သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covishield တႀကိမ္ထိုးထားၿပီးသူေတြ Sinopharm ကာကြယ္ေဆးအျပည့္ထိုးဖို႔ တိုက္တြန္းေန


အႏၵိယမွ ကိုဗစ္ကာကြယ္ေဆး Covidshield ျမန္မာႏိုင္ငံသို႔ ေရာက္ရွိခဲ့စဥ္။ (ဇန္နဝါရီ ၂၂၊ ၂၀၂၁)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အိႏၵိယႏိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆး Covishield တႀကိမ္ထိုးထားၿပီးသူေတြအေနနဲ႔ တ႐ုတ္ႏိုင္ငံထုတ္ Sinopharm ကာကြယ္ေဆးကို အစကေန ျပန္ထိုးဖို႔ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြ တိုက္တြန္းေနပါတယ္။ အိႏၵိယႏိုင္ငံက မွာယူထားတဲ့ေဆးေတြ ထပ္ေရာက္လာဖုိ႔ အေျခအေန မ႐ွိေသးတာေၾကာင့္ ခုလို တိုက္တြန္းေနတာပါ။ Covishield ထိုးထားၿပီးသူေတြ Sinopharm ကာကြယ္ေဆးထိုးရင္ ဘယ္လိုေဆးအာနိသင္ သက္ေရာက္မႈ႐ွိႏိုင္ပါသလဲ၊ ရန္ကုန္ကလာတဲ့ သတင္းကို မခင္ျဖဴေထြးက ေျပာျပပါမယ္။

အိႏၵိယႏိုင္ငံထုတ္ Covishield ကိုဗစ္ေရာဂါကာကြယ္ေဆးေတြကို ဇြန္လအေစာပိုင္းတုန္းက ပထမ တလံုးထိုးထားၿပီးသူေတြအေနနဲ႔ ေနာက္ထပ္ေဆးထိုးရမယ့္ အလွည့္ေရာက္လာရင္ တ႐ုတ္ႏိုင္ငံထုတ္ Sinopharm ကာကြယ္ေဆးကို အျပည့္အဝျပန္ထိုးဖို႔ က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာကေနတဆင့္ အသိေပးထားပါတယ္။

စစ္အာဏာမသိမ္းခင္ အရင္ NLD အစိုးရလက္ထက္တုန္းက မွာယူခဲ့တဲ့ အိႏၵိယႏိုင္ငံထုတ္ Covishield ကိုဗစ္ကာကြယ္ေဆး သန္း ၃၀ ထဲက ေရာက္ရွိထားၿပီးျဖစ္တဲ့ ၃.၅ သန္းကို အားလံုး ထိုးႏွံေပးခဲ့ၿပီးၿပီလို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာထားပါတယ္။ အိႏၵိယႏိုင္ငံဘက္က ေဆးေတြ ထပ္ပို႔ႏိုင္ဖုိ႔ ေလာေလာဆယ္ အေျခအေန မ႐ွိေသးဘူးလို႔လည္း ေနာက္ဆံုးလုပ္ခဲ့တဲ့ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ လက္႐ွိ စစ္ေကာင္စီလက္ထက္မွာ တ႐ုတ္ႏိုင္ငံထုတ္ Sinopharm ကိုဗစ္ကာကြယ္ေဆးေတြကို တိုင္းေဒသအလိုက္ ဦးစားေပးအုပ္စုခြဲၿပီး ထိုးႏွံေပးေနတာပါ။ ထုတ္လုပ္တဲ့ကုမၸဏီခ်င္းမတူတဲ့ ကိုဗစ္ကာကြယ္ေဆးကို ေျပာင္းထိုးတဲ့အခါ ဘယ္လို အာနိသင္သက္ေရာက္မႈ ႐ွိႏိုင္မလဲဆုိတာကို ကမာၻ႔က်န္းမာေရးအဖြဲ႕၊ အေရွ႕ေတာင္အာရွေဒသ၊ ကာကြယ္ေဆးဆိုင္ရာ နည္းပညာအႀကံေပးအဖြဲ႕ဝင္ ပါေမာကၡ ေဒါက္တာေစာဝင္းက ခုလို႐ွင္းျပပါတယ္။

"တမ်ိဳးနဲ႔တမ်ိဳးေျပာင္းထိုးဖို႔ ေလာေလာဆယ္ေတာ့ ကမာၻမွာ recommendation ေတာ့ မရွိေသးဘူး။ ဒါေပမယ့္လည္း ေနာက္ပိုင္းေတာ့ ရွိလာႏိုင္တာေပါ့ေနာ္။ ဥပမာ Covishield နဲ႔ Sputnik နဲ႔ တြဲၿပီးေတာ့ထိုးတာကို သုေတသနလုပ္ေနတာရွိတယ္။ က်ေနာ့္အျမင္ကေတာ့ ဒီကာကြယ္ေဆးေတြက Covishield ဒုတိယအႀကိမ္မထိုးျဖစ္လည္း Sinopharm ကို ၁ ကေနျပန္စထိုးဖို႔ ဘာမွအႏၲရာယ္မရွိပါဘူး။ အျပစ္ရွိစရာ မရွိပါဘူး။ အက်ိဳးသာရွိဖို႔ ရွိပါတယ္။ က်ေနာ္ကေတာ့ အဲလိုထိုးတာ အားေပးပါတယ္။ တကယ္လို႔ Covishield ႏွစ္ႀကိမ္မရရင္လည္း Sinopharm ႏွစ္ႀကိမ္ထိုးလို႔ကေတာ့ ရပါတယ္။"

စစ္ေကာင္စီကေတာ့ ဝယ္ယူထားတဲ့ Sinopharm ကာကြယ္ေဆးေတြ ျမန္မာႏိုင္ငံကို သန္းနဲ႔ခ်ီ ေရာက္လာေနတာနဲ႔အတူ တ႐ုတ္ထုတ္ ကိုဗစ္ကာကြယ္ေဆး ထိုးေပးမယ့္အစီအစဥ္ကို တိုးျမွင့္လုပ္ေဆာင္ေနပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ထိန္းခ်ဳပ္ေရးအတြက္ ကာကြယ္ေဆးရ႐ွိေရး အထူးအေလးထားလုပ္ေဆာင္ခဲ့ၿပီး နည္းလမ္းမ်ဳိးစုံနဲ႔ ႀကိဳးပမ္းဝယ္ယူထားတဲ့ ျပည္ပႏိုင္ငံေတြက ကိုဗစ္ကာကြယ္ေဆးေတြ ဆက္တုိက္ ေရာက္လာေနတဲ့အတြက္ အခုႏွစ္မကုန္ခင္ လူဦးေရ ၅၀% ကို ေဆးထိုးၿပီးျဖစ္ေအာင္ ေမ ွ်ာ္မွန္းေဆာင္႐ြက္ေနတယ္လို႔ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ေျပာတာကို ဒီေန႔ထုတ္ သတင္းစာေတြထဲမွာ ေဖာ္ျပထားပါတယ္။ တ႐ုတ္ႏိုင္ငံက ကိုဗစ္ကာကြယ္ေဆးေတြကိုလည္း စစ္ေကာင္စီက က်ယ္က်ယ္ျပန္႔ျပန္႔ ထိုးေပးေနတဲ့ သတင္းေတြ ပံုမွန္ထုတ္ျပန္ေနပါတယ္။

ရန္ကုန္တိုင္းထဲမွာေတာ့ တရက္ကို လူဦးေရ ၄၀,၀၀၀ ကာကြယ္ေဆးထိုးႏွံေပးဖို႔ကို ေဆာင္႐ြက္ခဲ့ေပမယ့္ လက္ေတြ႔မွာ ေဆးထိုးခံတဲ့သူ နည္းပါးတာကိုေတြ႕ရတယ္လို႔ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ၫြန႔္ဝင္းေဆြက ကိုဗစ္ေရာဂါလုပ္ငန္းစဥ္ အစည္းအေဝးမွာ ေျပာၾကားထားပါတယ္။

ရပ္ကြက္ေဒသအလိုက္ အခမဲ့ထိုးႏွံေပးေနၿပီး စက္မႈဇုံက စက္႐ုံလုပ္သားေတြကိုလည္း ကာကြယ္ေဆးထိုးေပးဖို႔ ေဆာင္႐ြက္ေပးေနေပမယ့္ လႈိင္သာယာစက္မႈဇုံက စက္႐ုံတခုမွာေတာ့ ေဆးထိုးဖို႔ နာမည္စာရင္းေပးသူ ေတာ္ေတာ္နည္းတယ္လို႔ စက္႐ုံလုပ္သားတဦးက ေျပာပါတယ္။
"အခုမွ စထိုးမွာ။ မနက္ျဖန္ အေယာက္ ၂၀ စထိုးမွာ။ ဒါေပမယ့္ မထိုးတဲ့လူေတြက ေတာ္ေတာ္မ်ားတယ္။ ေဆးထိုးဖို႔ကေတာ့ နာမည္စာရင္းကေတာ့ လိုက္ေကာက္တယ္။ ဒီကာကြယ္ေဆး ထိုးေပးတယ္လို႔ပဲ တေခါက္ထိုးရင္ အေယာက္ ၂၀ ထိုးေပးမယ္လို႔ပဲ ေျပာတယ္။"

လက္ရွိအခ်ိန္မွာေတာ့ ႏိုင္ငံတြင္း ကိုဗစ္ေရာဂါ ကာကြယ္ေဆးေတြကို က်န္းမာေရးဝန္ႀကီးဌာနက သက္ဆိုင္ရာစုရပ္အလိုက္ အခမဲ့ထိုးႏွံေပးေနသလို ျပင္ပမွာေတာ့ ဂရန္းဟံသာေဆး႐ုံ၊ ပန္းလႈိင္ေဆး႐ုံနဲ႔ ျမန္မာႏိုင္ငံ တ႐ုတ္ကုန္သည္မ်ား အသင္းခ်ဳပ္ကေနၿပီးေတာ့ အခေၾကးေငြယူၿပီး ထိုးႏွံေပးေနတာလည္း ရွိပါတယ္။ ကိုဗစ္ေရာဂါကာကြယ္ေဆးကို ပုဂၢလိက ေဆး႐ုံတခ်ိဳ႕မွာလည္း အစုအဖြဲ႕အလိုက္ ထိုးႏွံေပးတဲ့ အစီအစဥ္ေတြ ရွိေနပါတယ္။ ကုမၸဏီေတြက သူတို႔ရဲ႕ဝန္ထမ္းေတြအတြက္ ေရာဂါကာကြယ္ေဆးကို ျမန္ျမန္ဆန္ဆန္ ထိုးႏွံေပးႏိုင္ဖို႔ကိုလည္း အခေၾကးေငြေပးၿပီး စီစဥ္လာၾကပါတယ္။

ဒီႏွစ္ထဲမွာ ကိုဗစ္ကာကြယ္ေဆး ၂၄ သန္း ေနာက္ထပ္ေရာက္လာဖို႔ ႐ွိတယ္လို႔ က်န္းမာေရးဌာနေျပာခြင့္ရ ေဒါက္တာခင္ခင္ႀကီးက ဗီအိုေအကို ခုလိုေျပာထားပါတယ္။

"လက္ရွိမွာဆိုရင္ ကာကြယ္ေဆးက ဒီလထဲမွာ ၁၀ သန္း ရမယ္။ ေအာက္တိုဘာမွာ ၁၀ သန္း ရမယ္။ ႏိုဝင္ဘာမွာ ၄ သန္းရမယ္လို႔ ရည္မွန္းထားပါတယ္။ ၂၄ သန္းျဖစ္တဲ့ အတြက္ေၾကာင့္မို႔ ေနာက္ထပ္ ၆သန္းကလည္း ထပ္မွာထားတာ ျဖစ္တဲ့အတြက္ေၾကာင့္ ရရွိဖို႔အတြက္ ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ အရင္တုန္းကေတာ့ ကာကြယ္ေဆးထိုးလုပ္ငန္းေတြကို ၂၄ သန္း ထိုးႏွံႏိုင္ဖို႔ကို ဇန္နဝါရီလမွာ အၿပီးဆိုၿပီးေတာ့ ရည္မွန္းထားေပမယ့္လည္း အခုေနာက္ပိုင္းမွာေတာ့ ဒီဇင္ဘာမွာ အၿပီးထိုးႏွံႏိုင္ဖို႔အတြက္ target ထားၿပီး ရည္မွန္းေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။"

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆး ထိုးၿပီးသူ စက္တင္ဘာလ ၁၄ ရက္ေန႔အထိ စုစုေပါင္း ၄၉ သိန္းေက်ာ္ ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ အဲဒီထဲမွာ အျပည့္အဝ ေဆးထိုးၿပီးသူက ၃၃ သိန္းေက်ာ္ ရွိၿပီး ကာကြယ္ေဆး တႀကိမ္ထိုးထားၿပီးသူက ၁၆ သိန္းေက်ာ္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ကိုဗစ္ကပ္ေရာဂါ ကူးစက္ေသဆံုးမႈကေတာ့ အဆိုးဆံုးျဖစ္ခဲ့တဲ့ ဇြန္၊ ဇူလိုင္လေတြကထက္ သိသိသာသာ က်ဆင္းသြားၿပီျဖစ္ပါတယ္။

....................................................................................

တိုက္႐ိုက္ လင့္ခ္


Covishield တကြိမ်ထိုးထားပြီးသူတွေ Sinopharm ကာကွယ်ဆေးအပြည့်ထိုးဖို့ တိုက်တွန်းနေ

(Unicode)

မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Covishield တကြိမ်ထိုးထားပြီးသူတွေအနေနဲ့ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးကို အစကနေ ပြန်ထိုးဖို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တိုက်တွန်းနေပါတယ်။ အိန္ဒိယနိုင်ငံက မှာယူထားတဲ့ဆေးတွေ ထပ်ရောက်လာဖို့ အခြေအနေ မရှိသေးတာကြောင့် ခုလို တိုက်တွန်းနေတာပါ။ Covishield ထိုးထားပြီးသူတွေ Sinopharm ကာကွယ်ဆေးထိုးရင် ဘယ်လိုဆေးအာနိသင် သက်ရောက်မှုရှိနိုင်ပါသလဲ၊ ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

အိန္ဒိယနိုင်ငံထုတ် Covishield ကိုဗစ်ရောဂါကာကွယ်ဆေးတွေကို ဇွန်လအစောပိုင်းတုန်းက ပထမ တလုံးထိုးထားပြီးသူတွေအနေနဲ့ နောက်ထပ်ဆေးထိုးရမယ့် အလှည့်ရောက်လာရင် တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးကို အပြည့်အဝပြန်ထိုးဖို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတဆင့် အသိပေးထားပါတယ်။

စစ်အာဏာမသိမ်းခင် အရင် NLD အစိုးရလက်ထက်တုန်းက မှာယူခဲ့တဲ့ အိန္ဒိယနိုင်ငံထုတ် Covishield ကိုဗစ်ကာကွယ်ဆေး သန်း ၃၀ ထဲက ရောက်ရှိထားပြီးဖြစ်တဲ့ ၃.၅ သန်းကို အားလုံး ထိုးနှံပေးခဲ့ပြီးပြီလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ အိန္ဒိယနိုင်ငံဘက်က ဆေးတွေ ထပ်ပို့နိုင်ဖို့ လောလောဆယ် အခြေအနေ မရှိသေးဘူးလို့လည်း နောက်ဆုံးလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ လက်ရှိ စစ်ကောင်စီလက်ထက်မှာ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးတွေကို တိုင်းဒေသအလိုက် ဦးစားပေးအုပ်စုခွဲပြီး ထိုးနှံပေးနေတာပါ။ ထုတ်လုပ်တဲ့ကုမ္ပဏီချင်းမတူတဲ့ ကိုဗစ်ကာကွယ်ဆေးကို ပြောင်းထိုးတဲ့အခါ ဘယ်လို အာနိသင်သက်ရောက်မှု ရှိနိုင်မလဲဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသ၊ ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ဝင် ပါမောက္ခ ဒေါက်တာစောဝင်းက ခုလိုရှင်းပြပါတယ်။

"တမျိုးနဲ့တမျိုးပြောင်းထိုးဖို့ လောလောဆယ်တော့ ကမ္ဘာမှာ recommendation တော့ မရှိသေးဘူး။ ဒါပေမယ့်လည်း နောက်ပိုင်းတော့ ရှိလာနိုင်တာပေါ့နော်။ ဥပမာ Covishield နဲ့ Sputnik နဲ့ တွဲပြီးတော့ထိုးတာကို သုတေသနလုပ်နေတာရှိတယ်။ ကျနော့်အမြင်ကတော့ ဒီကာကွယ်ဆေးတွေက Covishield ဒုတိယအကြိမ်မထိုးဖြစ်လည်း Sinopharm ကို ၁ ကနေပြန်စထိုးဖို့ ဘာမှအန္တရာယ်မရှိပါဘူး။ အပြစ်ရှိစရာ မရှိပါဘူး။ အကျိုးသာရှိဖို့ ရှိပါတယ်။ ကျနော်ကတော့ အဲလိုထိုးတာ အားပေးပါတယ်။ တကယ်လို့ Covishield နှစ်ကြိမ်မရရင်လည်း Sinopharm နှစ်ကြိမ်ထိုးလို့ကတော့ ရပါတယ်။"

စစ်ကောင်စီကတော့ ဝယ်ယူထားတဲ့ Sinopharm ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို သန်းနဲ့ချီ ရောက်လာနေတာနဲ့အတူ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ့်အစီအစဉ်ကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးရရှိရေး အထူးအလေးထားလုပ်ဆောင်ခဲ့ပြီး နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဝယ်ယူထားတဲ့ ပြည်ပနိုင်ငံတွေက ကိုဗစ်ကာကွယ်ဆေးတွေ ဆက်တိုက် ရောက်လာနေတဲ့အတွက် အခုနှစ်မကုန်ခင် လူဦးရေ ၅၀% ကို ဆေးထိုးပြီးဖြစ်အောင် မေ ျှာ်မှန်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောတာကို ဒီနေ့ထုတ် သတင်းစာတွေထဲမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေးတွေကိုလည်း စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးနေတဲ့ သတင်းတွေ ပုံမှန်ထုတ်ပြန်နေပါတယ်။

ရန်ကုန်တိုင်းထဲမှာတော့ တရက်ကို လူဦးရေ ၄၀,၀၀၀ ကာကွယ်ဆေးထိုးနှံပေးဖို့ကို ဆောင်ရွက်ခဲ့ပေမယ့် လက်တွေ့မှာ ဆေးထိုးခံတဲ့သူ နည်းပါးတာကိုတွေ့ရတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေက ကိုဗစ်ရောဂါလုပ်ငန်းစဉ် အစည်းအဝေးမှာ ပြောကြားထားပါတယ်။

ရပ်ကွက်ဒေသအလိုက် အခမဲ့ထိုးနှံပေးနေပြီး စက်မှုဇုံက စက်ရုံလုပ်သားတွေကိုလည်း ကာကွယ်ဆေးထိုးပေးဖို့ ဆောင်ရွက်ပေးနေပေမယ့် လှိုင်သာယာစက်မှုဇုံက စက်ရုံတခုမှာတော့ ဆေးထိုးဖို့ နာမည်စာရင်းပေးသူ တော်တော်နည်းတယ်လို့ စက်ရုံလုပ်သားတဦးက ပြောပါတယ်။
"အခုမှ စထိုးမှာ။ မနက်ဖြန် အယောက် ၂၀ စထိုးမှာ။ ဒါပေမယ့် မထိုးတဲ့လူတွေက တော်တော်များတယ်။ ဆေးထိုးဖို့ကတော့ နာမည်စာရင်းကတော့ လိုက်ကောက်တယ်။ ဒီကာကွယ်ဆေး ထိုးပေးတယ်လို့ပဲ တခေါက်ထိုးရင် အယောက် ၂၀ ထိုးပေးမယ်လို့ပဲ ပြောတယ်။"

လက်ရှိအချိန်မှာတော့ နိုင်ငံတွင်း ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက သက်ဆိုင်ရာစုရပ်အလိုက် အခမဲ့ထိုးနှံပေးနေသလို ပြင်ပမှာတော့ ဂရန်းဟံသာဆေးရုံ၊ ပန်းလှိုင်ဆေးရုံနဲ့ မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်ကနေပြီးတော့ အခကြေးငွေယူပြီး ထိုးနှံပေးနေတာလည်း ရှိပါတယ်။ ကိုဗစ်ရောဂါကာကွယ်ဆေးကို ပုဂ္ဂလိက ဆေးရုံတချို့မှာလည်း အစုအဖွဲ့အလိုက် ထိုးနှံပေးတဲ့ အစီအစဉ်တွေ ရှိနေပါတယ်။ ကုမ္ပဏီတွေက သူတို့ရဲ့ဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ဆေးကို မြန်မြန်ဆန်ဆန် ထိုးနှံပေးနိုင်ဖို့ကိုလည်း အခကြေးငွေပေးပြီး စီစဉ်လာကြပါတယ်။

ဒီနှစ်ထဲမှာ ကိုဗစ်ကာကွယ်ဆေး ၂၄ သန်း နောက်ထပ်ရောက်လာဖို့ ရှိတယ်လို့ ကျန်းမာရေးဌာနပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက ဗီအိုအေကို ခုလိုပြောထားပါတယ်။

"လက်ရှိမှာဆိုရင် ကာကွယ်ဆေးက ဒီလထဲမှာ ၁၀ သန်း ရမယ်။ အောက်တိုဘာမှာ ၁၀ သန်း ရမယ်။ နိုဝင်ဘာမှာ ၄ သန်းရမယ်လို့ ရည်မှန်းထားပါတယ်။ ၂၄ သန်းဖြစ်တဲ့ အတွက်ကြောင့်မို့ နောက်ထပ် ၆သန်းကလည်း ထပ်မှာထားတာ ဖြစ်တဲ့အတွက်ကြောင့် ရရှိဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အရင်တုန်းကတော့ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ၂၄ သန်း ထိုးနှံနိုင်ဖို့ကို ဇန်နဝါရီလမှာ အပြီးဆိုပြီးတော့ ရည်မှန်းထားပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ ဒီဇင်ဘာမှာ အပြီးထိုးနှံနိုင်ဖို့အတွက် target ထားပြီး ရည်မှန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ထိုးပြီးသူ စက်တင်ဘာလ ၁၄ ရက်နေ့အထိ စုစုပေါင်း ၄၉ သိန်းကျော် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ အပြည့်အဝ ဆေးထိုးပြီးသူက ၃၃ သိန်းကျော် ရှိပြီး ကာကွယ်ဆေး တကြိမ်ထိုးထားပြီးသူက ၁၆ သိန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်သေဆုံးမှုကတော့ အဆိုးဆုံးဖြစ်ခဲ့တဲ့ ဇွန်၊ ဇူလိုင်လတွေကထက် သိသိသာသာ ကျဆင်းသွားပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG