သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၃,၄၁၀ ယောက်၊ သေဆုံးသူ ၉၃ ယောက်ထပ်တိုး


တောင်ငူတွင် ကိုဗစ်လူနာတဦးကို ပြုစုနေသည့် ပရဟိတလုပ်သားတဦး။ ၆ သြဂုတ် ၂၀၂၁ (ဓာတ်ပုံ - AFP)
တောင်ငူတွင် ကိုဗစ်လူနာတဦးကို ပြုစုနေသည့် ပရဟိတလုပ်သားတဦး။ ၆ သြဂုတ် ၂၀၂၁ (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း အရင်ဆုံးစဖြစ်ခဲ့တဲ့ ချင်းပြည်နယ်နဲ့ အများဆုံးဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်းမှာ ပိုးတွေ့မှုတွေ ကျဆင်းလာချိန်မှာ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းမှာတော့ အဖြစ်များနေပါသေးတယ်။

ဒီနေ့မှာတော့ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၃၃,၃၆၁ ခုထဲက၊ လူပေါင်း ၃,၄၁၀ ဦးမှာရောဂါပိုးတွေခဲ့ပြီး သေဆုံးသူပေါင်း ၉၃ ယောက် ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဆေးစစ်နိုင်မူ အကန့်အသတ်ကြောင့် တကယ်တမ်း ပိုးတွေ့သူနဲ့ သေဆုံးသူအရေအတွက်က ဒီထက်ပိုများနိုင်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ဆိုပါတယ်။

မနေ့တုံးက ပိုးတွေ့ သူ ၃,၄၀၀ ကျော်ရှိခဲ့ရာမှာ အခုကိုဗစ်တတိယလှိုင်းမှာ အရင်ဆုံးပိုးစတွေ့ခဲ့တဲ့ ချင်းပြည်နယ်မှာ အနည်းဆုံးအဖြစ် ၃၃ ဦးသာ မနေ့ကတွေ.ရှိခဲ့ပြီး အရင်အဖြစ်အများဆုံးဖြစ်ခဲ့တဲ့ ရန်ကုန်မှာလည်း စတုတ္ထအနည်းဆုံးအဖြစ် ၆၆ ဦးသာတွေ့ရှိခဲ့ပါတယ်။
မနေ့ကပိုးတွေ့တဲ့အထဲ အဖြစ်အများဆုံးကတော့ ရှမ်းပြည်နယ်ဖြစ်ပြီး ပိုးတွေ့သူ ၁,၀၀၀ နီးပါးရှိနေပါသေးတယ်။ ဒုတိယအများဆုံးအနေနဲ့တော့ ပဲခူးတိုင်းမှာ ၅၀၀ ကျော်တွေ့ခဲ့ပြီး မကွေးမှာ တတိယအများဆုံး ၃၀၀ ကျော်တွေ့ခဲ့ပါတယ်။

လက်ရှိမှာ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးထိုးပေးနေရာမှာ အရင် အိန္ဒိယကာကွယ်ဆေး ထိုးခဲ့တာနဲ့ပါဆိုရင် စုစုပေါင်းကာကွယ်ဆေးထိုးပြီးသူ ၄ သန်းခွဲကျော်လာပြီး အိမ်မှာအဓိကနေဖို့ မြို့နယ်ပေါင်း ၁၂၀ နီးပါးမှာကြေညာထားကာ အစိုးရရုံးတွေလည်း ဒီလကုန်အထိပိတ်ထားပါတယ်။

.............................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG