သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကိုဗစ္ကန္႔သတ္ခ်က္ စက္တင္ဘာလကုန္အထိ သက္တမ္းတိုး


ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕က ကိုဗစ္လူနာေတြကို ေရေဘးလြတ္ရာ သယ္ယူေပးေနတဲ့ လူသားခ်င္းစာနာမႈ ေစတနာ့၀န္ထမ္းမ်ား ဇူလိုင္ ၂၇၊ ၂၀၂၁

Zawgyi/Unicode

ကိုဗစ္ ကူးစက္မႈတတိယလႈိင္းဒဏ္ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံမွာ ေရာဂါကူးစက္မႈထိန္းခ်ဳပ္ဖို႔ အာဏာသိမ္းစစ္ေကာင္စီက ထုတ္ျပန္ထားတဲ့ တားျမစ္ခ်က္ေတြကို စက္တင္ဘာလကုန္အထိ သက္တမ္းတိုးလိုက္ပါတယ္။

ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ႐ုံးေတြ၊ လုပ္ငန္းေတြနဲ႔ ေက်ာင္းေတြကို ၾသဂုတ္လ ကုန္ထိပိတ္ထားဖို႔ အရင္က ေၾကညာထားတာကို အခု စက္တင္ဘာလကုန္ထိ ထပ္သက္တမ္းတိုးလိုက္တာ ျဖစ္ပါတယ္။ ႏိုင္ငံတ၀န္း ၿမိဳ႕နယ္ေပါင္း ၁၂၀ ဝန္းက်င္မွာ မလိုအပ္ဘဲ အျပင္ထြက္သြားလာတာေတြ မလုပ္ဖို႔ Stay at Home အမိန႔္ထုတ္ထားပါတယ္။

ျမန္မာႏိုင္ငံ အထူးသျဖင့္ ရန္ကုန္ျမဳိ႕မွာ ကိုဗစ္ကူးစက္မႈက ဒီရက္ပိုင္းအတြင္း အရင္ကထက္ သက္သာသြားတာေတြ႕ရေပမယ့္ ႏိုင္ငံတကာမွာျဖစ္ပြားခဲ့ပံုနဲ႔နည္းတူ ကိုဗစ္ကူးစက္မႈေတြက တျခားျမဳိ႕နယ္၊ ေက်းရြာေတြမွာ တက္ဦးမယ္အေနအထားရွိတာေၾကာင့္ ဆက္ၿပီး အထူးသတိထားေနထိုင္ဖို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးပါတယ္။ အာဏာသိမ္းစစ္ေကာင္စီကေတာ့ အခု သူတို႔ႏိုင္ငံကို တာဝန္ယူၿပီးေနာက္ပိုင္း ကာကြယ္ေဆးထိုးအစီအစဥ္ေတြ ေသခ်ာ ၾကတ္မတ္ေဆာင္ရြတ္သြားေပးမယ္လို႔ ေျပာထားတာပါ။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါကူးစက္မႈ ျမင့္တက္ကာလအတြင္းမွာ က်န္းမာေရးေစာင့္ေရွာက္မႈ လိုအပ္ခ်က္ ႀကီးမားၿပီး၊ ေအာက္စီဂ်င္ျပတ္လတ္မႈေၾကာင့္ ေတာ္ေတာ္အခက္အခဲေတြ ၾကဳံေတြ႕ခဲ့ရပါတယ္။

[Unicode]

ကိုဗစ် ကူးစက်မှုတတိယလှိုင်းဒဏ် ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှုထိန်းချုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားတဲ့ တားမြစ်ချက်တွေကို စက်တင်ဘာလကုန်အထိ သက်တမ်းတိုးလိုက်ပါတယ်။

ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့အတွက် ရုံးတွေ၊ လုပ်ငန်းတွေနဲ့ ကျောင်းတွေကို သြဂုတ်လ ကုန်ထိပိတ်ထားဖို့ အရင်က ကြေညာထားတာကို အခု စက်တင်ဘာလကုန်ထိ ထပ်သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ဝန်းကျင်မှာ မလိုအပ်ဘဲ အပြင်ထွက်သွားလာတာတွေ မလုပ်ဖို့ Stay at Home အမိန့်ထုတ်ထားပါတယ်။

မြန်မာနိုင်ငံ အထူးသဖြင့် ရန်ကုန်မြို့မှာ ကိုဗစ်ကူးစက်မှုက ဒီရက်ပိုင်းအတွင်း အရင်ကထက် သက်သာသွားတာတွေ့ရပေမယ့် နိုင်ငံတကာမှာဖြစ်ပွားခဲ့ပုံနဲ့နည်းတူကိုဗစ်ကူးစက်မှုတွေက တခြားမြို့နယ်၊ ကျေးရွာတွေမှာ တက်ဦးမယ်အနေအထားရှိတာကြောင့် ဆက်ပြီး အထူးသတိထားနေထိုင်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပါတယ်။ အာဏာသိမ်းစစ်ကောင်စီကတော့ အခု သူတို့နိုင်ငံကို တာဝန်ယူပြီးနောက်ပိုင်း ကာကွယ်ဆေးထိုးအစီအစဉ်တွေ သေချာ ကြတ်မတ်ဆောင်ရွတ်သွားပေးမယ်လို့ ပြောထားတာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်ကာလအတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက် ကြီးမားပြီး၊ အောက်စီဂျင်ပြတ်လတ်မှုကြောင့် တော်တော်အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG