သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မံုရြာ ကပ္ေရာဂါထိန္းခ်ဳပ္ေရး ေန႔မထြက္ရအမိန္႔ ျပန္႐ုပ္ေတာ့မယ္


(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါထိန္းခ်ဳပ္ဖို႔အတြက္ မုံ႐ြာၿမိဳ႕မွာ ေန႔အခ်ိန္မထြက္ရ သတ္မွတ္ခ်က္ ႏွစ္ပတ္ျပည့္ၿပီးေနာက္ ျပန္႐ုပ္သိမ္းေတာ့မွာျဖစ္ပါတယ္။ ဒီေဒသႏၲရအမိန႔္ ထုတ္ျပန္ထားတဲ့ကာလအတြင္း စားေသာက္ေနထိုင္ေရး အခက္အခဲေၾကာင့္ အလံေထာင္ အကူအညီေတာင္းတဲ့အိမ္ေျခ ၁,၀၀၀ ေက်ာ္အထိရွိခဲ့တယ္လို႔ ကူညီေဆာင္႐ြက္ေပးေနသူေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို နန္းေလာင္ဝ္ကပာျပမွာပါ။

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕မွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈႏႈန္းမ်ားေနတာ ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ဩဂုတ္လ ၁၄ ရက္ေန႔ကစၿပီး မနက္ ၁၁ နာရီကေန ညေန ၄ နာရီအထိ ေန႔အခ်ိန္ မထြက္ရအမိန႔္ကို သတ္မွတ္ခဲ့ပါတယ္။ ဒီသတ္မွတ္ခ်က္ထုတ္တာ သီတင္း ႏွစ္ပတ္ျပည့္မယ့္ မနက္ျဖန္ ဩဂုတ္လ ၂၈ ရက္ေန႔ကစၿပီး ဒီအမိန႔္ကို ျပန္႐ုပ္သိမ္းေတာ့မယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ ေန႔အခ်ိန္မထြက္ရ ကန႔္သတ္ခ်က္ေတြေၾကာင့္ ကပ္ေဘးကာလမွာ စားဝတ္ေနေရးခက္ခဲသူ ပိုမ်ားလာတယ္လို႔ မုံ႐ြာအေျခစိုက္ လူမႈကူညီေရးအဖြဲ႕ဝင္တဦးက ေျပာပါတယ္။

"မနက္ျဖန္ကေတာ့ ေန႔မထြက္ရအမိန႔္ ႐ုပ္သိမ္းတာကိုေတာ့ သက္ဆိုင္ရာတာဝန္ရွိသူေတြ ေၾကညာထားပါတယ္ဗ်။ ေျမျပင္အေျခအေနမွာေတာ့ ႏွစ္ပတ္တာ ကာလအတြင္းမွာ ျပည္သူေတြက ေတာ္ေတာ္ေလးကို အၾကပ္အတည္းေတြ႕သြားတာေပါ့။ မနက္ ၁၁ ကေန ညေန ၄ ဆိုေတာ့ အလုပ္ေတြ လုံးဝဖ်က္ရတယ္ဆိုေတာ့ သူတို႔မွာ ဝင္ေငြမရွိဘူး။ ဝင္ေငြမရွိေတာ့ တခ်ိဳ႕စားဝတ္ေနေရး ခက္ခဲတဲ့အိမ္ေတြက အလံျဖဴေထာင္တဲ့အိမ္ေျခကိုက မုံ႐ြာမွာ အားလုံးေပါင္း ၁,၀၀၀ ေက်ာ္သြားၿပီဗ်။ ဒီ ႏွစ္ပတ္အတြင္းမွာေပါ့။ ညေစ်းတန္းေတြကလည္း ႏွစ္ပတ္အတြင္း ပိတ္ၿပီးေတာ့ ႏွစ္ပတ္ေက်ာ္ရင္ ဖြင့္ခြင့္ကလည္း ညေစ်းတန္းေတြအကုန္လုံးကလည္း လုံးဝပိတ္သိမ္းေၾကာင္း သူတို႔က ေၾကညာထားတယ္။"

ေန႔အခ်ိန္မထြက္ရအမိန႔္ ျပန္႐ုတ္သိမ္းမွာျဖစ္ေပမဲ့ ည ၈ နာရီကေန မနက္ ၃ နာရီအထိ သတ္မွတ္ထားတဲ့ ညမထြက္ရအမိန႔္ကေတာ့ ဆက္ရွိေနပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၃ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ မလိုအပ္ရင္ အိမ္ျပင္မထြက္ရ Stay at home ကန႔္သတ္ခ်က္လည္း ဆက္ရွိေနပါတယ္။ မုံ႐ြာၿမိဳ႕မွာ ကိုဗစ္ကူးစက္မႈအေျခအေနကေတာ့ အရင္ထက္စာရင္ တျဖည္းျဖည္းက်ဆင္းလာၿပီလို႔လည္း ပရဟိတေဆာင္႐ြက္သူေတြက ေျပာပါတယ္။

"သူတို႔ေတြကိုေတာ့ က်ေနာ္တို႔က တိုက္႐ိုက္ေျပာလို႔မရေပမယ့္ ဒီအမိန႔္က ျပည္သူေတြအတြက္လည္း အက်ိဳးမရွိဘူး။ ေရာဂါေလ်ာ့က်ဖို႔အတြက္လည္း အက်ိဳးမရွိဘူး။ ေရာဂါေလ်ာ့က်သြားတယ္ဆိုတာက ေအာက္စီဂ်င္ေတြ ပိုၿပီးေတာ့ရလာတာေၾကာင့္ရယ္၊ တျခားအဖြဲ႕အစည္းေတြကလည္း ေအာက္စီဂ်င္စက္႐ုံေတြ ေထာင္ၿပီးေတာ့ ေသခ်ာေလးကို ထုတ္ေပးတာေၾကာင့္မို႔ ေရာဂါအေျခအေနက က်သြားတာျဖစ္တယ္။ ဒီ ေန႔မထြက္ရအမိန႔္ထုတ္တာေၾကာင့္ က်သြားတာေတာ့ မဟုတ္ဘူးဗ်။"
ႏိုင္ငံတြင္း ကာကြယ္ေဆးထိုးရမယ့္ လူဦးေရရဲ႕ ၅၀% ကို ဒီႏွစ္ထဲမွာ ေဆးအျပည့္အဝထိုးႏွံေပးႏိုင္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ စစ္ေကာင္စီက ဒီကေန႔ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသြားတာပါ။ ဒါ့အျပင္ တိုင္းရင္းသားလက္နက္ကိုင္ ေဒသမွာရွိသူေတြနဲ႔ စစ္ေဘးေရွာင္စခန္းမွာ ေနထိုင္သူေတြကိုပါ ကာကြယ္ေဆးထိုးေပးႏိုင္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။

"အခ်ိဳ႕ေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား EAO မ်ားရဲ႕ ေဒသတြင္းမွာရွိေနသူမ်ားကို ကာကြယ္ေဆးထိုးႏွံႏိုင္ေရး ေဆာင္႐ြက္ေပးဖို႔ သက္ဆိုင္ရာ EAO အဖြဲ႕မ်ားက ဆက္သြယ္အေၾကာင္းၾကားလာတဲ့အတြက္ EAO အဖြဲ႕မ်ားရွိရာေနရာက အက်ဳံးဝင္တဲ့ ေဒသခံျပည္သူေတြကို ကာကြယ္ေဆးထိုးႏွံႏိုင္ဖို႔ ေဆာင္႐ြက္လ်က္ရွိၿပီး စစ္ေဘးေရွာင္စခန္း IDP Camp မွ လူမ်ားကိုလည္း ကာကြယ္ေဆးထိုးႏွံေပးလ်က္ ရွိပါတယ္။ ေနာက္တခု က်ေနာ္အေလးထားေျပာလိုတာကေတာ့ ဘူးသီးေတာင္၊ ေမာင္ေတာ ေဒသနဲ႔ ရခိုင္ျပည္နယ္မွာရွိတဲ့ ဘဂၤလီမ်ားကိုလည္း ကိုဗစ္ ၁၉ ကာကြယ္ေဆးမ်ား ထိုးႏွံေပးသြားမွာျဖစ္ပါတယ္။"

တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္ေရာဂါကာကြယ္ေဆး ၄သန္း ဒီတပတ္ထဲ ေရာက္ရွိမွာျဖစ္ၿပီး ႐ုရွားႏိုင္ငံကေနလည္း ကာကြယ္ေဆး ၂ သန္း ဒီလထဲ အသုတ္လိုက္ခြဲေရာက္ဖို႔ ရွိတယ္လို႔ ေျပာပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စာရင္းအရဆို ျပည္တြင္းမွာ ကိုဗစ္အတည္ျပဳလူနာ စုစုေပါင္း ၃၈၃,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၄,၈၀၀ ေက်ာ္ ရွိပါတယ္။ တကယ္တမ္း အေရအတြက္က ဒီ့ထက္အမ်ားႀကီး ပိုမ်ားတယ္လို႔ ကပ္ေရာဂါတိုက္ဖ်က္ေရးမွာ ပါဝင္ေနတဲ့ ပရဟိတအဖြဲ႕ေတြနဲ႔ က်န္းမာေရးပညာရွင္ေတြကေတာ့ ေျပာၾကပါတယ္။ ကပ္ေရာဂါထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ Satay at home ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္ေပါင္းကေတာ့ ၁၁၉ ၿမိဳ႕နယ္ရွိသြားၿပီျဖစ္ပါတယ္။

..........................................................................................

မုံရွာ ကပ်ရောဂါထိန်းချုပ်ရေး နေ့မထွက်ရအမိန့် ပြန်ရုပ်တော့မယ်

ကိုဗစ်ကပ်ရောဂါထိန်းချုပ်ဖို့အတွက် မုံရွာမြို့မှာ နေ့အချိန်မထွက်ရ သတ်မှတ်ချက် နှစ်ပတ်ပြည့်ပြီးနောက် ပြန်ရုပ်သိမ်းတော့မှာဖြစ်ပါတယ်။ ဒီဒေသန္တရအမိန့် ထုတ်ပြန်ထားတဲ့ကာလအတွင်း စားသောက်နေထိုင်ရေး အခက်အခဲကြောင့် အလံထောင် အကူအညီတောင်းတဲ့အိမ်ခြေ ၁,၀၀၀ ကျော်အထိရှိခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို နန်းလောင်ဝ်ကပာပြမှာပါ။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနှုန်းများနေတာ ထိန်းချုပ်နိုင်ဖို့အတွက် ဩဂုတ်လ ၁၄ ရက်နေ့ကစပြီး မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ နေ့အချိန် မထွက်ရအမိန့်ကို သတ်မှတ်ခဲ့ပါတယ်။ ဒီသတ်မှတ်ချက်ထုတ်တာ သီတင်း နှစ်ပတ်ပြည့်မယ့် မနက်ဖြန် ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး ဒီအမိန့်ကို ပြန်ရုပ်သိမ်းတော့မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နေ့အချိန်မထွက်ရ ကန့်သတ်ချက်တွေကြောင့် ကပ်ဘေးကာလမှာ စားဝတ်နေရေးခက်ခဲသူ ပိုများလာတယ်လို့ မုံရွာအခြေစိုက် လူမှုကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

"မနက်ဖြန်ကတော့ နေ့မထွက်ရအမိန့် ရုပ်သိမ်းတာကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ကြေညာထားပါတယ်ဗျ။ မြေပြင်အခြေအနေမှာတော့ နှစ်ပတ်တာ ကာလအတွင်းမှာ ပြည်သူတွေက တော်တော်လေးကို အကြပ်အတည်းတွေ့သွားတာပေါ့။ မနက် ၁၁ ကနေ ညနေ ၄ ဆိုတော့ အလုပ်တွေ လုံးဝဖျက်ရတယ်ဆိုတော့ သူတို့မှာ ဝင်ငွေမရှိဘူး။ ဝင်ငွေမရှိတော့ တချို့စားဝတ်နေရေး ခက်ခဲတဲ့အိမ်တွေက အလံဖြူထောင်တဲ့အိမ်ခြေကိုက မုံရွာမှာ အားလုံးပေါင်း ၁,၀၀၀ ကျော်သွားပြီဗျ။ ဒီ နှစ်ပတ်အတွင်းမှာပေါ့။ ညဈေးတန်းတွေကလည်း နှစ်ပတ်အတွင်း ပိတ်ပြီးတော့ နှစ်ပတ်ကျော်ရင် ဖွင့်ခွင့်ကလည်း ညဈေးတန်းတွေအကုန်လုံးကလည်း လုံးဝပိတ်သိမ်းကြောင်း သူတို့က ကြေညာထားတယ်။"

နေ့အချိန်မထွက်ရအမိန့် ပြန်ရုတ်သိမ်းမှာဖြစ်ပေမဲ့ ည ၈ နာရီကနေ မနက် ၃ နာရီအထိ သတ်မှတ်ထားတဲ့ ညမထွက်ရအမိန့်ကတော့ ဆက်ရှိနေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at home ကန့်သတ်ချက်လည်း ဆက်ရှိနေပါတယ်။ မုံရွာမြို့မှာ ကိုဗစ်ကူးစက်မှုအခြေအနေကတော့ အရင်ထက်စာရင် တဖြည်းဖြည်းကျဆင်းလာပြီလို့လည်း ပရဟိတဆောင်ရွက်သူတွေက ပြောပါတယ်။

"သူတို့တွေကိုတော့ ကျနော်တို့က တိုက်ရိုက်ပြောလို့မရပေမယ့် ဒီအမိန့်က ပြည်သူတွေအတွက်လည်း အကျိုးမရှိဘူး။ ရောဂါလျော့ကျဖို့အတွက်လည်း အကျိုးမရှိဘူး။ ရောဂါလျော့ကျသွားတယ်ဆိုတာက အောက်စီဂျင်တွေ ပိုပြီးတော့ရလာတာကြောင့်ရယ်၊ တခြားအဖွဲ့အစည်းတွေကလည်း အောက်စီဂျင်စက်ရုံတွေ ထောင်ပြီးတော့ သေချာလေးကို ထုတ်ပေးတာကြောင့်မို့ ရောဂါအခြေအနေက ကျသွားတာဖြစ်တယ်။ ဒီ နေ့မထွက်ရအမိန့်ထုတ်တာကြောင့် ကျသွားတာတော့ မဟုတ်ဘူးဗျ။"

နိုင်ငံတွင်း ကာကွယ်ဆေးထိုးရမယ့် လူဦးရေရဲ့ ၅၀% ကို ဒီနှစ်ထဲမှာ ဆေးအပြည့်အဝထိုးနှံပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားတာပါ။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် ဒေသမှာရှိသူတွေနဲ့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေကိုပါ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

"အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ EAO များရဲ့ ဒေသတွင်းမှာရှိနေသူများကို ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ EAO အဖွဲ့များက ဆက်သွယ်အကြောင်းကြားလာတဲ့အတွက် EAO အဖွဲ့များရှိရာနေရာက အကျုံးဝင်တဲ့ ဒေသခံပြည်သူတွေကို ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ဆောင်ရွက်လျက်ရှိပြီး စစ်ဘေးရှောင်စခန်း IDP Camp မှ လူများကိုလည်း ကာကွယ်ဆေးထိုးနှံပေးလျက် ရှိပါတယ်။ နောက်တခု ကျနော်အလေးထားပြောလိုတာကတော့ ဘူးသီးတောင်၊ မောင်တော ဒေသနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂလီများကိုလည်း ကိုဗစ် ၁၉ ကာကွယ်ဆေးများ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။"

တရုတ်နိုင်ငံထုတ် ကိုဗစ်ရောဂါကာကွယ်ဆေး ၄သန်း ဒီတပတ်ထဲ ရောက်ရှိမှာဖြစ်ပြီး ရုရှားနိုင်ငံကနေလည်း ကာကွယ်ဆေး ၂ သန်း ဒီလထဲ အသုတ်လိုက်ခွဲရောက်ဖို့ ရှိတယ်လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရဆို ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃၈၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၄,၈၀၀ ကျော် ရှိပါတယ်။ တကယ်တမ်း အရေအတွက်က ဒီ့ထက်အများကြီး ပိုများတယ်လို့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ ပရဟိတအဖွဲ့တွေနဲ့ ကျန်းမာရေးပညာရှင်တွေကတော့ ပြောကြပါတယ်။ ကပ်ရောဂါထိန်းချုပ်နိုင်ဖို့အတွက် Satay at home ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်းကတော့ ၁၁၉ မြို့နယ်ရှိသွားပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG