သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းမွာ ကိုဗစ္ဆိုင္ရာကန္႔သတ္ခ်က္တခ်ဳိ႕ လဆန္းကစၿပီး ေျဖေလွ်ာ့ေတာ့မယ္


ဘန္ေကာက္ျမိဳ့တြင္ သံဃာေတာ္မ်ားအား ကိုဗစ္ကာကြယ္ေဆးထိုးေပးေနစဥ္ (ဓာတ္ပံု - AP)

(Zawgyi/Unicode)

ထိုင္းႏုိင္ငံမွာ လက္လီအေရာင္းဆုိင္ေတြနဲ႔ စားေသာက္ဆုိင္ေတြအေပၚ ကိုဗစ္ကပ္ေဘးဆုိင္ရာ ကန္႔သတ္စည္းကမ္းေတြကို ေရွ႕လကစၿပီး ေျဖေလွ်ာ့ေပးမယ္လို႔ COVID-19 တံု႔ျပန္ေရးလုပ္ငန္းအဖြဲ႔က ေသာၾကာေန႔မွာ ေျပာေၾကာင္း ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
ေရာဂါကူးစက္မႈႏႈန္းမ်ားတဲ့ ဘန္ေကာက္ၿမိဳ႕ေတာ္နဲ႔ တျခားေဒသေတြမွာပါ လူ ၂၅ ေယာက္အထိ စုေ၀းတာေတြ ျပန္ခြင့္ျပဳမယ္လို႔လည္း ေျပာပါတယ္။

စက္တင္ဘာလ ၁ ရက္ေန႔က စၿပီး ဘန္ေကာက္အပါအ၀င္ ခ႐ိုင္ ၂၉ ခုက ေစ်း၀ယ္စင္တာႀကီးေတြ၊ ဆံပင္ နဲ႔ အလွျပင္ဆိုင္ေတြ၊ အႏွိပ္ခန္းေတြ၊ အားကစားခန္းမေတြမွာ လုပ္ငန္းေတြ ျပန္လည္ လည္ပတ္ခြင့္ျပဳမွာျဖစ္ၿပီး စားေသာက္ဆိုင္ေတြကိုလည္း ဆိုင္မွာထိုင္စားသူေတြ ျပန္လည္ခြင့္ျပဳမွာ ျဖစ္ပါတယ္။

နယူးဇီလန္ႏုိင္ငံမွာ အဂၤါေန႔ကစၿပီး တႏိုင္ငံလံုး အသြားအလာကန္႔သတ္ထားတာကို ဒီကေန႔ ေသာၾကာေန႔မွာ အနည္းဆံုး သီတင္း ႏွစ္ပတ္ၾကာ ဆက္ၿပီး အသြားအလာကန္႔သတ္မႈ လံုးဝ ပိတ္ပင္ထားမွာ ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Jacinda Ardern က ေျပာပါတယ္။

ၾသစေၾတးလ်ားႏုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးႏႈန္း တိုးလာေနတာေၾကာင့္ ေအာက္တုိဘာ ၂၅ ရက္မွာ ေက်ာင္းျပန္ဖြင့္ဖို႔ New South Wales ျပည္နယ္အုပ္ခ်ဳပ္ေရးအဖြဲ႔က စီစဥ္ေနေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္က သတင္းေထာက္ေတြကို ေျပာၾကားလိုက္ပါတယ္။ ေက်ာင္းဝန္ထမ္းေတြ၊ ဆရာဆရာမေတြနဲ႔ အထက္တန္းေက်ာင္းသားေတြဟာ ကာကြယ္ေဆးထိုးရမွာျဖစ္သလို ႏွာေခါင္းစည္းေတြလည္း မျဖစ္မေန တပ္ၾကရမွာျဖစ္တယ္လို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ Gladys Berejiklian က ေျပာပါတယ္။

New South Wales ျပည္နယ္မွာ ၾကာသပေတးေန႔က ၂ ၄ နာရီအတြင္း ကိုဗစ္-၁၉ ေၾကာင့္ ေသဆံုးသူ ၂ ဦးရွိခဲ့ၿပီး ပိုးေတြ႔အတည္ျပဳလူနာသစ္ဟာ ၈၈၂ ေယာက္ရွိခဲ့တာေၾကာင့္ ျပည္နယ္ရဲ႕မွတ္တမ္းေတြအရ ေန႔စဥ္အတည္ျပဳလူနာ ၁၀၂၉ ေယာက္ကေန က်ဆင္းသြားခဲ့ၿပီျဖစ္ေၾကာင္း ေျပာပါတယ္။

...............................................................................................

တိုက္႐ိုက္ လင့္ခ္


ထိုင်းမှာ ကိုဗစ်ဆိုင်ရာကန့်သတ်ချက်တချို့ လဆန်းကစပြီး ဖြေလျှော့တော့မယ်

(Unicode)

ထိုင်းနိုင်ငံမှာ လက်လီအရောင်းဆိုင်တွေနဲ့ စားသောက်ဆိုင်တွေအပေါ် ကိုဗစ်ကပ်ဘေးဆိုင်ရာ ကန့်သတ်စည်းကမ်းတွေကို ရှေ့လကစပြီး ဖြေလျှော့ပေးမယ်လို့ COVID-19 တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့က သောကြာနေ့မှာ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ရောဂါကူးစက်မှုနှုန်းများတဲ့ ဘန်ကောက်မြို့တော်နဲ့ တခြားဒေသတွေမှာပါ လူ ၂၅ ယောက်အထိ စုဝေးတာတွေ ပြန်ခွင့်ပြုမယ်လို့လည်း ပြောပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့က စပြီး ဘန်ကောက်အပါအဝင် ခရိုင် ၂၉ ခုက ဈေးဝယ်စင်တာကြီးတွေ၊ ဆံပင် နဲ့ အလှပြင်ဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ အားကစားခန်းမတွေမှာ လုပ်ငန်းတွေ ပြန်လည် လည်ပတ်ခွင့်ပြုမှာဖြစ်ပြီး စားသောက်ဆိုင်တွေကိုလည်း ဆိုင်မှာထိုင်စားသူတွေ ပြန်လည်ခွင့်ပြုမှာ ဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံမှာ အင်္ဂါနေ့ကစပြီး တနိုင်ငံလုံး အသွားအလာကန့်သတ်ထားတာကို ဒီကနေ့ သောကြာနေ့မှာ အနည်းဆုံး သီတင်း နှစ်ပတ်ကြာ ဆက်ပြီး အသွားအလာကန့်သတ်မှု လုံးဝ ပိတ်ပင်ထားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် Jacinda Ardern က ပြောပါတယ်။

သြစတြေးလျားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှုန်း တိုးလာနေတာကြောင့် အောက်တိုဘာ ၂၅ ရက်မှာ ကျောင်းပြန်ဖွင့်ဖို့ New South Wales ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က စီစဉ်နေကြောင်း ပြည်နယ်ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ကျောင်းဝန်ထမ်းတွေ၊ ဆရာဆရာမတွေနဲ့ အထက်တန်းကျောင်းသားတွေဟာ ကာကွယ်ဆေးထိုးရမှာဖြစ်သလို နှာခေါင်းစည်းတွေလည်း မဖြစ်မနေ တပ်ကြရမှာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က ပြောပါတယ်။

New South Wales ပြည်နယ်မှာ ကြာသပတေးနေ့က ၂ ၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂ ဦးရှိခဲ့ပြီး ပိုးတွေ့အတည်ပြုလူနာသစ်ဟာ ၈၈၂ ယောက်ရှိခဲ့တာကြောင့် ပြည်နယ်ရဲ့မှတ်တမ်းတွေအရ နေ့စဉ်အတည်ပြုလူနာ ၁၀၂၉ ယောက်ကနေ ကျဆင်းသွားခဲ့ပြီဖြစ်ကြောင်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG