သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ထိုးေဆး Covishield ၁ သန္း ျမန္မာအပါအဝင္ ၃ ႏိုင္ငံကို အိႏၵိယတင္ပို႔မည္


Covishield ကာကြယ္ေဆး

[ Zawgyi ]

အိႏၵိယ ေဆးကုမၸဏီ Serum Institute(SII) က ျမန္မာ၊ နီေပါနဲ႔ ဘဂၤလာေဒ့ရွ္ ႏိုင္ငံေတြက ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါတိုက္ဖ်က္ေရးအတြက္ ကိုဗီရွီးလ္ Covishield ေဆးအလံုးေပါင္း ၁ သန္း တင္ပို႔ေပးဖို႔ရွိေၾကာင္း အိႏၵိယ သတင္းေတြမွာ ေဖၚျပထားပါတယ္။

AstraZeneca / Covishield ကိုဗစ္ ၁၉ ကာကြယ္ေဆး ထုတ္လုပ္တဲ့ ပူေနးအေျခစိုက္ Serum Institute အိႏၵိယေဆးကုမၸဏီက အခုလို ေဆးတင္ပို႔ေပးမယ္ဆိုရင္ ျမန္မာအပါအဝင္ ေဒသတြင္း ႏိုင္ငံေတြမွာ ကိုဗစ္ကာကြယ္ေဆးထိုးလုပ္ငန္း ပိုအားေကာင္းလာႏိုင္ပါတယ္။ လက္ရွိအခ်ိန္အထိဒီေဆးကုမၸဏီ SII ကေန တင္ပို႔ေပးေနတဲ့ ကိုဗီရွီးလ္ ကိုဗစ္ ၁၉ ကာကြယ္ေဆးက အလံုးေပါင္း သန္း ၇၈၀ ရွိေနၿပီျဖစ္ၿပီး ၊ ေအာက္တိုဘာလထဲမွာ ေဆးအလံုးေရ သန္းေပါင္း ၂၁၅ သန္းေလာက္ တင္ပို႔ေပးႏိုင္ဖို႔ လ်ာထားတာ ျဖစ္ေၾကာင္းလည္း အိႏၵိယ သတင္းမွာ ေဖၚျပထားပါတယ္။

ကိုဗီရွီးလ္ ကာကြယ္ေဆးထုတ္တဲ့ Serum Institute ေဆးကုမၸဏီနဲ႔ကိုဗက္စင္ Covaxin ကိုဗစ္ ၁၉ ကာကြယ္ေဆး ထုတ္တဲ့ Bharat Biotech ေဆးကုမၸဏီေတြက ကိုဗစ္ကာကြယ္ေဆး တတ္ႏိုင္သမွ် အမ်ားအျပား ထုတ္လုပ္ဖို႔ ရည္မွန္းထားၾကတာျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံဟာစက္တင္ဘာလထဲမွာပဲ ကိုဗစ္ကာကြယ္ေဆး အလံုးေပါင္း သန္း ၂၅၀ ေက်ာ္ ထုတ္လုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ကမာၻေပၚမွာ ကာကြယ္ေဆး အမ်ားဆံုးထုတ္လုပ္တဲ့ အိႏၵိယႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ေအာက္တိုဘာလထဲမွာ ပိုမို ထုတ္လုပ္တင္ပို႔ၿပီး လႈဒါန္းမွာျဖစ္ေၾကာင္း စက္တင္ဘာ လကုန္ပိုင္းမွာ အိႏၵိယက်န္းမာေရးဝန္ႀကီးMansukh Mandaviya က ေျပာၾကားခဲ့တာပါ။ အိႏၵိယဟာ ဧၿပီလတုန္းက ကိုဗစ္ကူးစက္မႈႏႈန္း တိုးျမင့္လာၿပီးတဲ့ေနာက္ ထုတ္လုပ္မႈေတြပါ ရပ္ဆိုင္းခဲ့ရတာျဖစ္ၿပီး မၾကာေသးခင္ကမွ ျပန္ၿပီး တိုးႁမွင့္ ထုတ္လုပ္လာတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

ကိုဗစ်ထိုးဆေး Covishield ၁ သန်း မြန်မာအပါအဝင် ၃ နိုင်ငံကို အိန္ဒိယတင်ပို့မည်

အိန္ဒိယ ဆေးကုမ္ပဏီ Serum Institute(SII) က မြန်မာ၊ နီပေါနဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံတွေက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကိုဗီရှီးလ် Covishield ဆေးအလုံးပေါင်း ၁ သန်း တင်ပို့ပေးဖို့ရှိကြောင်း အိန္ဒိယ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

AstraZeneca / Covishield ကိုဗစ် ၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ ပူနေးအခြေစိုက် Serum Institute အိန္ဒိယဆေးကုမ္ပဏီက အခုလို ဆေးတင်ပို့ပေးမယ်ဆိုရင် မြန်မာအပါအဝင် ဒေသတွင်း နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း ပိုအားကောင်းလာနိုင်ပါတယ်။ လက်ရှိအချိန်အထိဒီဆေးကုမ္ပဏီ SII ကနေ တင်ပို့ပေးနေတဲ့ ကိုဗီရှီးလ် ကိုဗစ် ၁၉ ကာကွယ်ဆေးက အလုံးပေါင်း သန်း ၇၈၀ ရှိနေပြီဖြစ်ပြီး ၊ အောက်တိုဘာလထဲမှာ ဆေးအလုံးရေ သန်းပေါင်း ၂၁၅ သန်းလောက် တင်ပို့ပေးနိုင်ဖို့ လျာထားတာ ဖြစ်ကြောင်းလည်း အိန္ဒိယ သတင်းမှာ ဖေါ်ပြထားပါတယ်။

ကိုဗီရှီးလ် ကာကွယ်ဆေးထုတ်တဲ့ Serum Institute ဆေးကုမ္ပဏီနဲ့ကိုဗက်စင် Covaxin ကိုဗစ် ၁၉ ကာကွယ်ဆေး ထုတ်တဲ့ Bharat Biotech ဆေးကုမ္ပဏီတွေက ကိုဗစ်ကာကွယ်ဆေး တတ်နိုင်သမျှ အများအပြား ထုတ်လုပ်ဖို့ ရည်မှန်းထားကြတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာစက်တင်ဘာလထဲမှာပဲ ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း သန်း ၂၅၀ ကျော် ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ကာကွယ်ဆေး အများဆုံးထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အောက်တိုဘာလထဲမှာ ပိုမို ထုတ်လုပ်တင်ပို့ပြီး လှုဒါန်းမှာဖြစ်ကြောင်း စက်တင်ဘာ လကုန်ပိုင်းမှာ အိန္ဒိယကျန်းမာရေးဝန်ကြီးMansukh Mandaviya က ပြောကြားခဲ့တာပါ။ အိန္ဒိယဟာ ဧပြီလတုန်းက ကိုဗစ်ကူးစက်မှုနှုန်း တိုးမြင့်လာပြီးတဲ့နောက် ထုတ်လုပ်မှုတွေပါ ရပ်ဆိုင်းခဲ့ရတာဖြစ်ပြီး မကြာသေးခင်ကမှ ပြန်ပြီး တိုးမြှင့် ထုတ်လုပ်လာတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG