သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မွာ ဗီဇေျပာင္း Delta မ်ိဳးကဲြ စတင္ကူးစက္ေနၿပီလား


(Zawgyi / Unicode)

ကူးစက္ျမန္ မ်ဳိးဗီဇေျပာင္း ကိုဗစ္ကပ္ေရာဂါပိုးမ်ဳိးကြဲ Delta ကူးစက္သူ ေတြ႔႐ွိထားတဲ့ ရခိုင္ျပည္နယ္မွာ လူတိုင္းကိုေတာ့ ဘယ္္မ်ဳိးကြဲကူးေနသလဲဆိုတာ စစ္ေပးႏိုင္ဖို႔ ခက္ခဲတယ္လို႔ ျပည္နယ္က်န္းမာေရးဦးစီးဌာနေျပာခြင့္ရက ဗီြအိုေအကို ေျပာပါတယ္။

ဒါေပမဲ့ ရခိုင္ျပည္နယ္ထဲမွာ ကူးစက္သူအမ်ားစုက Delta မ်ဳိးကြဲေတြျဖစ္ႏိုင္တယ္လို႔ ေဒါက္တာစုိးဝင္းပုိင္ကေျပာပါတယ္။ ရခိုင္ျပည္နယ္ထဲက တခ်ဳိ႕ၿမိဳ႕ေတြမွာ ကိုဗစ္ကူးစက္သူ သိသိသာသာ နည္းသြားေပမဲ့ တခ်ဳိ႕ၿမိဳ႕ေတြမွာေတာ့ မ်ားေနဆဲအေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေဇာ္မိုးေက်ာ္ ကတင္ျပပါမယ္။

ရခိုင္ျပည္နယ္တခုလံုး အတုိင္းအတာနဲ႔ ကိုဗစ္အတည္ျပဳလူနာ အရင္ထက္ နည္းသြားၿပီး ဆိုေပမဲ့ တခ်ဳိ႕ၿမိဳ႕ေတြမွာေတာ့ အတည္ျပဳလူနာေတြ မ်ားေနဆဲျဖစ္ပါတယ္။ ဒါတင္မက က်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ရခိုင္ျပည္နယ္ထဲမွာ ကူးစက္ျမန္ မ်ဳိးဗီဇကြဲ ကိုဗစ္ပိုးကူးစက္သူ တေယာက္ ေတ႔ြ႐ွိထားပါတယ္။

သံသယလူနာေတြမွာ ဘယ္လို ကိုဗစ္မ်ဳိးကြဲမ်ဳိးကူးေနသလဲဆိုတာကို ရခိုင္ျပည္နယ္ထဲမွာ စစ္ေဆးမေပးႏိုင္တဲ့အတြက္ ဓါတ္ခဲြနမူနာေတြထဲက အလ်ဥ္းသင့္သလို ေ႐ြးၿပီး ရန္ကုန္ကိုပို႔ စစ္ေဆးရတာျဖစ္တယ္လို႔ ရခိုင္ျပည္ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ေျပာခြင့္ရ ေဒါက္တာ စုိးဝင္းပိုင္ကေျပာပါတယ္။

" ကိုဗစ္ပိုးကိုဒီမွာ စစ္လို႔ရတယ္။ ကိုဗစ္ပိုးထဲမွာ မွ မ်ိဳးရိုးဗီဇေျပာင္းေတြရွိတယ္။ အဲလိုမ်ိဳးကြဲေတြ စစ္ဖို႔ အတြက္က်ေတာ့ ျမန္မာႏိုင္ငံမွာ ရန္ကုန္မွာေတာင္မွမရဘူး။ က်ေနာ္တို႔ ယိုးဒယားႏိုင္ငံနဲ႔ အႏိၵယႏိုင္ငံတို႔ကို ေပးစစ္ရတယ္။ အခုက က်ေနာ္တို႔ ေနျပည္ေတာ္မွာ တပ္က စစ္ေဆးတဲ့ ေနရာမွာ သူတို႔ စစ္ေဆးတာေပါ့ေနာ္။ "

ဓါတ္ခဲြစစ္ေဆးသူ ၁ ေယာက္မွာ တစ္ေယာက္မွာ ကူးစက္ျမန္ Dalta မ်ဳိးကြဲကူးစက္ခံထားရတာေၾကာင့္ ရခိုင္ျပည္နယ္ထဲက ကိုဗစ္ကူးစက္သူ အမ်ားစုမွာလည္း ဒီမ်ဳိးကြဲပိုး ကူးစက္သူေတြျဖစ္ႏုိင္တယ္လို႔ ေဒါက္တာ စိုးဝင္းပိုင္ကဆက္ေျပာပါတယ္။

“ က်ေနာ္တို႔က ဒီဖက္မွာ ဘာမ်ုိးကြဲေတြ လည္ပတ္ေနလဲ ဆိုတာ သိခ်င္တယ္ဆိုရင္ က်ေနာ္ တို႔ က်ပန္းသေဘာမ်ိုးနဲ႔လည္း ယူလို႔ရပါတယ္။ က်ေနာ္တို႔ ေနာက္ျပည္သူထဲမွာ အခ်ိန္ ကာလ ကိုက္ညီတဲ့ လူေပါ့ က်ပန္းသေဘာမ်ိုးယူၿပီး က်ေနာ္တို႔ စစ္ေဆးဖို႔ အခ်ိန္နဲ႔ တိုက္ဆိုင္တယ္- ပို႔ဖို႔အဆင္ေျပတယ္- ဒီလိုအခ်ိန္မ်ိဳးမွာ က်ေနာ္တို႔ ပို႔ၿပီး စစ္ေဆးလိုက္တယ္။ စစ္ေဆးလိုက္လို႔ အခုရခိုင္ျပည္နယ္ထဲမွာ လည္ပတ္ေနတာ Daltaမ်ိဳးစိတ္ ဆိုတာ က်ေနာ္တို႔ သိရတာေပါ့ေနာ္။

က်ေနာ္တို႔က ငါးေယာက္ ပိုးစစ္လိုက္တာ။ တစ္ေယာက္ကို က်ပန္း သူတို႔ စစ္ေဆးလိုက္တာ အဲဒီတစ္ေယာက္မွာပိုးေတြ႔တာေပါ့ေနာ္။ ဒီေလာက္ပဲ ရွိပါေသးတယ္။ က်ေနာ္တို႔က ဒါမ်ားေသာအားျဖင့္ ေျပာလို႔ရပါၿပီ ရခိုင္ျပည္နယ္ထဲမွာ တတိယလွိုင္း ၅လပိုင္း ၂၇ရက္ေန႔က စခဲ့တာေပါ့ေနာ္။ အဲဒီထဲမွာ အမ်ားဆံုးက အသြင္ေျပာင္းလာတဲ့ ဘဂၤလာေဒရွ္႕ကို Dalta ေရာက္ေနတာ ၾကာလွၿပီ။ အဲေတာ့ ဒီမွာလည္း Dalta မ်ိဳးစိတ္ျဖစ္ဖို႔လို႔ က်ေနာ္တုိ႔ ေျပာလို႔ရပါတယ္။”

က်န္မာေရးဌာန ထုတ္ျပန္တဲ့ စာရင္းအရ ရခုိင္ျပည္နယ္ထဲမွာ ေန႔စဥ္ ကိုဗစ္အတည္ျပဳလူနာ ၃၀ ဝန္းက်င္ေလာက္သာ ႐ွိပါေတာ့တယ္။ ျပည္နယ္တခုလံုး အတုိင္းအတာနဲ႔ဆို နည္းသြားေပမဲ့ တခ်ဳိ႕ ၿမိဳ႕ေတြမွာေတာ့ အတည္ျပဳလူနာ မ်ားေနဆဲပါ။ ဂြၿမိဳ႕မွာ ကူးစက္သူအမ်ားဆံုးျဖစ္ပါတယ္။ ဒါနဲ႔ပါတ္သက္လို႔ ရခိုင္ ကိုဗစ္-၁၉ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔က ကိုေဇာ္လင္းထြန္းက သူ႔အျမင္ကို ခုလိုေျပာပါတယ္။

“ ဂြၿမိဳ႕နယ္ကေတာ့ ပိုးေတြ႔တဲ့လူနာ မ်ားတဲ့ ၿမိဳ႕ျဖစ္ေနတာေပါ့ေနာ္။ အဲဒီမွာေတာ့ သက္ဆိုင္ရာ ေဒသအာဏာပိုင္ေတြက ၾကပ္ၾကပ္မတ္မတ္ ဖမ္းဆီးလာတာေတာ့ေတြ႔ရတယ္။ ဘာလို႔လည္း ဆိုေတာ့ ကိုဗစ္ကာလ စည္းကမ္းေဖာက္ဖ်က္တဲ့သူေတြ မ်ားလို့ေပါ့ေနာ္။ ေစ်းဆိုင္ေတြ ကေတာ့ စနစ္တက်ကေတာ့ က်ေနာ္တို႔ မေတြ႔မိပါဘူး။ ေလာေလာဆယ္ လူသြားလူလာ ကေတာ့ ပိုမ်ားလာသလို ေတာ့ ျမင္ရပါတယ္။ အဓိကေတာ့ Mask မတပ္တဲ့ဟာေတြ၊ စည္းမဲ့ ကမ္းမဲ့ ႏိုင္တဲ့ဟာေတြ ရွိတယ္။ ဒါေၾကာင့္လည္း စစ္ေတြလိုၿမိဳ႕အေျခအေနမွာ ေရွာင္တခင္ဝင္ၿပီးေတာ့ ဖမ္းဆီးစစ္ေဆးေနတာေတြကိုေတာ့ ေတြ႔ေနရပါတယ္။”

ကိုဗစ္ကူးစက္မႈေတြ ျမင့္တက္ေနတဲ့ ဂြၿမိဳ႕နယ္အတြင္းမွာ မနက္ ၅နာရီကေန ေန႔လည္ ၁၂နာရီအထိသာ အျပင္ထြက္ၾကဖို႔နဲ႔ ၁၂ နာရီေနာက္ပိုင္း အျပင္မထြက္ၾကဖို႔ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၅ရက္ေန႔က ေဒသႏၱာရအမိန္႔ထုတ္ျပန္ထားတာလည္းျဖစ္ၿပီး အာဏာပို္င္ေတြအေနနဲ႔လည္း ကိုဗစ္စည္းကမ္းတင္းၾကပ္တာေတြနဲ႔ လိုက္လံစစ္ေဆးတာေတြ လုပ္ေဆာင္ေနတာလည္းျဖစ္ပါတယ္။

စက္တင္ဘာလ ၆ ရက္ေန႔အထိ ရခိုင္ျပည္နယ္မွာ အတည္ျပဳလူနာ ၄,၀၀၀ ေက်ာ္၊ ေသဆံုးသူ ၄၂၁ ေယာက္နဲ႔ ေဆးရံုတက္ေနဆဲ ကိုဗစ္လူနာ ၃၅၂ ေယာက္အထိရွိတယ္လို႔ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနရဲ႕ စာရင္းမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရခိုင်မှာ ဗီဇပြောင်း Delta မျိုးကွဲ စတင်ကူးစက်နေပြီလား

ကူးစက်မြန် မျိုးဗီဇပြောင်း ကိုဗစ်ကပ်ရောဂါပိုးမျိုးကွဲ Delta ကူးစက်သူ တွေ့ရှိထားတဲ့ ရခိုင်ပြည်နယ်မှာ လူတိုင်းကိုတော့ ဘယ်မျိုးကွဲကူးနေသလဲဆိုတာ စစ်ပေးနိုင်ဖို့ ခက်ခဲတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ထဲမှာ ကူးစက်သူအများစုက Delta မျိုးကွဲတွေဖြစ်နိုင်တယ်လို့ ဒေါက်တာစိုးဝင်းပိုင်ကပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက တချို့မြို့တွေမှာ ကိုဗစ်ကူးစက်သူ သိသိသာသာ နည်းသွားပေမဲ့ တချို့မြို့တွေမှာတော့ များနေဆဲအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုဇော်မိုးကျော် ကတင်ပြပါမယ်။

ရခိုင်ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ ကိုဗစ်အတည်ပြုလူနာ အရင်ထက် နည်းသွားပြီး ဆိုပေမဲ့ တချို့မြို့တွေမှာတော့ အတည်ပြုလူနာတွေ များနေဆဲဖြစ်ပါတယ်။ ဒါတင်မက ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်ထဲမှာ ကူးစက်မြန် မျိုးဗီဇကွဲ ကိုဗစ်ပိုးကူးစက်သူ တယောက် တေ့ွရှိထားပါတယ်။

သံသယလူနာတွေမှာ ဘယ်လို ကိုဗစ်မျိုးကွဲမျိုးကူးနေသလဲဆိုတာကို ရခိုင်ပြည်နယ်ထဲမှာ စစ်ဆေးမပေးနိုင်တဲ့အတွက် ဓါတ်ခွဲနမူနာတွေထဲက အလျဉ်းသင့်သလို ရွေးပြီး ရန်ကုန်ကိုပို့ စစ်ဆေးရတာဖြစ်တယ်လို့ ရခိုင်ပြည်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြောခွင့်ရ ဒေါက်တာ စိုးဝင်းပိုင်ကပြောပါတယ်။

" ကိုဗစ်ပိုးကိုဒီမှာ စစ်လို့ရတယ်။ ကိုဗစ်ပိုးထဲမှာ မှ မျိုးရိုးဗီဇပြောင်းတွေရှိတယ်။ အဲလိုမျိုးကွဲတွေ စစ်ဖို့ အတွက်ကျတော့ မြန်မာနိုင်ငံမှာ ရန်ကုန်မှာတောင်မှမရဘူး။ ကျနော်တို့ ယိုးဒယားနိုင်ငံနဲ့ အန္ဒိယနိုင်ငံတို့ကို ပေးစစ်ရတယ်။ အခုက ကျနော်တို့ နေပြည်တော်မှာ တပ်က စစ်ဆေးတဲ့ နေရာမှာ သူတို့ စစ်ဆေးတာပေါ့နော်။ "

ဓါတ်ခွဲစစ်ဆေးသူ ၁ ယောက်မှာ တစ်ယောက်မှာ ကူးစက်မြန် Dalta မျိုးကွဲကူးစက်ခံထားရတာကြောင့် ရခိုင်ပြည်နယ်ထဲက ကိုဗစ်ကူးစက်သူ အများစုမှာလည်း ဒီမျိုးကွဲပိုး ကူးစက်သူတွေဖြစ်နိုင်တယ်လို့ ဒေါက်တာ စိုးဝင်းပိုင်ကဆက်ပြောပါတယ်။

“ ကျနော်တို့က ဒီဖက်မှာ ဘာမျိုးကွဲတွေ လည်ပတ်နေလဲ ဆိုတာ သိချင်တယ်ဆိုရင် ကျနော် တို့ ကျပန်းသဘောမျိုးနဲ့လည်း ယူလို့ရပါတယ်။ ကျနော်တို့ နောက်ပြည်သူထဲမှာ အချိန် ကာလ ကိုက်ညီတဲ့ လူပေါ့ ကျပန်းသဘောမျိုးယူပြီး ကျနော်တို့ စစ်ဆေးဖို့ အချိန်နဲ့ တိုက်ဆိုင်တယ်- ပို့ဖို့အဆင်ပြေတယ်- ဒီလိုအချိန်မျိုးမှာ ကျနော်တို့ ပို့ပြီး စစ်ဆေးလိုက်တယ်။ စစ်ဆေးလိုက်လို့ အခုရခိုင်ပြည်နယ်ထဲမှာ လည်ပတ်နေတာ Daltaမျိုးစိတ် ဆိုတာ ကျနော်တို့ သိရတာပေါ့နော်။

ကျနော်တို့က ငါးယောက် ပိုးစစ်လိုက်တာ။ တစ်ယောက်ကို ကျပန်း သူတို့ စစ်ဆေးလိုက်တာ အဲဒီတစ်ယောက်မှာပိုးတွေ့တာပေါ့နော်။ ဒီလောက်ပဲ ရှိပါသေးတယ်။ ကျနော်တို့က ဒါများသောအားဖြင့် ပြောလို့ရပါပြီ ရခိုင်ပြည်နယ်ထဲမှာ တတိယလှိုင်း ၅လပိုင်း ၂၇ရက်နေ့က စခဲ့တာပေါ့နော်။ အဲဒီထဲမှာ အများဆုံးက အသွင်ပြောင်းလာတဲ့ ဘင်္ဂလာဒေရှ့်ကို Dalta ရောက်နေတာ ကြာလှပြီ။ အဲတော့ ဒီမှာလည်း Dalta မျိုးစိတ်ဖြစ်ဖို့လို့ ကျနော်တို့ ပြောလို့ရပါတယ်။”

ကျန်မာရေးဌာန ထုတ်ပြန်တဲ့ စာရင်းအရ ရခိုင်ပြည်နယ်ထဲမှာ နေ့စဉ် ကိုဗစ်အတည်ပြုလူနာ ၃၀ ဝန်းကျင်လောက်သာ ရှိပါတော့တယ်။ ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ဆို နည်းသွားပေမဲ့ တချို့ မြို့တွေမှာတော့ အတည်ပြုလူနာ များနေဆဲပါ။ ဂွမြို့မှာ ကူးစက်သူအများဆုံးဖြစ်ပါတယ်။ ဒါနဲ့ပါတ်သက်လို့ ရခိုင် ကိုဗစ်-၁၉ စောင့်ကြည့်လေ့လာရေးအဖွဲ့က ကိုဇော်လင်းထွန်းက သူ့အမြင်ကို ခုလိုပြောပါတယ်။

“ ဂွမြို့နယ်ကတော့ ပိုးတွေ့တဲ့လူနာ များတဲ့ မြို့ဖြစ်နေတာပေါ့နော်။ အဲဒီမှာတော့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ကြပ်ကြပ်မတ်မတ် ဖမ်းဆီးလာတာတော့တွေ့ရတယ်။ ဘာလို့လည်း ဆိုတော့ ကိုဗစ်ကာလ စည်းကမ်းဖောက်ဖျက်တဲ့သူတွေ များလို့ပေါ့နော်။ ဈေးဆိုင်တွေ ကတော့ စနစ်တကျကတော့ ကျနော်တို့ မတွေ့မိပါဘူး။ လောလောဆယ် လူသွားလူလာ ကတော့ ပိုများလာသလို တော့ မြင်ရပါတယ်။ အဓိကတော့ Mask မတပ်တဲ့ဟာတွေ၊ စည်းမဲ့ ကမ်းမဲ့ နိုင်တဲ့ဟာတွေ ရှိတယ်။ ဒါကြောင့်လည်း စစ်တွေလိုမြို့အခြေအနေမှာ ရှောင်တခင်ဝင်ပြီးတော့ ဖမ်းဆီးစစ်ဆေးနေတာတွေကိုတော့ တွေ့နေရပါတယ်။”

ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ဂွမြို့နယ်အတွင်းမှာ မနက် ၅နာရီကနေ နေ့လည် ၁၂နာရီအထိသာ အပြင်ထွက်ကြဖို့နဲ့ ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ဒေသန္တာရအမိန့်ထုတ်ပြန်ထားတာလည်းဖြစ်ပြီး အာဏာပိုင်တွေအနေနဲ့လည်း ကိုဗစ်စည်းကမ်းတင်းကြပ်တာတွေနဲ့ လိုက်လံစစ်ဆေးတာတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ အတည်ပြုလူနာ ၄,၀၀၀ ကျော်၊ သေဆုံးသူ ၄၂၁ ယောက်နဲ့ ဆေးရုံတက်နေဆဲ ကိုဗစ်လူနာ ၃၅၂ ယောက်အထိရှိတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG