သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေဆာက္ မယ္ေတာ္ေဆးခန္းမွာ ကိုဗစ္စင္တာဖြင့္


ေဒါက္တာစင္သီယာေမာင္မွ ကိုဗစ္အလွဴပစၥည္းမ်ား လက္ခံစဥ္ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္၊ မဲေဆာက္ၿမိဳ႕မွာ႐ွိတဲ့ ေဒါက္တာ စင္သီယာေမာင္ရဲ႕ မယ္ေတာ္ေဆးခန္းကို ကိုဗစ္လူနာကု ေဆးခန္းအျဖစ္ ေျပာင္းလဲ ကုသေပးေနရပါတယ္။ ျမန္မာႏိုင္ငံဘက္က ေ႐ႊ႕ေျပာင္းအလုပ္သမား အမ်ားအျပားၾကား ကိုဗစ္ကပ္ေရာဂါ ကူးစက္ျဖစ္ပြားေနတဲ့အတြက္ မဲေဆာက္ေဆး႐ံုႀကီးအျပင္ မယ္ေတာ္ေဆးခန္းမွာ ကိုလူနာ၂၀၀ ကေန ၃၀၀ ေလာက္အထိကို လက္ခံကုသေပးေနရတာျဖစ္ပါတယ္။ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက အျပည့္အစံု ဆက္ေျပာျပပါမယ္။

ျမန္မာႏိုင္ငံက ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ အစုလိုက္အၿပဳံလိုက္ ကိုဗစ္ကပ္ေရာဂါ ကူးစက္ေနၾကတဲ့ ထုိင္းျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕မွာ ေရာဂါ သိပ္ မျပင္းထန္တဲ့ ကိုဗစ္လူနာေတြကို ထိုင္းအစိုးရရဲ႕ မဲေဆာက္ေဆး႐ံုႀကီးကေန မယ္ေတာ္ေဆးခန္းနဲ႔ Field Hospital မွာ ကုသဖို႔ လဲြေျပာင္းေပးေနပါတယ္။ ၿမိဳ႕နယ္က်န္းမာေရးဌာနရဲ႕ တရားဝင္အသိအမွတ္ျပဳမႈနဲ႔ ဇြန္လ၂၈ ရက္ေန႔ကစလို႔ မယ္ေတာ္ေဆးခန္းမွာ ကိုဗစ္-၁၉ ယာယီကုသေရး ေဆး႐ုံအျဖစ္၊ ရႈပ္ေထြး သို႔မဟုတ္ ျပင္းထန္ေရာဂါမ်ားျဖစ္ ေပၚႏိုင္တဲ့ အႏၲရာယ္နည္းပါးသည္ဟု ယူဆရတဲ့ ကိုဗစ္လူနာေတြကို ကုသေပးေနတာပါ။ ျမန္မာႏိုင္ငံက ေ႐ႊ႕ေျပာင္းအလုပ္သမား အမ်ားစု အလုပ္လုပ္ၾကတဲ့ စက္ရံုေတြ၊ အလုပ္သမား တန္းလ်ားေတြမွာ ကူးစက္မူေတြျဖစ္ေနတာေၾကာင့္ တခ်ိဳ ့လူနာေတြကိုေတာ့ စက္ရံုအနီးမွာပဲ ေစာင့္ၾကည့္စင္တာေတြထားျပီး ထုိင္းက်န္းမာေရး၀န္ထမ္းေတြက ကုသေပးေနပါတယ္။

ထိုင္းျမန္မာနယ္စပ္က ဒုကၡသည္နဲ႔ေရြေျပာင္းအလုပ္သမားေတြကို အဓိကကုသေပးေနတဲ့ ေဒါက္တာစင္သီယာေမာင္ရဲ႕ မယ္ေတာ္ေဆးခန္းမွာ အခုဆိုရင္ ပံုမွန္လူနာေတြကို ကုသေပးမႈေတြကို ရပ္နားထားၿပီး ေ႐ႊ႕ေျပာင္းအလုပ္သမားေတြထဲက ကိုဗစ္လူနာေတြကို အဓိက ကုသေပးေနရပါတယ္။

ကိုဗစ္အတည္ျပဳလူနာေတြကို အမ်ိဳးအစားခဲြၿပီး မဲေဆာက္ေဆးရံုႀကီးမွာ ေရာဂါ လကၡဏာျပင္းထန္တဲ့လူနာေတြထားေပမဲ့ ေရာဂါ မျပင္းထန္ဘဲ ေရာဂါျဖစ္ေနမွန္း အခ်ိန္မွီ သိတဲ့လူနာေတြကို မယ္ေတာ္ေဆးခန္းမွာ ကုသေပးေနရေၾကာင္း မယ္ေတာ္ေဆးခန္းတည္ေထာင္သူ ေဒါက္တာစင္သီယာေမာင္ကေျပာပါတယ္။

"လက္ရွိကေတာ့ကိုဗစ္လူနာေတြေပါ့ေနာ္အရင္ကေတာ့ ၃၀၀ ေလာက္ရိွတယ္အခုကေတာ့ ၂၀၀ ေလာက္ရွိတယ္။ ေဆးခန္းကိုေရာက္လာတဲ့ လူနာေတြကေတာ့ အမ်ားစုက ေတာ့ ေစာေစာစီးစီးေရာဂါရွာေတြျပီးေစာေစာလကၡဏာျပႀကတဲ့သူေတြတခ်ိဳ့ ကေတာ့ ေရာဂါပုိးရွိတဲ့လူနာနဲ့ထိေတြ ့ ျပီးေတာ့မသကၤာလို့လာစစ္ႀကသူေတြ ကိုယ့္အနိးနားမွာရွိတဲ့ ၀န္ထမ္းေတြအနီးနားမွာရွိတဲ့ အလုပ္သမားေတြလည္းပါတယ္ ေျပာမယ္ဆိုရင္ေတာ့ေစာေစာစီးစိးစစ္ေဆးျပီးေတာ့ေစာေစာစီးစီးကုသမူေတြ ေတြလုပ္တယ္"

လူနာေတြထဲက အနည္းငယ္စိုးရိမ္ရတဲ့လူနာေတြျဖစ္တဲ့ အ၀ါေရာင့္အဆင့္ သတ္မွတ္ခံထားရတဲ့လူနာေတြကိုေတာ့ ထုိင္းမဲေဆာက္ေဆးရံုႀကီးက အစီစဥ္နဲ႔ ရာခ့်္ဖတ္တကၠသိုလ္မွာ ဖြင့္ထားတဲ့ field Hospital မွာထားတယ္လို႔လည္း ေဒါက္တာစင္သီယာေမာင္က ေျပာပါတယ္။

"ကုသမူဆိုတာ က အသက္အရြယ္အရျဖစ္ေစ ေရာဂါအခံရိွသူေတြကုိေတာ့ သူတို့အစီစဥ္နဲ့မဲေဆာက္ေဆးရံုကိုိုပုိ့တာရွိတယ္ တျခားfield Hospital လို့ေခၚတဲ့ ရာခ်္ဖတ္တကၠသိုလ္ေနရာကိုပုိ႔တယ္။ ဒီမွာက်ေတာ့ ပံုမွန္သြားလာေနထုိင္လို့ရတဲ့သူေတြ ေရာဂါအေျခအေန သိပ္မျပင္းထန္ သိပ္မဆုိးတဲ့သူေတြ တခါတရံက်ေတာ့ ေအာက္စီဂ်င္က်လို့ေသရသူေတြရွိတယ္ ဒီမွာေတာ့ ေအာက္စီဂ်င္ရွိတယ္။ ဒီထဲမွာပဲစီမံခန့္ခဲြလို့ရတာရွိတယ္။ ထုိင္းေဆးရံုအတုိင္းပဲ ဓါတ္မွန္ရိုက္တဲ့ေနရာေတြလည္းရွိတယ္။ အေျခအေနက သူတို့သတ္မွတ္ထားတ့ဲအနီေရာင္ အ၀ါေရာင္ အစီမ္းေရာင္သတ္မွတ္ထားတယ္။ အ၀ါေရာင္အဆင့္ဆုိ ရင္သူတို့လာေခၚသြားတယ္ ပုိျပိး အာရံုစိုက္ႀကည့္ရမယ္ဆုိေတာ့ အဲဒီမွာလည္းဆရာ၀န္ေတြ ၂၄နာရီထားေပးတယ္ ေဆးရံုႀကီးလုိေတာ့မဟုတ္ဘူးဒါေပမယ့္ ေအာက္စီဂ်င္ေလးေတြပံုမွန္ရတာမ်ိုးေပါ့ ။"

ေလာေလာဆယ္ မယ္ေတာ္ေဆးခန္းကို သာမန္လူနာေတြအတြက္ ယာယီပိတ္ေပမဲ့ ၿပီးခဲ့တဲ့ တပါတ္ကစလို႔ ကိုယ္၀န္ေဆာင္ေတြ မီးဖြားမယ့္လူနာေတြကုိ ျပန္ၿပီးလက္ခံေပးထားတယ္လို႔ ေဒါက္တာစင္သီယာေမာင္က ေျပာပါတယ္။ ထိုင္းျမန္မာနယ္စပ္မွာရွိတဲ့ မယ္ေတာ္ေဆးခန္းဟာ ေသာင္းနဲ့ခ်ီရွိတဲ့ေရႊေျပာင္းအလုပ္သမားေတြကို ႏွစ္စဥ္ကုသေပးေနတာေၾကာင့္ အလုပ္သမားေတြ၊ ဒုကၡသည္ေတြအတြက္ အားထားရာ ေဆးခန္းတခုျဖစ္ပါတယ္။ အလွဴ႐ွင္ေတြ ေစတနာ႐ွင္ေတြရဲ႕ ေထာက္ပံ့မႈနဲ႔ လည္ပါတ္ေနတဲ့ ေဆးခန္းတခုလည္းျဖစ္ပါတယ္။ ေရာဂါမ်ိဳးစံုကို လက္ခံကုသေပးေနတဲ့ ဒီေဆးခန္းမွာ ဇြန္လကုန္ပိုင္းထဲကစလို႔ ကုိဗစ္လူနာေတြကို သီးသန္႔ ကုသေပးေနတာပါ။

တာခ့္ရိုင္ထဲမွာေတာ့ ဒီေန႔ ၾသဂုတ္လ ၂၄ ရက္ေန႔ တေန႔တည္းမွာပဲ ကိုဗစ္အတည္ျပဳလူနာ ၁၆၀ ေက်ာ္ရွိပါတယ္။ ဒီထဲမွာ မဲေဆာက္ၿမိဳ႕နယ္တြင္းက ကူးစက္သူ ၁၀၀ နီးပါး ပါပါတယ္။ ထုိင္းတႏို္င္ငံလံုးမွာေတာ့ ကိုဗစ္အတည္ျပဳလူနာ တသန္းေက်ာ္ရိွသြားၿပီျဖစ္ပါတယ္ရွင္။

...........................................................................

မဲေဆာက္ မယ္ေတာ္ေဆးခန္းမွာ ကိုဗစ္စင္တာဖြင့္
please wait

No media source currently available

0:00 0:04:05 0:00
တိုက္႐ိုက္ လင့္ခ္


မဲဆောက် မယ်တော်ဆေးခန်းမှာ ကိုဗစ်စင်တာဖွင့်

(Unicode)

ထိုင်းမြန်မာနယ်စပ ်တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့မှာရှိတဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို ကိုဗစ်လူနာကု ဆေးခန်းအဖြစ် ပြောင်းလဲ ကုသပေးနေရပါတယ်။ မြန်မာနိုင်ငံဘက်က ရွှေ့ပြောင်းအလုပ်သမား အများအပြားကြား ကိုဗစ်ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေတဲ့အတွက် မဲဆောက်ဆေးရုံကြီးအပြင် မယ်တော်ဆေးခန်းမှာ ကိုလူနာ၂၀၀ ကနေ ၃၀၀ လောက်အထိကို လက်ခံကုသပေးနေရတာဖြစ်ပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက အပြည့်အစုံ ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ အစုလိုက်အပြုံလိုက် ကိုဗစ်ကပ်ရောဂါ ကူးစက်နေကြတဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ရောဂါ သိပ် မပြင်းထန်တဲ့ ကိုဗစ်လူနာတွေကို ထိုင်းအစိုးရရဲ့ မဲဆောက်ဆေးရုံကြီးကနေ မယ်တော်ဆေးခန်းနဲ့ Field Hospital မှာ ကုသဖို့ လွဲပြောင်းပေးနေပါတယ်။ မြို့နယ်ကျန်းမာရေးဌာနရဲ့ တရားဝင်အသိအမှတ်ပြုမှုနဲ့ ဇွန်လ၂၈ ရက်နေ့ကစလို့ မယ်တော်ဆေးခန်းမှာ ကိုဗစ်-၁၉ ယာယီကုသရေး ဆေးရုံအဖြစ်၊ ရှုပ်ထွေး သို့မဟုတ် ပြင်းထန်ရောဂါများဖြစ် ပေါ်နိုင်တဲ့ အန္တရာယ်နည်းပါးသည်ဟု ယူဆရတဲ့ ကိုဗစ်လူနာတွေကို ကုသပေးနေတာပါ။ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အများစု အလုပ်လုပ်ကြတဲ့ စက်ရုံတွေ၊ အလုပ်သမား တန်းလျားတွေမှာ ကူးစက်မူတွေဖြစ်နေတာကြောင့် တချို့လူနာတွေကိုတော့ စက်ရုံအနီးမှာပဲ စောင့်ကြည့်စင်တာတွေထားပြီး ထိုင်းကျန်းမာရေးဝန်ထမ်းတွေက ကုသပေးနေပါတယ်။

ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်နဲ့ရွေပြောင်းအလုပ်သမားတွေကို အဓိကကုသပေးနေတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းမှာ အခုဆိုရင် ပုံမှန်လူနာတွေကို ကုသပေးမှုတွေကို ရပ်နားထားပြီး ရွှေ့ပြောင်းအလုပ်သမားတွေထဲက ကိုဗစ်လူနာတွေကို အဓိက ကုသပေးနေရပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေကို အမျိုးအစားခွဲပြီး မဲဆောက်ဆေးရုံကြီးမှာ ရောဂါ လက္ခဏာပြင်းထန်တဲ့လူနာတွေထားပေမဲ့ ရောဂါ မပြင်းထန်ဘဲ ရောဂါဖြစ်နေမှန်း အချိန်မှီ သိတဲ့လူနာတွေကို မယ်တော်ဆေးခန်းမှာ ကုသပေးနေရကြောင်း မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်ကပြောပါတယ်။

"လက်ရှိကတော့ကိုဗစ်လူနာတွေပေါ့နော်အရင်ကတော့ ၃၀၀ လောက်ရှိတယ်အခုကတော့ ၂၀၀ လောက်ရှိတယ်။ ဆေးခန်းကိုရောက်လာတဲ့ လူနာတွေကတော့ အများစုက တော့ စောစောစီးစီးရောဂါရှာတွေပြီးစောစောလက္ခဏာပြကြတဲ့သူတွေတချို့ ကတော့ ရောဂါပိုးရှိတဲ့လူနာနဲ့ထိတွေ့ ပြီးတော့မသင်္ကာလို့လာစစ်ကြသူတွေ ကိုယ့်အနိးနားမှာရှိတဲ့ ဝန်ထမ်းတွေအနီးနားမှာရှိတဲ့ အလုပ်သမားတွေလည်းပါတယ် ပြောမယ်ဆိုရင်တော့စောစောစီးစိးစစ်ဆေးပြီးတော့စောစောစီးစီးကုသမူတွေ တွေလုပ်တယ်"

လူနာတွေထဲက အနည်းငယ်စိုးရိမ်ရတဲ့လူနာတွေဖြစ်တဲ့ အဝါရောင့်အဆင့် သတ်မှတ်ခံထားရတဲ့လူနာတွေကိုတော့ ထိုင်းမဲဆောက်ဆေးရုံကြီးက အစီစဉ်နဲ့ ရာချ့်ဖတ်တက္ကသိုလ်မှာ ဖွင့်ထားတဲ့ field Hospital မှာထားတယ်လို့လည်း ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

"ကုသမူဆိုတာ က အသက်အရွယ်အရဖြစ်စေ ရောဂါအခံရှိသူတွေကိုတော့ သူတို့အစီစဉ်နဲ့မဲဆောက်ဆေးရုံကိုပို့တာရှိတယ် တခြားfield Hospital လို့ခေါ်တဲ့ ရာချ်ဖတ်တက္ကသိုလ်နေရာကိုပို့တယ်။ ဒီမှာကျတော့ ပုံမှန်သွားလာနေထိုင်လို့ရတဲ့သူတွေ ရောဂါအခြေအနေ သိပ်မပြင်းထန် သိပ်မဆိုးတဲ့သူတွေ တခါတရံကျတော့ အောက်စီဂျင်ကျလို့သေရသူတွေရှိတယ် ဒီမှာတော့ အောက်စီဂျင်ရှိတယ်။ ဒီထဲမှာပဲစီမံခန့်ခွဲလို့ရတာရှိတယ်။ ထိုင်းဆေးရုံအတိုင်းပဲ ဓါတ်မှန်ရိုက်တဲ့နေရာတွေလည်းရှိတယ်။ အခြေအနေက သူတို့သတ်မှတ်ထားတဲ့အနီရောင် အဝါရောင် အစီမ်းရောင်သတ်မှတ်ထားတယ်။ အဝါရောင်အဆင့်ဆို ရင်သူတို့လာခေါ်သွားတယ် ပိုပြိး အာရုံစိုက်ကြည့်ရမယ်ဆိုတော့ အဲဒီမှာလည်းဆရာဝန်တွေ ၂၄နာရီထားပေးတယ် ဆေးရုံကြီးလိုတော့မဟုတ်ဘူးဒါပေမယ့် အောက်စီဂျင်လေးတွေပုံမှန်ရတာမျိုးပေါ့ ။"

လောလောဆယ် မယ်တော်ဆေးခန်းကို သာမန်လူနာတွေအတွက် ယာယီပိတ်ပေမဲ့ ပြီးခဲ့တဲ့ တပါတ်ကစလို့ ကိုယ်ဝန်ဆောင်တွေ မီးဖွားမယ့်လူနာတွေကို ပြန်ပြီးလက်ခံပေးထားတယ်လို့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မယ်တော်ဆေးခန်းဟာ သောင်းနဲ့ချီရှိတဲ့ရွှေပြောင်းအလုပ်သမားတွေကို နှစ်စဉ်ကုသပေးနေတာကြောင့် အလုပ်သမားတွေ၊ ဒုက္ခသည်တွေအတွက် အားထားရာ ဆေးခန်းတခုဖြစ်ပါတယ်။ အလှူရှင်တွေ စေတနာရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ လည်ပါတ်နေတဲ့ ဆေးခန်းတခုလည်းဖြစ်ပါတယ်။ ရောဂါမျိုးစုံကို လက်ခံကုသပေးနေတဲ့ ဒီဆေးခန်းမှာ ဇွန်လကုန်ပိုင်းထဲကစလို့ ကိုဗစ်လူနာတွေကို သီးသန့် ကုသပေးနေတာပါ။

တာခ့်ရိုင်ထဲမှာတော့ ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့ တနေ့တည်းမှာပဲ ကိုဗစ်အတည်ပြုလူနာ ၁၆၀ ကျော်ရှိပါတယ်။ ဒီထဲမှာ မဲဆောက်မြို့နယ်တွင်းက ကူးစက်သူ ၁၀၀ နီးပါး ပါပါတယ်။ ထိုင်းတနိုင်ငံလုံးမှာတော့ ကိုဗစ်အတည်ပြုလူနာ တသန်းကျော်ရှိသွားပြီဖြစ်ပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG