သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၁၂,၂၄၉ ယောက်၊ သေဆုံး ၁၁၃ ယောက် ထပ်တိုး


ပဲခူးတိုင်း တောင်ငူမြို့မှာ ပိုးသတ်ဆေးဖြန်းနေတဲ့ ပရဟိတအဖွဲ့အခု (ဓာတ်ပုံ - AFP)
ပဲခူးတိုင်း တောင်ငူမြို့မှာ ပိုးသတ်ဆေးဖြန်းနေတဲ့ ပရဟိတအဖွဲ့အခု (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ သြဂုတ်လ ၂၆ ရက်နေ့အတွက် ဓါတ်ခွဲနမူနာ ၁၂,၂၄၉ ခု စစ်ဆေးခဲ့တဲ့အထဲက COVID 19 ကူးစက်သူ ၂,၆၃၅ ယောက် ထပ်ပြီး အတည်ပြုလိုက်တာကြောင့် အခုထိ ကူးစက်သူ စုစုပေါင်း ၃၈၃,၅၁၄ ယောက် ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၁၃ ယောက် နဲ့ လက်ရှိမှာ သေဆုံးသူ ၁၄,၈၅၀ ရှိပါတယ်။

ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့အတွက် ရုံးတွေ၊ လုပ်ငန်းတွေနဲ့ ကျောင်းတွေကို သြဂုတ်လကုန်ထိပိတ်ထားဖို့ စစ်ကောင်စီက ညွှန်ကြားထားသလို၊ နိုင်ငံတဝှမ်း မြို့နယ်ပေါင်း ၁၁၉ မြို့နယ်မှာ မလိုအပ်ဘဲ အပြင်ထွက်သွားလာတာတွေ မလုပ်ဖို့ Stay at Home အမိန့်ထုတ်ထားပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းတွေ ပစ်မှတ်ထား ဖမ်းဆီး တိုက်ခိုက်ခံရတာတွေ ရှိနေတဲ့အချိန် ဆေးဝန်ထမ်းနဲ့ ဆေးဝါး မလုံလောက်တာ၊ အောက်စီဂျင် ပြတ်လပ်တာတွေကြောင့် ကုသမှုပိုင်းမှာလည်း အခက်အခဲတွေ ဆက်ရှိနေပါတယ်။ တချိန်ထဲမှာပဲ စစ်ကောင်စီက ကာကွယ်ဆေးထိုး အစီအစဉ်တွေကို လုပ်ဆောင်နေသလို ပုဂ္ဂလိက အသင်းတချို့ကလည်း ကိုဗစ် ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လာတာပါ။ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်းက သူတို့ အစီအစဉ်နဲ့ ကာကွယ်ဆေး ၇ သိန်းချိတ်ဆက်ဝယ်ယူပြီး အခပေး ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA က ဦးဆောင်ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ပေးနေပါတယ်။ AA အနေနဲ့ ကာကွယ်ဆေးတွေရဖို့ ဘယ်လို ကြိုးပမ်းနေတယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကိုဗစ် ကာကွယ်ဆေးတွေက ဒယ်လ်တာ ဗီဇပြောင်းပိုး အပါအဝင် ကိုဗစ်ကြောင့် ရောဂါပြင်းပြင်းထန်ထန် ခံစားရတာနဲ့ သေဆုံးနိုင်တာကနေ ကာကွယ်မှုပေးနိုင်တာကြောင့် ကာကွယ်ဆေးထိုးကြဖို့လည်း ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

.................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG