သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ဝင္ေငြမဲ႔ ႏြမ္းပါးသူေတြကို ဘန္ေကာက္ေစတနာရွင္တို႔ ကူညီ 


(Zawgyi / Unicode)

ထိုင္းႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ ကူးစက္မႈေတြ အတြင္း ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြ ပိတ္သိမ္းတာေၾကာင့္ အလုပ္မရွိ ၀င္ေငြ မရွိ ျဖစ္ၾကတဲ႔ ျမန္မာ ေရႊ႕ေျပာင္းလုပ္သားေတြလည္း အကူအညီေပးေရး အဖြဲ႔ေတြကို အားထားေနၾကရပါတယ္။

Covid-19 ျဖစ္ပြားမႈ ေလ်ာ့လာၿပီး အသြားအလာ ကန္႔သတ္တားျမစ္မႈ ျပန္လည္ ေျဖေလွ်ာ့လာေပမယ့္လည္း အလုပ္သမားေတြကို ဆက္ကူညီဖို႔ လိုအပ္မယ္လို႔ အကူအညီေပးသူေတြလည္း ေျပာဆိုထားပါတယ္။ AP သတင္းေဆာင္းပါးကို မသိဂၤ ီထိုက္ ေျပာျပေပးပါမယ္။

ထိုင္းႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႔ႏွံ႔မႈ အေပၚ စိုးရိမ္ခ်က္ေတြေၾကာင့္ အာဏာပိုင္တို႔က ေဆာက္လုပ္ေရး လုပ္ငန္းေတြကို ပိတ္သိမ္းခဲ႔ၿပီးေနာက္မွာ အလုပ္သမားေတြ ၂ လတာ ၀င္ေငြ မရွိ ျဖစ္ေနၾကတာပါ။

လိုအပ္ေနသူေတြ အတြက္ တေန႔ကို ေထာက္ပံ႔ပစၥည္း အထုပ္ ၆၀၀ ေက်ာ္၊ ခ်က္ျပဳတ္ၿပီး အစားအေသာက္ ပြဲ ၃,၀၀၀ ေက်ာ္ ေ၀ငွေနတဲ႔ Bangkok Community Help လိုမ်ိဳး အလွဴရွင္ အဖြဲ႔ေတြကို အလုပ္မရွိတဲ႔ လုပ္သားေတြ မွီခိုေနၾကရပါတယ္။ အလုပ္မရွိ ျဖစ္ေနတဲ႔ အသက္ ၃၁ ႏွစ္ အရြယ္ ကိုထြန္းညီ လည္း ဇနီး ျဖစ္သူနဲ႔ အတူ ၀င္ေငြ မရွိ ျဖစ္ေနပါတယ္။

" အလုပ္မလုပ္ရတာေၾကာင့္ ျမန္မာျပည္ကို ပိုက္ဆံ ျပန္မပို႔ႏိုင္ပါဘူး။ မိသားစုလည္း သံုးစရာျပတ္ၿပီး ႐ုန္းကန္ေနရပါတယ္။ "

အလုပ္သမား ၆၀၀ ေက်ာ္ ေနထိုင္ေနတဲ႔ ဘန္ေကာက္က တန္းလ်ားေတြမွာ သူတို႔ ေနေနၾကတာပါ။

ျပဴတင္းေပါက္ေတြကလည္း ေစာင္ေတြနဲ႔ ျဖစ္သလို ကာထားၿပီး အျဖစ္ေဆာက္ထားတဲ႔ တန္းလ်ားေတြမွာ ေနေနၾကတာပါ။ Bangkok Community Help အဖြဲ႔က ေ၀ငွတဲ႔ ဆန္၊ ငါးေသတၱာနဲ႔ တျခား အသံုးအေဆာင္ေတြ ဒီရက္ပိုင္းမွာ ရထားတာေၾကာင့္ တပတ္စာ စားေရး ေသာက္ေရး အတြက္ အဆင္ေျပပါတယ္။ အဖြဲ႔ကို ပူးတြဲတည္ေထာင္သူ Greg Lange က အခုလို ေျပာပါတယ္။

" အရင္က စုထားတဲ႔ ေငြထဲကေန ထုတ္သံုးေနၾကတာပါ။ တခ်ိဳ႕ကေတာ့ အဆင္ေျပၾကပါတယ္။ စားစရာ ရွိေနတာေၾကာင့္ ပိန္ခ်ံဳးေနၾကတာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ သူတို႔ စုထားတဲ႔ ပိုက္ဆံက ကုန္သြားပါၿပီ။ အဲဒီ အခ်ိန္ က်ေနာ္တို႔သာ မသြားခဲ႔လို႔ ရွိရင္ သူတို႔မွာ စားစရာ မရွိေတာ့ပါဘူး။ "

Bangkok Community Help အဖြဲ႕ကို ၿပီးခဲ႔တဲ႔ႏွစ္ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေဘး ကာလ အတြင္း ဖြဲ႔စည္းခဲ႔ၿပီး ထိုင္းႏိုင္ငံသားေတြနဲ႔ ႏိုင္ငံျခားသား အကူအညီေပးသူ ၄၀၀ ေက်ာ္ ရွိပါတယ္။ စီးပြားေရး က်ပ္တည္းၾကတဲ႔ လူမႈ အသိုင္းအဝိုင္းေတြကို အစားအေသာက္ ျဖန္႔ေ၀ေပးေနၾကတာပါ။ ထိုင္းႏိုင္ငံမွာ Covid-19 ျဖစ္ပြားသူေတြ စၿပီးမ်ားလာတဲ႔ ဇြန္လကုန္ပိုင္းကစလို႔ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြကို အစိုးရက ပိတ္သိမ္းခဲ႔တာေၾကာင့္ အလုပ္သမားေတြ ၀င္ေငြ မရွိေတာ့တာပါ။

အလုပ္သမားေတြ အတြက္ စားနပ္ရိကၡာ လံုေလာက္ေအာင္ အလုပ္ရွင္ေတြက ေထာက္ပံ႔ဖို႔ ပ်က္ကြက္တာေၾကာင့္ အကူအညီေပးေရး အဖြဲ႔ေတြက ၀င္ၿပီး ကူညီၾကရတာပါ။ ႏိုင္ငံတြင္း Covid-19 ကူးစက္ပ်ံ႔ႏွံ႔မႈကေန ျပန္က်လာၿပီလို႔ ယူဆေၾကာင္း ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရး ဌာနက တာ၀န္ရွိသူ တဦး ျဖစ္တဲ႔ Chawetsan Namwat က ေျပာပါတယ္။

"ထိုင္းႏိုင္ငံမွာ လက္ရွိ ဒယ္လ္တာ မ်ိဳးကြဲ ကူးစက္မႈ ျပသနာနဲ႔ ၾကံဳေနရပါတယ္။ ဒီကူးစက္မႈ ပမာဏက မ်ားလွပါတယ္။ ေန႔စဥ္ ကူးစက္မႈ အသစ္ႏႈန္းအျမင့္ဆံုး အေျခအေနကေန ေက်ာ္လြန္လာၿပီလို႔ က်ေနာ္တို႔ ယံုၾကည္ပါတယ္။ တလၾကာ အသြားအလာ ကန္႔သတ္ပိတ္ပင္ခဲ႔ၿပီးေနာက္ အခုအခါမွာေတာ့ ကူးစက္မႈႏႈန္းက ေလ်ာ့လာေနတယ္လို႔ ထင္ပါတယ္။ "

ေန႔စဥ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၂၀,၀၀၀ ေအာက္ကို ေလ်ာ့လာတဲ႔ ၾသဂုတ္လ ၂၂ ရက္ေန႔က စလို႔ ထိုင္းႏိုင္ငံတြင္း အသြားအလာ ကန္႔သတ္တားျမစ္မႈကို အစိုးရဘက္က စၿပီး ေျဖေလွ်ာ့ေပးေနပါတယ္။ ဒါေပမယ့္လည္း လိုအပ္သူေတြ အတြက္ေတာ့ ဆက္ၿပီး ကူညီေပးေနရဦးမွာ ျဖစ္ေၾကာင္း Bangkok Community Help အဖြဲ႔ရဲ႕ ပူးတြဲတည္ေထာင္သူ Friso Poldervaart က ေျပာပါတယ္။

" ကိုဗစ္ ျဖစ္မႈလည္း က်လာပါတယ္။ ကာကြယ္ေဆးထိုးတာလည္း မ်ားလာပါတယ္။ ဒါေပမယ့္လည္း ဆာေလာင္မြတ္သိပ္မႈနဲ႔ ၀င္ေငြ ျပတ္လပ္မႈ၊ ေငြေၾကး အေထာက္အပံ႔ မရွိတာေတြက အဓိက အခက္အခဲေတြ ျဖစ္လာမွာ ျဖစ္ၿပီး ပံုမွန္ ျပန္ျဖစ္ဖို႔လည္း အေတာ္ေလး အခ်ိန္ယူရမွာပါ။"

ၾသဂုတ္လ အလယ္ပိုင္းေလာက္မွာ ထိုင္းႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ ေန႔စဥ္ ကူးစက္သူ အသစ္ ၂၃,၄၀၀ ေက်ာ္အထိ အျမင္႔ဆံုး ေရာက္ရွိခဲ႔ၿပီးေနာက္ အခု အခါမွာေတာ့ ေန႔စဥ္ ကူးစက္မႈ အသစ္က ၁၅,၀၀၀ နီးပါးကို က်ဆင္းလာပါတယ္။ ဒါေပမယ့္လည္း Covid-19 ေၾကာင့္ ေသဆံုးမႈကေတာ့ မ်ားေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကိုဗစ်ကာလ ဝင်ငွေမဲ့ နွမ်းပါးသူတွေကို ဘန်ကောက်စေတနာရှင်တို့ ကူညီ

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုတွေ အတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ပိတ်သိမ်းတာကြောင့် အလုပ်မရှိ ဝင်ငွေ မရှိ ဖြစ်ကြတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေလည်း အကူအညီပေးရေး အဖွဲ့တွေကို အားထားနေကြရပါတယ်။

Covid-19 ဖြစ်ပွားမှု လျော့လာပြီး အသွားအလာ ကန့်သတ်တားမြစ်မှု ပြန်လည် ဖြေလျှော့လာပေမယ့်လည်း အလုပ်သမားတွေကို ဆက်ကူညီဖို့ လိုအပ်မယ်လို့ အကူအညီပေးသူတွေလည်း ပြောဆိုထားပါတယ်။ AP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အပေါ် စိုးရိမ်ချက်တွေကြောင့် အာဏာပိုင်တို့က ဆောက်လုပ်ရေး လုပ်ငန်းတွေကို ပိတ်သိမ်းခဲ့ပြီးနောက်မှာ အလုပ်သမားတွေ ၂ လတာ ဝင်ငွေ မရှိ ဖြစ်နေကြတာပါ။ လိုအပ်နေသူတွေ အတွက် တနေ့ကို ထောက်ပံ့ပစ္စည်း အထုပ် ၆၀၀ ကျော်၊ ချက်ပြုတ်ပြီး အစားအသောက် ပွဲ ၃,၀၀၀ ကျော် ဝေငှနေတဲ့ Bangkok Community Help လိုမျိုး အလှူရှင် အဖွဲ့တွေကို အလုပ်မရှိတဲ့ လုပ်သားတွေ မှီခိုနေကြရပါတယ်။ အလုပ်မရှိ ဖြစ်နေတဲ့ အသက် ၃၁ နှစ် အရွယ် ကိုထွန်းညီ လည်း ဇနီး ဖြစ်သူနဲ့ အတူ ဝင်ငွေ မရှိ ဖြစ်နေပါတယ်။

" အလုပ်မလုပ်ရတာကြောင့် မြန်မာပြည်ကို ပိုက်ဆံ ပြန်မပို့နိုင်ပါဘူး။ မိသားစုလည်း သုံးစရာပြတ်ပြီး ရုန်းကန်နေရပါတယ်။ "

အလုပ်သမား ၆၀၀ ကျော် နေထိုင်နေတဲ့ ဘန်ကောက်က တန်းလျားတွေမှာ သူတို့ နေနေကြတာပါ။

ပြူတင်းပေါက်တွေကလည်း စောင်တွေနဲ့ ဖြစ်သလို ကာထားပြီး အဖြစ်ဆောက်ထားတဲ့ တန်းလျားတွေမှာ နေနေကြတာပါ။ Bangkok Community Help အဖွဲ့က ဝေငှတဲ့ ဆန်၊ ငါးသေတ္တာနဲ့ တခြား အသုံးအဆောင်တွေ ဒီရက်ပိုင်းမှာ ရထားတာကြောင့် တပတ်စာ စားရေး သောက်ရေး အတွက် အဆင်ပြေပါတယ်။ အဖွဲ့ကို ပူးတွဲတည်ထောင်သူ Greg Lange က အခုလို ပြောပါတယ်။

" အရင်က စုထားတဲ့ ငွေထဲကနေ ထုတ်သုံးနေကြတာပါ။ တချို့ကတော့ အဆင်ပြေကြပါတယ်။ စားစရာ ရှိနေတာကြောင့် ပိန်ချုံးနေကြတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ စုထားတဲ့ ပိုက်ဆံက ကုန်သွားပါပြီ။ အဲဒီ အချိန် ကျနော်တို့သာ မသွားခဲ့လို့ ရှိရင် သူတို့မှာ စားစရာ မရှိတော့ပါဘူး။ "

Bangkok Community Help အဖွဲ့ကို ပြီးခဲ့တဲ့နှစ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ကာလ အတွင်း ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံသားတွေနဲ့ နိုင်ငံခြားသား အကူအညီပေးသူ ၄၀၀ ကျော် ရှိပါတယ်။ စီးပွားရေး ကျပ်တည်းကြတဲ့ လူမှု အသိုင်းအဝိုင်းတွေကို အစားအသောက် ဖြန့်ဝေပေးနေကြတာပါ။ ထိုင်းနိုင်ငံမှာ Covid-19 ဖြစ်ပွားသူတွေ စပြီးများလာတဲ့ ဇွန်လကုန်ပိုင်းကစလို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကို အစိုးရက ပိတ်သိမ်းခဲ့တာကြောင့် အလုပ်သမားတွေ ဝင်ငွေ မရှိတော့တာပါ။

အလုပ်သမားတွေ အတွက် စားနပ်ရိက္ခာ လုံလောက်အောင် အလုပ်ရှင်တွေက ထောက်ပံ့ဖို့ ပျက်ကွက်တာကြောင့် အကူအညီပေးရေး အဖွဲ့တွေက ဝင်ပြီး ကူညီကြရတာပါ။ နိုင်ငံတွင်း Covid-19 ကူးစက်ပျံ့နှံ့မှုကနေ ပြန်ကျလာပြီလို့ ယူဆကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေး ဌာနက တာဝန်ရှိသူ တဦး ဖြစ်တဲ့ Chawetsan Namwat က ပြောပါတယ်။

"ထိုင်းနိုင်ငံမှာ လက်ရှိ ဒယ်လ်တာ မျိုးကွဲ ကူးစက်မှု ပြသနာနဲ့ ကြုံနေရပါတယ်။ ဒီကူးစက်မှု ပမာဏက များလှပါတယ်။ နေ့စဉ် ကူးစက်မှု အသစ်နှုန်းအမြင့်ဆုံး အခြေအနေကနေ ကျော်လွန်လာပြီလို့ ကျနော်တို့ ယုံကြည်ပါတယ်။ တလကြာ အသွားအလာ ကန့်သတ်ပိတ်ပင်ခဲ့ပြီးနောက် အခုအခါမှာတော့ ကူးစက်မှုနှုန်းက လျော့လာနေတယ်လို့ ထင်ပါတယ်။ "

နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၀,၀၀၀ အောက်ကို လျော့လာတဲ့ သြဂုတ်လ ၂၂ ရက်နေ့က စလို့ ထိုင်းနိုင်ငံတွင်း အသွားအလာ ကန့်သတ်တားမြစ်မှုကို အစိုးရဘက်က စပြီး ဖြေလျှော့ပေးနေပါတယ်။ ဒါပေမယ့်လည်း လိုအပ်သူတွေ အတွက်တော့ ဆက်ပြီး ကူညီပေးနေရဦးမှာ ဖြစ်ကြောင်း Bangkok Community Help အဖွဲ့ရဲ့ ပူးတွဲတည်ထောင်သူ Friso Poldervaart က ပြောပါတယ်။

" ကိုဗစ် ဖြစ်မှုလည်း ကျလာပါတယ်။ ကာကွယ်ဆေးထိုးတာလည်း များလာပါတယ်။ ဒါပေမယ့်လည်း ဆာလောင်မွတ်သိပ်မှုနဲ့ ဝင်ငွေ ပြတ်လပ်မှု၊ ငွေကြေး အထောက်အပံ့ မရှိတာတွေက အဓိက အခက်အခဲတွေ ဖြစ်လာမှာ ဖြစ်ပြီး ပုံမှန် ပြန်ဖြစ်ဖို့လည်း အတော်လေး အချိန်ယူရမှာပါ။"

သြဂုတ်လ အလယ်ပိုင်းလောက်မှာ ထိုင်းနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် နေ့စဉ် ကူးစက်သူ အသစ် ၂၃,၄၀၀ ကျော်အထိ အမြင့်ဆုံး ရောက်ရှိခဲ့ပြီးနောက် အခု အခါမှာတော့ နေ့စဉ် ကူးစက်မှု အသစ်က ၁၅,၀၀၀ နီးပါးကို ကျဆင်းလာပါတယ်။ ဒါပေမယ့်လည်း Covid-19 ကြောင့် သေဆုံးမှုကတော့ များနေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG