သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ကိုဗစ်-၁၉ ကူးစက်သူ ၃,၁၆၆ ဦး၊ သေဆုံးသူ ၁၀၆ ဦး ထပ်တိုး


ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)/ (ဧရာကိုဗစ်စင်တာ-ရန်ကုန်)အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဇန်နဝါရီ ၂၁၊ ၂၀၂၁)
ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)/ (ဧရာကိုဗစ်စင်တာ-ရန်ကုန်)အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဇန်နဝါရီ ၂၁၊ ၂၀၂၁)

Zawgyi/Unicode

ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတဝန်းလုံးမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၂၉,၁၂၇ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ ၃,၁၆၆ ယောက်ရှိပြီး သေဆုံးသူ ၁၀၆ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံကို အာဏာသိမ်းအုပ်ချုပ်ထားတဲ့ စစ်ကောင်စီကတော့ ကာကွယ်ဆေးထိုးအစီအစဉ်ကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေး ၂ သန်း စနေနေ့ကပဲ ရောက်ရှိလာပါတယ်။ ၂ ကြိမ်ထိုး Sinopharm ကာကွယ်ဆေးက အခုတခေါက်နဲ့ဆိုရင် ၇သန်းခွဲကျော် ပို့ပေးပြီးဖြစ်တယ်လို့ တရုတ်သံရုံး လူမှုကွန်ရက်စာမျက်နှာမှာ ပြောထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်နေပြီး တချိို့ပြည်နယ်တွေက ကျောင်းတွေမှာ နှာခေါင်းစည်းတပ်ဖို့ စည်းမျဉ်းတွေထုတ်ပြန်ထားပေမဲ့ တချို့ပြည်နယ်တွေက ဒီလိုစည်းမျဉ်းမျိုးမရှိပါဘူး။ အထူးသဖြင့် အဲဒီလို နှာခေါင်းစည်းတပ်ဖို့မလိုတဲ့ ကျောင်းတွေမှာ ကိုဗစ်ကူးစက်မှုတွေ ဖြစ်ပွားတာ ဖြစ်တယ်လို့ CDC ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနက ပြောပါတယ်။ ကိုဗစ်ပြန်ဖြစ်တဲ့ ကျောင်းတွေ အွန်လိုင်းကပဲ သင်တဲ့ စနစ်ကို ခဏ ပြန်ပြောင်းထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာက ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပိုးကူးစက်မှု အသစ် ငါးသောင်းနီးပါးရှိခဲ့ပြီး ဆေးရုံတင်ရသူတွေလည်း ကလေးတွေတော်တော်များများ ပါလာပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ နိုင်ငံမှာ ကိုဗစ်ကူးစက်နေသူ အရေအတွက်က မနှစ်က ဒီအချိန်နဲ့ နှိုင်းယှဉ်ရင် ၂၆ ဆ မြင့်တက်တယ်လို့ စာရင်းအင်းဌာနက ပြောပါတယ်။ ဒါ့ကြောင့် ကျောင်းတွေ တက္ကသိုလ်တွေ ပြန်ဖွင့်ရင် ကူးစက်မှု ပိုများလာနိုင်တယ်လို့ အရာရှိတွေက သတိပေးနေပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ဒီကနေ့ ပိုးကူးစက်မှု အသစ် လေးသောင်းခွဲကျော်ခဲ့ပြီး Johns Hopkins ကိုရိုနာဗိုင်းရပ်စ် အချက်အလက်ဌာနရဲ့ မှတ်တမ်းအရ ကနေ့အချိန်ထိ လူပေါင်း ၃၂ သန်းကျော် ကူးစက်ပြီး ကမ္ဘာမှာ ပိုးကူးစက်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]






ဆက်စပ်သတင်းများ ...

XS
SM
MD
LG