(Zawgyi/Unicode)
ကိုဗစ္တတိယလႈိင္းနဲ႔ ရင္ဆုိင္ေနရဆဲျဖစ္တဲ့ ျမန္မာႏုိင္ငံတ၀န္း ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာေပါင္း ၃၉,၄၆၁ ခုကုိ စစ္ေဆးခဲ့တာမွာ ေရာဂါပိုးေတြ႔သူ ၃,၃၅၈ ေယာက္ရွိၿပီး ေသဆံုးသူ ၁၀၁ ေယာက္ရွိတယ္လုိ႔ စစ္ေကာင္စီ က်န္းမာေရးဌာနက ည ၈ နာရီမွာ သတင္းထုတ္ျပန္ပါတယ္။
က်န္းမာေရးပညာရွင္ေတြနဲ႔ ပရဟိတ ကူညီေပးေနသူေတြကေတာ့ အမွန္တကယ္ ကူးစက္ေသဆုံးႏႈန္းဟာ တရားဝင္ထုတ္ျပန္တာထက္ ပိုမ်ားႏုိင္တယ္လုိ႔ ခန္႔မွန္းၾကပါတယ္။
စစ္ေကာင္စီရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္တခုထဲမွာေတာ့ ၾသဂုတ္လ ၂၈ ရက္ေန႔က ဓာတ္ခြဲစစ္ေဆးခ်က္ အေျဖေတြအရ မ်ဳိး႐ိုးဗီဇကြဲ COVID-19 Delta မ်ဳိးစိတ္ ကူးစက္ခံထားရသူ ၁၅ ဦးေတြ႔ခဲ့တယ္လုိ႔ ေဖာ္ျပထားပါတယ္။
ျမန္မာႏိုင္ငံ ကိုဗစ္တတိယလိႈင္းမွာ ကူးစက္ ေသဆံုးသူ အေရအတြက္ ပိုမ်ားရတာဟာ Delta မ်ဳိးစိတ္ ကူးစက္တာေၾကာင့္ျဖစ္တယ္လုိ႔ အမ်ားကနားလည္ထားၾကေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ အခုမွသာ Delta ကူးစက္ခံရသူေတြ ေတြ႔တယ္ဆိုၿပီး တရားဝင္ သတင္းထုတ္ျပန္တာပါ။
ေရာဂါကူးစက္မႈကို ကာကြယ္ဖုိ႔ ကိုဗစ္ကာကြယ္ေဆးထိုးတာက အေကာင္းဆံုးနည္းလမ္းျဖစ္တယ္လုိ႔ က်န္းမာေရးပညာရွင္ေတြက အၾကံျပဳထားၾကၿပီး ဘယ္ကာကြယ္ေဆးပဲရရ ထိုးၾကဖို႔လည္း အမ်ားျပည္သူကို တိုက္တြန္းထားပါတယ္။
အသက္အရြယ္ႀကီးသူေတြကို စစ္ေကာင္စီ က်န္းမာေရးဌာနက တ႐ုတ္ထုတ္ Sinopharm ကိုဗစ္ကာကြယ္ေဆး ထိုးေပးေနသလို ပုဂၢလိကပိုင္းကလည္း အခေၾကးေငြနဲ႔ ထိုးေပးတာေတြ၊ စီးပြားေရးလုပ္ငန္းေတြက သူတို႔ဝန္ထမ္းေတြကို ထိုးေပးတာေတြလည္းရွိပါတယ္။
....................................................................................
မြန်မာ COVID-19 ကူးစက်သူ ၃,၃၅၈ ယောက်၊ သေဆုံးသူ ၁၀၁ ဦး ထပ်တိုး
(Unicode)
ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံတဝန်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၃၉,၄၆၁ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ ၃,၃၅၈ ယောက်ရှိပြီး သေဆုံးသူ ၁၀၁ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတ ကူညီပေးနေသူတွေကတော့ အမှန်တကယ် ကူးစက်သေဆုံးနှုန်းဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
စစ်ကောင်စီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်တခုထဲမှာတော့ သြဂုတ်လ ၂၈ ရက်နေ့က ဓာတ်ခွဲစစ်ဆေးချက် အဖြေတွေအရ မျိုးရိုးဗီဇကွဲ COVID-19 Delta မျိုးစိတ် ကူးစက်ခံထားရသူ ၁၅ ဦးတွေ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ကိုဗစ်တတိယလှိုင်းမှာ ကူးစက် သေဆုံးသူ အရေအတွက် ပိုများရတာဟာ Delta မျိုးစိတ် ကူးစက်တာကြောင့်ဖြစ်တယ်လို့ အများကနားလည်ထားကြပေမယ့် စစ်ကောင်စီဘက်ကတော့ အခုမှသာ Delta ကူးစက်ခံရသူတွေ တွေ့တယ်ဆိုပြီး တရားဝင် သတင်းထုတ်ပြန်တာပါ။
ရောဂါကူးစက်မှုကို ကာကွယ်ဖို့ ကိုဗစ်ကာကွယ်ဆေးထိုးတာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားကြပြီး ဘယ်ကာကွယ်ဆေးပဲရရ ထိုးကြဖို့လည်း အများပြည်သူကို တိုက်တွန်းထားပါတယ်။
အသက်အရွယ်ကြီးသူတွေကို စစ်ကောင်စီ ကျန်းမာရေးဌာနက တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေသလို ပုဂ္ဂလိကပိုင်းကလည်း အခကြေးငွေနဲ့ ထိုးပေးတာတွေ၊ စီးပွားရေးလုပ်ငန်းတွေက သူတို့ဝန်ထမ်းတွေကို ထိုးပေးတာတွေလည်းရှိပါတယ်။