သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၃,၄၅၉ ယောက်၊ သေဆုံးသူ ၁၁၀ ဦး ထပ်တိုး


ကလေးမြို့က ကိုဗစ်လူနာတဦးကို စေတနာ့ဝန်ထမ်းတဦးက အောက်ဆီဂျင်ပိုက်တပ်ဆင်ပေးနေပုံ၊ ဂျူလိုင် ၅၊ ၂၀၂၁။
ကလေးမြို့က ကိုဗစ်လူနာတဦးကို စေတနာ့ဝန်ထမ်းတဦးက အောက်ဆီဂျင်ပိုက်တပ်ဆင်ပေးနေပုံ၊ ဂျူလိုင် ၅၊ ၂၀၂၁။

(Zawgyi/Unicode)

ကိုဗစ်-၁၉တတိယလှိုင်းဒဏ်ကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့၂၄ နာရီအတွင်း ဓါတ်ခွဲစမ်းသပ်မှုပေါင်း ၃၅,၂၄၈ ခုကိုစစ်ဆေးခဲ့တာမှာ ၃၄၅၉ ဦးမှာရောဂါပိုး ကူးစက်နေတာ တွေ့ရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ည ၈ နာရီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာဘဲ သေဆုံးသူ ၁၁၀ ဦးရှိကြောင်းလည်း ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက အသက်အရွယ်အလိုက် ဦးစားပေးစံနစ်နဲ့ တရုတ်နိုင်ငံကတင်သွင်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ထိုးပေးနေပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့အထိ ကာကွယ်ဆေးထိုးပေးပြီးတဲ့ လူဦးရေ စုစုပေါင်း ၄ သန်းခွဲကျော် ရှိသွားပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိ ကမ္ဘာတလွှား ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် အရွယ်ရောက်ပြီးသူတွေအားလုံးကို ကာကွယ်ဆေး ထိုးပေးနိုင်ရေးဟာ အဓိက အရေးပါတဲ့အချက်အဖြစ် WHO ကမ္ဘာ့ကျန်မာရေးအဖွဲ့အပါအဝင် နိုင်ငံတကာက ကျန်းမာရေးပညာရှင်တွေက ပြောဆိုနေကြတာပါ။

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးမှာ Stay at home မလိုအပ်ဘဲ နေအိမ်အပြင်မရအမိန့်ထုတ်ပြန်တဲ့မြို့နယ်ပေါင်း ၁၁၉ မြို့ ရှိသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရရုံးတွေကိုလည်း စက်တင်ဘာလကုန်အထိ ပိတ်ထားဖို့ ကျန်းမာရေးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်

...........................................................................

တိုက်ရိုက် လင့်ခ်



(Unicode)




XS
SM
MD
LG