သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်န္းမာေရး ပညာရွင္ ေဒါက္တာျမင့္ဦး ကြယ္လြန္


က်န္းမာေရး ပညာရွင္ ေဒါက္တာ ျမင့္ဦး။ (ဓာတ္ပံု- Dr. Myint Oo- Facebook)

(Zawgyi/ Unicode)

ျမန္မာႏိုင္ငံမွာ က်န္းမာေရး အသိပညာေပးလုပ္ငန္းေတြနဲ႔ ၀န္ေဆာင္မႈေတြအတြက္ ထင္ရွားတဲ့ ေဆးပညာရွင္ ေဒါက္တာျမင့္ဦး ဒီသီတင္းပတ္ထဲမွာပဲ ကိုဗစ္ေရာဂါနဲ႔ ကြယ္လြန္သြားတဲ့အေပၚ ႀကီးမားတဲ့ ဆုံး႐ႈံးမႈအျဖစ္ ရင္းႏွီးသူေတြက ယူၾကံဳးမရ ျဖစ္ေနၾကပါတယ္။

ကေလာင္နာမည္ ျမင့္ဦး (GP) လို႔ လူသိမ်ားတဲ့ အေထြေထြ ေရာဂါကု ဆရာ၀န္ႀကီး ေဒါက္တာျမင့္ဦးဟာ အသက္ ၆၈ ႏွစ္အရြယ္မွာ ကြယ္လြန္သြားခဲ့တာပါ။ ကိုဗစ္ေရာဂါ ကူးစက္မခံရခင္ အခ်ိန္အထိ ရန္ကုန္ၿမိဳ႕က အလံု၊ ဆင္မင္းရပ္ကြက္ ဆႏၵန္လမ္းက “ဝင္း ေဆးကုခန္း” ေလးမွာ ကပ္ေရာဂါဒဏ္ခံရသူေတြကို ကုသေပးေနခဲ့တဲ့ ေဒါက္တာျမင့္ဦး အေၾကာင္း အမွတ္ရစရာေတြကိုေတာ့ ကို၀င္းမင္းက ေျပာျပေပးမွာ ျဖစ္ပါတယ္။

ေဒါက္တာ ျမင့္ဦး အခုလို စ ျဖစ္ခဲ႔ရပံုကို အမ်ားသူငါ အၿမဲတြဲၿပီး ေတြ႔ခဲ႔ရတဲ႔ ဇနီးျဖစ္သူ အထက္တန္းျပ ေက်ာင္းဆရာမ အၿငိမ္းစား ေဒၚျပံဳးျပံဳးၾကည္က

“ မဆံုးခင္ေပါ့ေနာ္ သူ႔ေဆးခန္းမွာ နယ္ေတြကေန ေရာက္လာၾကတာ လူနာေတြေလ ေတာ္ေတာ္မ်ားမ်ားက ရန္ကုန္ အနီးတဝိုက္က ေအာက္ဆီဂ်င္ ဘူးႀကီးနဲ႔ ရႈလာၿပီးေတာ့ ကားေတြနဲ႔ လာၾကတာ။ အဲဒီ လူနာေတြကို သူ ကုေပးတာ။ တကယ္ေတာ့ သူတို႔လည္းဘဲ ဒီမွာ တျခား လက္မခံႏိုင္ေတာ့လို႔ေလ၊ က်မတို႔လည္း သိပါတယ္။ ဒီလူေတြရဲ႕ အေျခအေန။ ဒါေပမယ့္လည္း မျငင္းရက္ဘူးေလ။ သူလည္း ႀကိဳးစားၿပီး ကုတယ္။ ေတာ္ေတာ္ေလးလည္း သက္သာ ကုန္ၾကတယ္။ အသက္ ကယ္ေပးႏိုင္တာေပါ့။ စိုးရိမ္ လူနာေတြ တေန႔ တေန႔ ၇၀ - ၈၀ ေလာက္ ၾကည့္ေနတာ။ ေနာက္ သူလည္း ဖ်ား။ မိသားစုကလည္း ေျပာၾကတယ္ ပိတ္လိုက္ပါေတာ့ ဆိုတာကို သူ ႏိုင္ေသးတယ္၊ ႏိုင္ေသးတယ္ ဆိုရင္းကေန ျဖစ္သြားတာ။ ”

“ ဒါေတာင္ PPE တို႔ ဘာတို႔နဲ႔ ေတာက္ေလွ်ာက္ အရမ္းကို ဂ႐ုစိုက္ၿပီး လုပ္တာ။ ဒါေပမယ့္ လူနာက မႏိုင္မနင္း တအားကို မ်ားတဲ႔ အခါက်ေတာ့ အသက္ကလည္း ရလာၿပီ ဆိုေတာ့ ေနာက္ သူက ဆီးခ်ိဳလည္း ရွိတယ္ ဆိုေတာ့ ေနာက္ပိုင္းက်ေတာ့ သူ ဖ်ားပါေလေရာ။ ”
“ ဒါေပမယ့္ ျပန္စဥ္းစား ၾကည့္လိုက္ေတာ့လည္း သူက လူနာေတြ အမ်ားႀကီး အသက္ကို ကယ္ခဲ႔တာ။ သူ႔အသက္နဲ႔ ရင္းၿပီးေတာ့ လူနာေတြ အသက္ကို ကယ္ခဲ႔တာ။ က်မ ၀မ္းသာပါတယ္။ ေက်နပ္ပါတယ္။ ”

တကယ္ေတာ့ အခုလို Covid တတိယလိႈင္း ျဖစ္လာႏိုင္တာကို ေဒါက္တာ ျမင့္ဦးက ေဖေဖာ္ဝါရီ လဆန္း စစ္အာဏာသိမ္းၿပီး ကတည္းက ဗြီအိုေအ က်န္းမာေရး က႑မွာ ႀကိဳ သတိေပးခဲ႔ပါတယ္။

“ ယေန႔ စစ္အာဏာရွင္ သိမ္းၿပီးတဲ႔ေနာက္ ေနာက္ေနာင္ Covid ေတြ ျပန္တက္လာဖို႔ အလားအလာ က်ေနာ္တို႔ စိတ္ပူစရာ ရွိတယ္။ ဒီ ေခါင္းေဆာင္ကိုလည္း လူထုက မယံုၾကည္ဘူး။ ဒီအခ်ိန္မွာ သူမ်ားႏိုင္ငံမွာ ေျပာေနတဲ႔ Third Wave က ထပ္လာႏိုင္တယ္ ဆိုေတာ့ က်ေနာ္တို႔ လူေတြ အားလံုးက စည္းကမ္း တက်နဲ႔ေပါ့ အနည္းဆံုးေတာ့ Mask ေလး တပ္ၿပီး လူခ်င္း မပူးကပ္ၾကနဲ႔။ ဒါမ်ိဳးေတြေတာ့ လိုပါေသးတယ္။ ”

အႏွစ္ ၄၀ ေက်ာ္ ကိုယ္ပိုင္ ေဆးခန္း ဖြင့္ခဲ႔ၿပီး ေဆးခန္းပိတ္ခ်ိန္ ညမိုးခ်ဳပ္သည္ထိ က်န္းမာေရး ပညာေပး အင္တာဗ်ဴးေတြ ေပးေလ႔ ရွိတဲ႔ ေဒါက္တာ ျမင့္ဦး ေနာက္ဆံုး ဆံုးပါး သြားရပံုကိုလည္း အလံု အထက ၂ မွာ စာျပခဲ႔တဲ႔ ေဒၚျပံဳးျပံဳးၾကည္က

“ ေဆးရံုကလည္း ဂ႐ုစိုက္ပါတယ္။ ဒါေပမယ့္ ေဆးရံုမွာလည္း လူနာမ်ားတယ္။ ေအာက္ဆီဂ်င္လည္း အကုန္လံုးက လိုၾကတာေလ။ ျပည့္စံုေအာင္ေတာ့ မျဖည့္ႏိုင္ဘူးေပါ့။ အမတို႔က ေအာက္ဆီဂ်င္ အိုးေတြ ဘာေတြ အၿမဲတမ္း ထည့္ထည့္ၿပီး လုပ္ေပးတယ္။ ဒါေပမယ့္ တျဖည္းျဖည္းနဲ႔ သူ႔ အဆုတ္က သိပ္ၿပီး ခံႏိုင္ရည္ မရွိေတာ႔ တျဖည္းျဖည္း က်လာတာ။ ဆီးခ်ိဳလည္း နည္းနည္း တက္လာတာေပါ့။ အဲဒါေၾကာင့္ မို႔လို႔ ျဖစ္သြားတာ။”

ဒါ႔အျပင္ စစ္အာဏာသိမ္းၿပီး က်န္းမာေရး စနစ္ အားနည္းလာခ်ိန္မွာ ကိုယ္တိုင္ အခု ေဆးရံုမွာ ၾကံဳခဲ႔ရတဲ႔ ေဆးရံုေတြ ၀န္ပိလြယ္ႏိုင္တဲ႔ တတိယလိႈင္း ထန္လာႏိုင္တာ အတြက္လည္း ေမလဆန္းကတည္းက ဗြီအိုေအ က်န္းမာေရး ပညာေပးမွာ ဆရာျမင့္ဦးက စ သတိေပး ခဲ႔ပါတယ္။

“ အာဏာ မသိမ္းခင္က တေန႔ တေန႔ကို ေသာင္းဂဏန္း စစ္တဲ႔ အခ်ိန္မွာ က်န္းမာေရး စနစ္ႀကီး ၿပိဳလဲသြားတာ။ ေနာက္ပိုင္း တေန႔မွ ေထာင္ဂဏန္းေတာင္ မျပည့္ေအာင္ စစ္ေတာ့ ေမလ ၂ ရက္ေန႔ထိ က်ေနာ္ ၾကည့္လိုက္တာ အားလံုးေပါင္း ၁၄၀,၀၀၀ ထိုးတက္သြားၿပီ။ အဲဒီေတာ့ ဒီ Covid က ကိုယ့္ရဲ႕ အိမ္နီးခ်င္း ႏိုင္ငံေတြမွာ အိႏၵိယ ဆိုရင္ ေန႔စဥ္ သိန္းနဲ႔ခ်ီၿပီး ေတြ႕ေနတယ္။ ေသတာ ေထာင္နဲ႔ခ်ီၿပီး ေသေနေတာ့ မီးသၿဂိဳဟ္ရတာေတြ စုၿပီးေတာ့ ျပံဳၿပီးေတာ့ အေလာင္းေတြကို မီးရိႈ႕ေနရတဲ႔ အေနအထားမ်ိဳး လူေပါင္း သန္း ၂၀ ေလာက္ကို တခါတည္း ျဖစ္လာတဲ႔ အခါမွာ ၂ သိန္းေလာက္ ေသေပးလိုက္ရတယ္။ က်ေနာ္တို႔ ႏိုင္ငံ တတိယ လိႈင္း ထႏိုင္မလား ဆိုေတာ့ ထႏိုင္ေျခ ရွိတယ္။ ”

အဲဒီေတာ့ ဆရာ ျမင့္ဦး အတြက္ အဓိက ဘာ အမွတ္ရမိပါလဲလို႔ ဇနီးသည္ကို ေမးရာမွာ
“ သူကေလ ျမန္မာ ျပည္သူေတြကိုလည္း ခ်စ္တယ္။ ျပည္သူေတြ အတြက္ က်န္းမာေရးဆိုလည္း သူ အၿမဲတမ္း စဥ္းစားေနတယ္။ ေနာက္ အၿမဲတမ္း ေျပာတယ္ ငါ့ေဆးခန္းကို လာတဲ႔ လူနာေတြက ျမန္ျမန္ ေပ်ာက္မွ ျဖစ္မယ္တဲ႔။ မဟုတ္လို႔ ရွိရင္တဲ႔ ေငြကုန္ေၾကးက် မ်ားေတာ့ မတတ္ႏိုင္မွာ စိုးရတယ္တဲ႔။ သူ အၿမဲတမ္း ေျပာတယ္။ အဲဒါေၾကာင့္ သူ အၿမဲတမ္း ႀကိဳးစားၿပီးေတာ့ ကုေပးတဲ႔ အျပင္ ေနာက္ကို သူ ဒီလို မျဖစ္ေအာင္ ဘယ္လို ေနရမယ္၊ ဘယ္လို ထိုင္ရမယ္ဆိုတာ သူ အၿမဲတမ္း ေျပာတယ္။ တကယ္ကို မတတ္ႏိုင္တဲ႔ သူေတြ ဆိုလို႔ ရွိရင္လည္း က်မတို႔ ေဆးရံု တင္ေပးတယ္။ က်မဆီကို သူ႔ လူနာေတြ ဆက္ၾကတယ္။ ငိုၾက ယိုၾကနဲ႔ေပါ့ေလ။ တကယ္ဘဲ ဆံုးရံႈးမႈႀကီး တခုပါဘဲ။ ”

ဒါ႔အျပင္ ဗြီအိုေအ က်န္းမာေရး က႑ အတြက္ ဆရာျမင့္ဦး က်ေနာ္႔ကို ခ်ိတ္ေပးခဲ႔တဲ႔ သူ႔ရဲ႕ ငယ္ေပါင္းႀကီးေဖာ္ ပါေမာကၡ ေဒါက္တာ ေစာ၀င္းကလည္း

“ ထူးျခားတာက သူက ငယ္ငယ္ကတည္းက ေပ်ာ္တတ္တယ္ဗ်။ ရယ္စရာ ေမာစရာလည္း ေျပာတတ္တယ္။ သူ႔ လူနာေတြက ေျပာတယ္ သူ႔ေဆးခန္းသြားရင္တဲ႔ ရီေနရတယ္ေပါ့ေနာ္။ ႏိုင္ငံျခားမွာလည္း ဒီ Fullbright ပညာသင္ဆုေတြ ဘာေတြ သြားရတယ္။ အေထြေထြ ေရာဂါကု ဆရာ၀န္ေတြထဲမွာေတာ့ အျမင္ေတြ အမ်ားႀကီး ရွိတယ္ေပါ့။ ဗမာျပည္ရဲ႕ အေထြေထြ ေရာဂါကု ဆရာ၀န္ေတြရဲ႕ ပညာရည္ တိုးတက္ေရး အတြက္လည္း အမ်ားႀကီး လုပ္ခဲ႔ပါတယ္။ အဲဒါေတြ အကုန္လံုးကေတာ့ ေလးစားစရာေတြပါဘဲ။ ႀကီးမားတဲ႔ ဆံုးရံႈးမႈ တခုပါဘဲ။ ”

တကယ္ေတာ့ Covid တတိယလိႈင္းမွာ ဗြီအိုေအ အပါအ၀င္ မီဒီယာ ေပါင္းစံုကို ႏွစ္ေပါင္း ၃၀ ေက်ာ္ ထိေရာက္တဲ႔ က်န္းမာေရး ပညာေပးေတြ လုပ္ခဲ႔တဲ႔ ေဒါက္တာ ျမင့္ဦးကို အားလံုး လြမ္းဆြတ္ေနမွာ ျဖစ္ပါတယ္။

က်န္းမာေရး ပညာရွင္ ေဒါက္တာျမင့္ဦး ကြယ္လြန္
please wait

No media source currently available

0:00 0:04:45 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

ကျန်းမာရေး ပညာရှင် ဒေါက်တာမြင့်ဦး ကွယ်လွန်

မြန်မာနိုင်ငံမှာ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုတွေအတွက် ထင်ရှားတဲ့ ဆေးပညာရှင် ဒေါက်တာမြင့်ဦး ဒီသီတင်းပတ်ထဲမှာပဲ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားတဲ့အပေါ် ကြီးမားတဲ့ ဆုံးရှုံးမှုအဖြစ် ရင်းနှီးသူတွေက ယူကြုံးမရ ဖြစ်နေကြပါတယ်။ ကလောင်နာမည် မြင့်ဦး (GP) လို့ လူသိများတဲ့ အထွေထွေ ရောဂါကု ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးဟာ အသက် ၆၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။

ကိုဗစ်ရောဂါ ကူးစက်မခံရခင် အချိန်အထိ ရန်ကုန်မြို့က အလုံ၊ ဆင်မင်းရပ်ကွက် ဆန္ဒန်လမ်းက “ဝင်း ဆေးကုခန်း” လေးမှာ ကပ်ရောဂါဒဏ်ခံရသူတွေကို ကုသပေးနေခဲ့တဲ့ ဒေါက်တာမြင့်ဦး အကြောင်း အမှတ်ရစရာတွေကိုတော့ ကိုဝင်းမင်းက ပြောပြပေးမှာ ဖြစ်ပါတယ်။

ဒေါက်တာ မြင့်ဦး အခုလို စ ဖြစ်ခဲ့ရပုံကို အများသူငါ အမြဲတွဲပြီး တွေ့ခဲ့ရတဲ့ ဇနီးဖြစ်သူ အထက်တန်းပြ ကျောင်းဆရာမ အငြိမ်းစား ဒေါ်ပြုံးပြုံးကြည်က

“ မဆုံးခင်ပေါ့နော် သူ့ဆေးခန်းမှာ နယ်တွေကနေ ရောက်လာကြတာ လူနာတွေလေ တော်တော်များများက ရန်ကုန် အနီးတဝိုက်က အောက်ဆီဂျင် ဘူးကြီးနဲ့ ရှုလာပြီးတော့ ကားတွေနဲ့ လာကြတာ။ အဲဒီ လူနာတွေကို သူ ကုပေးတာ။ တကယ်တော့ သူတို့လည်းဘဲ ဒီမှာ တခြား လက်မခံနိုင်တော့လို့လေ၊ ကျမတို့လည်း သိပါတယ်။ ဒီလူတွေရဲ့ အခြေအနေ။ ဒါပေမယ့်လည်း မငြင်းရက်ဘူးလေ။ သူလည်း ကြိုးစားပြီး ကုတယ်။ တော်တော်လေးလည်း သက်သာ ကုန်ကြတယ်။ အသက် ကယ်ပေးနိုင်တာပေါ့။ စိုးရိမ် လူနာတွေ တနေ့ တနေ့ ၇၀ - ၈၀ လောက် ကြည့်နေတာ။ နောက် သူလည်း ဖျား။ မိသားစုကလည်း ပြောကြတယ် ပိတ်လိုက်ပါတော့ ဆိုတာကို သူ နိုင်သေးတယ်၊ နိုင်သေးတယ် ဆိုရင်းကနေ ဖြစ်သွားတာ။ ”

“ ဒါတောင် PPE တို့ ဘာတို့နဲ့ တောက်လျှောက် အရမ်းကို ဂရုစိုက်ပြီး လုပ်တာ။ ဒါပေမယ့် လူနာက မနိုင်မနင်း တအားကို များတဲ့ အခါကျတော့ အသက်ကလည်း ရလာပြီ ဆိုတော့ နောက် သူက ဆီးချိုလည်း ရှိတယ် ဆိုတော့ နောက်ပိုင်းကျတော့ သူ ဖျားပါလေရော။ ”

“ ဒါပေမယ့် ပြန်စဉ်းစား ကြည့်လိုက်တော့လည်း သူက လူနာတွေ အများကြီး အသက်ကို ကယ်ခဲ့တာ။ သူ့အသက်နဲ့ ရင်းပြီးတော့ လူနာတွေ အသက်ကို ကယ်ခဲ့တာ။ ကျမ ဝမ်းသာပါတယ်။ ကျေနပ်ပါတယ်။ ”

တကယ်တော့ အခုလို Covid တတိယလှိုင်း ဖြစ်လာနိုင်တာကို ဒေါက်တာ မြင့်ဦးက ဖေဖော်ဝါရီ လဆန်း စစ်အာဏာသိမ်းပြီး ကတည်းက ဗွီအိုအေ ကျန်းမာရေး ကဏ္ဍမှာ ကြို သတိပေးခဲ့ပါတယ်။

“ ယနေ့ စစ်အာဏာရှင် သိမ်းပြီးတဲ့နောက် နောက်နောင် Covid တွေ ပြန်တက်လာဖို့ အလားအလာ ကျနော်တို့ စိတ်ပူစရာ ရှိတယ်။ ဒီ ခေါင်းဆောင်ကိုလည်း လူထုက မယုံကြည်ဘူး။ ဒီအချိန်မှာ သူများနိုင်ငံမှာ ပြောနေတဲ့ Third Wave က ထပ်လာနိုင်တယ် ဆိုတော့ ကျနော်တို့ လူတွေ အားလုံးက စည်းကမ်း တကျနဲ့ပေါ့ အနည်းဆုံးတော့ Mask လေး တပ်ပြီး လူချင်း မပူးကပ်ကြနဲ့။ ဒါမျိုးတွေတော့ လိုပါသေးတယ်။ ”

အနှစ် ၄၀ ကျော် ကိုယ်ပိုင် ဆေးခန်း ဖွင့်ခဲ့ပြီး ဆေးခန်းပိတ်ချိန် ညမိုးချုပ်သည်ထိ ကျန်းမာရေး ပညာပေး အင်တာဗျူးတွေ ပေးလေ့ ရှိတဲ့ ဒေါက်တာ မြင့်ဦး နောက်ဆုံး ဆုံးပါး သွားရပုံကိုလည်း အလုံ အထက ၂ မှာ စာပြခဲ့တဲ့ ဒေါ်ပြုံးပြုံးကြည်က

“ ဆေးရုံကလည်း ဂရုစိုက်ပါတယ်။ ဒါပေမယ့် ဆေးရုံမှာလည်း လူနာများတယ်။ အောက်ဆီဂျင်လည်း အကုန်လုံးက လိုကြတာလေ။ ပြည့်စုံအောင်တော့ မဖြည့်နိုင်ဘူးပေါ့။ အမတို့က အောက်ဆီဂျင် အိုးတွေ ဘာတွေ အမြဲတမ်း ထည့်ထည့်ပြီး လုပ်ပေးတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူ့ အဆုတ်က သိပ်ပြီး ခံနိုင်ရည် မရှိတော့ တဖြည်းဖြည်း ကျလာတာ။ ဆီးချိုလည်း နည်းနည်း တက်လာတာပေါ့။ အဲဒါကြောင့် မို့လို့ ဖြစ်သွားတာ။”

ဒါ့အပြင် စစ်အာဏာသိမ်းပြီး ကျန်းမာရေး စနစ် အားနည်းလာချိန်မှာ ကိုယ်တိုင် အခု ဆေးရုံမှာ ကြုံခဲ့ရတဲ့ ဆေးရုံတွေ ဝန်ပိလွယ်နိုင်တဲ့ တတိယလှိုင်း ထန်လာနိုင်တာ အတွက်လည်း မေလဆန်းကတည်းက ဗွီအိုအေ ကျန်းမာရေး ပညာပေးမှာ ဆရာမြင့်ဦးက စ သတိပေး ခဲ့ပါတယ်။

“ အာဏာ မသိမ်းခင်က တနေ့ တနေ့ကို သောင်းဂဏန်း စစ်တဲ့ အချိန်မှာ ကျန်းမာရေး စနစ်ကြီး ပြိုလဲသွားတာ။ နောက်ပိုင်း တနေ့မှ ထောင်ဂဏန်းတောင် မပြည့်အောင် စစ်တော့ မေလ ၂ ရက်နေ့ထိ ကျနော် ကြည့်လိုက်တာ အားလုံးပေါင်း ၁၄၀,၀၀၀ ထိုးတက်သွားပြီ။ အဲဒီတော့ ဒီ Covid က ကိုယ့်ရဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ အိန္ဒိယ ဆိုရင် နေ့စဉ် သိန်းနဲ့ချီပြီး တွေ့နေတယ်။ သေတာ ထောင်နဲ့ချီပြီး သေနေတော့ မီးသဂြိုဟ်ရတာတွေ စုပြီးတော့ ပြုံပြီးတော့ အလောင်းတွေကို မီးရှို့နေရတဲ့ အနေအထားမျိုး လူပေါင်း သန်း ၂၀ လောက်ကို တခါတည်း ဖြစ်လာတဲ့ အခါမှာ ၂ သိန်းလောက် သေပေးလိုက်ရတယ်။ ကျနော်တို့ နိုင်ငံ တတိယ လှိုင်း ထနိုင်မလား ဆိုတော့ ထနိုင်ခြေ ရှိတယ်။ ”

အဲဒီတော့ ဆရာ မြင့်ဦး အတွက် အဓိက ဘာ အမှတ်ရမိပါလဲလို့ ဇနီးသည်ကို မေးရာမှာ

“ သူကလေ မြန်မာ ပြည်သူတွေကိုလည်း ချစ်တယ်။ ပြည်သူတွေ အတွက် ကျန်းမာရေးဆိုလည်း သူ အမြဲတမ်း စဉ်းစားနေတယ်။ နောက် အမြဲတမ်း ပြောတယ် ငါ့ဆေးခန်းကို လာတဲ့ လူနာတွေက မြန်မြန် ပျောက်မှ ဖြစ်မယ်တဲ့။ မဟုတ်လို့ ရှိရင်တဲ့ ငွေကုန်ကြေးကျ များတော့ မတတ်နိုင်မှာ စိုးရတယ်တဲ့။ သူ အမြဲတမ်း ပြောတယ်။ အဲဒါကြောင့် သူ အမြဲတမ်း ကြိုးစားပြီးတော့ ကုပေးတဲ့ အပြင် နောက်ကို သူ ဒီလို မဖြစ်အောင် ဘယ်လို နေရမယ်၊ ဘယ်လို ထိုင်ရမယ်ဆိုတာ သူ အမြဲတမ်း ပြောတယ်။ တကယ်ကို မတတ်နိုင်တဲ့ သူတွေ ဆိုလို့ ရှိရင်လည်း ကျမတို့ ဆေးရုံ တင်ပေးတယ်။ ကျမဆီကို သူ့ လူနာတွေ ဆက်ကြတယ်။ ငိုကြ ယိုကြနဲ့ပေါ့လေ။ တကယ်ဘဲ ဆုံးရှုံးမှုကြီး တခုပါဘဲ။ ”

ဒါ့အပြင် ဗွီအိုအေ ကျန်းမာရေး ကဏ္ဍ အတွက် ဆရာမြင့်ဦး ကျနော့်ကို ချိတ်ပေးခဲ့တဲ့ သူ့ရဲ့ ငယ်ပေါင်းကြီးဖော် ပါမောက္ခ ဒေါက်တာ စောဝင်းကလည်း
“ ထူးခြားတာက သူက ငယ်ငယ်ကတည်းက ပျော်တတ်တယ်ဗျ။ ရယ်စရာ မောစရာလည်း ပြောတတ်တယ်။ သူ့ လူနာတွေက ပြောတယ် သူ့ဆေးခန်းသွားရင်တဲ့ ရီနေရတယ်ပေါ့နော်။ နိုင်ငံခြားမှာလည်း ဒီ Fullbright ပညာသင်ဆုတွေ ဘာတွေ သွားရတယ်။ အထွေထွေ ရောဂါကု ဆရာဝန်တွေထဲမှာတော့ အမြင်တွေ အများကြီး ရှိတယ်ပေါ့။ ဗမာပြည်ရဲ့ အထွေထွေ ရောဂါကု ဆရာဝန်တွေရဲ့ ပညာရည် တိုးတက်ရေး အတွက်လည်း အများကြီး လုပ်ခဲ့ပါတယ်။ အဲဒါတွေ အကုန်လုံးကတော့ လေးစားစရာတွေပါဘဲ။ ကြီးမားတဲ့ ဆုံးရှုံးမှု တခုပါဘဲ။ ”

တကယ်တော့ Covid တတိယလှိုင်းမှာ ဗွီအိုအေ အပါအဝင် မီဒီယာ ပေါင်းစုံကို နှစ်ပေါင်း ၃၀ ကျော် ထိရောက်တဲ့ ကျန်းမာရေး ပညာပေးတွေ လုပ်ခဲ့တဲ့ ဒေါက်တာ မြင့်ဦးကို အားလုံး လွမ်းဆွတ်နေမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG