လႊတ္ေပးဖို႔နဲ႔ ေဒသခံေတြကို လက္နက္ကိုင္ေတြက ဖမ္းဆီးတာေတြကို တားဆီးဖုိ႔ အတြက္ သံဃာေတာ္ေတြအပါအ၀င္ ေဒသခံၿမိဳ႕မိ ၿမိဳ႕ဖေတြကလည္း မိုးကုတ္ၿမိဳ႕ မဟာမုနိဘုရားမွာ သတင္းစာရွင္းလင္း က်င္းပခဲ့ပါတယ္။

ဒီသတင္းစာရွင္းလင္းပဲြမွာေတာ့ အဓိက ေတာင္းဆိုခဲ့ၾကတာနဲ႔႔ ပတ္သက္ၿပီး မိုးကုတ္ၿမိဳ႔အေျခစိုက္ လူ႔အခြင့္အေရးနဲ႔ တရားမွ်တမႈစြမ္းေဆာင္သူမ်ားအဖဲြ႔ မႏၱေလးတုိင္းေဒသၾကီး တာ၀န္ခံ ဦးႏိုင္မိုးက အခုလို ေျပာပါတယ္။

“အဓိက အခ်က္က ေဒၚခင္ျမင့္ေဌး ဖမ္းၿပီးေတာ့ ညွဥ္းပန္းႏွိပ္စက္ၿပီးေတာ့ ပိုက္ဆံ သိန္း ၃၄၀ ေတာင္းလုိက္တဲ့အတြက္ကို အစိုးရကေရာ၊ သက္ဆုိင္တဲ့ TNLA ကေရာ အေရးယူေဆာင္ရြက္ေပးဖုိ႔ေပါ့... အဲဒါရယ္၊ အခုလက္ရိွ ဖမ္းဆီးထားတဲ့ ဦးေက်ာ္၀င္းကိုလည္း ျပန္ၿပီးေတာ့ လြတ္ေျမာက္ေပးဖုိ႔ရယ္၊ ေနာင္ကို ဒီလုိမ်ိဳး ဥပေဒေဘာင္ျပင္ကေနၿပီး ဒီလိုမလုပ္ဖို႔ အဲဒီရည္ရြယ္ခ်က္နဲ႔ လုပ္တာပါ။”

ေဒၚခင္ျမင့္ေဌးကုိေတာ့ ေအာက္တိုဘာလထဲမွာပဲ TNLA အဖဲြ႔က ၉ ရက္ၾကာ ဖမ္းဆီးထိန္းသိမ္းခဲ့တာ ျဖစ္ပါတယ္။ ဒီဇင္ဘာလ ၅ ရက္ေန႔ကလည္း မုိးကုတ္ၿမိဳ႕အနီး လယ္ၾကီးရြာက ေဒၚၾကည္သန္းကို ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA ေျမာက္ပိုင္းက ဖမ္းဆီးခဲ့ပါတယ္။

ဒီဖမ္းဆီးမႈေတြဟာ ခ်ဲထီေရာင္းတာ၊ မူးယစ္ေဆးေရာင္းတာနဲ႔ ပတ္သက္တာေၾကာင့္လ႔ိုလည္း လက္နက္ကိုင္အဖဲြ႔ေတြဘက္က ေျပာဆုိထားပါတယ္

လက္ရိွဖမ္းဆီးခံထားရတဲ့ SP မုန္႔တုိက္ပိုင္ရွင္ ဦးေက်ာ္၀င္းဟာ သတ္မွတ္အခြန္မေပးေဆာင္တာေၾကာင့္ ဖမ္းဆီးတာျဖစ္ေၾကာင္း TNLA တာ၀န္ရွိသူေတြက သတင္းမီဒီယာတခ်ဳိ႕ကုိ ေျပာဆုိထားပါတယ္။

ညီျဖစ္သူ ဦးေက်ာ္လင္းက ဒီလ ၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Rose Garden ဟိုတယ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာေတာ့ မိသားစု၀င္ေတြအေနနဲ႔ ဦးေက်ာ္၀င္းရဲ့ က်န္းမာေရးကို စိုးရိမ္ေၾကာင္းနဲ႔ အျမန္ျပန္လႊတ္ေပးေရးဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။

အကုိျဖစ္သူ လြတ္ေျမာက္ေရးအတြက္ UWSA ဝ တပ္ဖဲြ႔ ဦးေဆာင္ဖဲြ႔စည္းထားတဲ့ FPNCC ေခၚ ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြး ညိွႏိႈင္းေရးေကာ္မတီကို စာပို႔ေတာင္းဆိုထားေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

မိုးကုတ္ၿမိဳ႕ခံေတြကို လက္နက္ကိုင္အဖဲြ႔က ဖမ္းဆီးတာ၊ ေငြေၾကးေတာင္းခံတာနဲ႔ ပတ္သက္လုိ႔ မုိးကုတ္ၿမိဳ႕က လူမႈ အသင္းအဖဲြ႔ေတြအပါအ၀င္ လူ႔အခြင့္အေရးနဲ႔ တရားမွ်တမႈစြမ္းေဆာင္သူမ်ားအဖဲြ႔က ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ထံ စာေပးပို႔ထားသလို လံုၿခံဳေရး တုိးျမွင့္ခ်ထားတာေတြလည္း ရိွေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မိုးကုတ်မြို့ လုပ်ငန်းရှင်တဦး TNLA ဖမ်းဆီးမှု တလကျော်ထိပြန်မလွတ်သေး

မန္တလေးတိုင်း၊ မိုးကုတ်မြို့က လုပ်ငန်းရှင်တဦးကို TNLA တအန်း (ပလောင်) အဖွဲ့က ဖမ်းဆီးသွားတာ ၁ လကျော်ကြာတဲ့အထိ ပြန်လွတ်မလာသေးတဲ့အကြောင်း ပြောပြပါမယ်။ ကျနော်မိုးဇော်ပါ။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် စတဲ့မြို့ကြီးတွေမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတဲ့ SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို TNLA တအန်း(ပလောင်) လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အခုဆိုရင် ထိန်းသိမ်းထားတာ ၁ လကျော် ရှိလာတာကြောင့် မိသားစုက စိုးရိမ်နေပါတယ်။

သူ့ကို ဖမ်းဆီးထားတဲ့ TNLA အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာ့အိုက်ကျော်ကတော့ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း ပြောပေမဲ့ ဘယ်တော့ ပြန်လွှတ်ပေးမလဲ ဆိုတာကိုတော့ မပြောပါဘူး။

“သူ့ရဲ့ ကျန်းမာရေးအခြေအနေကတော့ ကောင်းတယ်။ ကျန်တဲ့အသေးစိတ်ကတော့ အောက်က သူတို့က ဘာမှ ပြန်မတက်သေးတော့ ကျနော်လည်း မသိရသေးဘူး။ ”

ဦးကျော်ဝင်းရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ နောက်ဆုံးသိရတဲ့ အခြေအနေ အသေးစိတ်ကို မေးမြန်းရာမှာတော့ ဗိုလ်မှူးတာ့အိုက်ကျော်က အခုလို ပြောပါတယ်။

“ပုံမှန်ကတော့ သိရတယ်။ တစ်ရက်၊ နှစ်ရက်။ တစ်ရက်၊ နှစ်ရက် အဲဒီလိုမျိုးတော့ သိတယ်။”

ဒီလ ၁၀ ရက်နေ့က ဦးကျော်ဝင်း အမြန်ပြန်လွှတ်ပေးဖို့နဲ့ ဒေသခံတွေကို လက်နက်ကိုင်တွေက ဖမ်းဆီးတာတွေကို တားဆီးဖို့ အတွက် သံဃာတော်တွေအပါအဝင် ဒေသခံမြို့မိ မြို့ဖတွေကလည်း မိုးကုတ်မြို့ မဟာမုနိဘုရားမှာ သတင်းစာရှင်းလင်း ကျင်းပခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာတော့ အဓိက တောင်းဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး မိုးကုတ်မြို့အခြေစိုက် လူ့အခွင့်အရေးနဲ့ တရားမျှတမှုစွမ်းဆောင်သူများအဖွဲ့ မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးနိုင်မိုးက အခုလို ပြောပါတယ်။

“အဓိက အချက်က ဒေါ်ခင်မြင့်ဌေး ဖမ်းပြီးတော့ ညှဉ်းပန်းနှိပ်စက်ပြီးတော့ ပိုက်ဆံ သိန်း ၃၄၀ တောင်းလိုက်တဲ့အတွက်ကို အစိုးရကရော၊ သက်ဆိုင်တဲ့ TNLA ကရော အရေးယူဆောင်ရွက်ပေးဖို့ပေါ့... အဲဒါရယ်၊ အခုလက်ရှိ ဖမ်းဆီးထားတဲ့ ဦးကျော်ဝင်းကိုလည်း ပြန်ပြီးတော့ လွတ်မြောက်ပေးဖို့ရယ်၊ နောင်ကို ဒီလိုမျိုး ဥပဒေဘောင်ပြင်ကနေပြီး ဒီလိုမလုပ်ဖို့ အဲဒီရည်ရွယ်ချက်နဲ့ လုပ်တာပါ။”

ဒေါ်ခင်မြင့်ဌေးကိုတော့ အောက်တိုဘာလထဲမှာပဲ TNLA အဖွဲ့က ၉ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း မိုးကုတ်မြို့အနီး လယ်ကြီးရွာက ဒေါ်ကြည်သန်းကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းက ဖမ်းဆီးခဲ့ပါတယ်။

ဒီဖမ်းဆီးမှုတွေဟာ ချဲထီရောင်းတာ၊ မူးယစ်ဆေးရောင်းတာနဲ့ ပတ်သက်တာကြောင့်လ့ိုလည်း လက်နက်ကိုင်အဖွဲ့တွေဘက်က ပြောဆိုထားပါတယ်

လက်ရှိဖမ်းဆီးခံထားရတဲ့ SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းဟာ သတ်မှတ်အခွန်မပေးဆောင်တာကြောင့် ဖမ်းဆီးတာဖြစ်ကြောင်း TNLA တာဝန်ရှိသူတွေက သတင်းမီဒီယာတချို့ကို ပြောဆိုထားပါတယ်။

ညီဖြစ်သူ ဦးကျော်လင်းက ဒီလ ၉ ရက်နေ့က ရန်ကုန်မြို့ Rose Garden ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မိသားစုဝင်တွေအနေနဲ့ ဦးကျော်ဝင်းရဲ့ ကျန်းမာရေးကို စိုးရိမ်ကြောင်းနဲ့ အမြန်ပြန်လွှတ်ပေးရေးဖို့ တောင်းဆိုခဲ့ပါတယ်။

အကိုဖြစ်သူ လွတ်မြောက်ရေးအတွက် UWSA ဝ တပ်ဖွဲ့ ဦးဆောင်ဖွဲ့စည်းထားတဲ့ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီကို စာပို့တောင်းဆိုထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မိုးကုတ်မြို့ခံတွေကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးတာ၊ ငွေကြေးတောင်းခံတာနဲ့ ပတ်သက်လို့ မိုးကုတ်မြို့က လူမှု အသင်းအဖွဲ့တွေအပါအဝင် လူ့အခွင့်အရေးနဲ့ တရားမျှတမှုစွမ်းဆောင်သူများအဖွဲ့က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ စာပေးပို့ထားသလို လုံခြုံရေး တိုးမြှင့်ချထားတာတွေလည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG