သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ဆန္႔က်င္လႈပ္ရွားမႈ ကေနဒါ နဲ႔ အေမရိကန္ ေနရာတခ်ိဳ႕ မွာျပဳလုပ္ 


စစ္ေကာင္စီ ဆန္႔က်င္လႈပ္ရွားမႈ ကေနဒါ နဲ႔ အေမရိကန္ ေနရာတခ်ိဳ႕ မွာျပဳလုပ္ 

ႏိုဝင္ဘာလ ၁၉  ရက္ စေနေန႔က ကေနဒါႏိုင္ငံမွာ အႀကီးဆုံးျဖစ္တဲ့ Toronto ျမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ျမန္မာေတြက အာဏာသိမ္း ျမန္မာစစ္ေကာင္စီ ကို ဆန္႔က်င္ဆႏၵျပၾကပါတယ္။ အဲဒီ ဆႏၵျပပြဲကို ဦးေဆာင္သူေတြထဲ တဦးျဖစ္တဲ့ အလွမယ္ ဟန္ေလး က သူတို႔ရဲ႕ လႈပ္ရွားမႈဟာ ျမန္မာျပည္သူေတြအတြက္ အင္အားတရပ္ျဖစ္တယ္လို႔ ေျပာပါတယ္။

စစ္ေကာင္စီ ဆန္႔က်င္လႈပ္ရွားမႈ ကေနဒါ နဲ႔ အေမရိကန္ ေနရာတခ်ိဳ႕ မွာျပဳလုပ္

{{Zawgyi/Unicode}}
ႏိုဝင္ဘာလ ၁၉ ရက္ စေနေန႔က ကေနဒါႏိုင္ငံမွာ အႀကီးဆုံးျဖစ္တဲ့ Toronto ျမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ျမန္မာေတြက အာဏာသိမ္း ျမန္မာစစ္ေကာင္စီ ကို ဆန္႔က်င္ဆႏၵျပၾကပါတယ္။ အဲဒီ ဆႏၵျပပြဲကို ဦးေဆာင္သူေတြထဲ တဦးျဖစ္တဲ့ အလွမယ္ ဟန္ေလး က သူတို႔ရဲ႕ လႈပ္ရွားမႈဟာ ျမန္မာျပည္သူေတြအတြက္ အင္အားတရပ္ျဖစ္တယ္လို႔ ေျပာပါတယ္။

" ဟန္ေလးတို႔ရဲ႕ အခုလို ျပည္ပေရာက္ တိုင္းရင္းသားအစုံ ျမန္မာႏိုင္ငံသားေတြရဲ႕ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြဟာ ျမန္မာႏိုင္ငံထဲက ျပည္သူေတြအတြက္ အင္အားတရပ္ျဖစ္ေစပါတယ္။ အားလုံးပဲ အားမေလွ်ာ့ပဲ ဆက္လက္ လုပ္ေဆာင္သြားရမွာပါ။ ဟန္ေလး တို႔လည္း ဆက္လက္ႀကိဳးစားသြားမွာပါ"

အဲဒီဆႏၵျပပြဲမွာ Toronto ၿမိဳ႕နဲ႔ အနီးတဝိွက္က ျမန္မာတိုင္းရင္းသားေတြ တရာဝန္က်င္ေလာက္ ပါဝင္ၿပီး ျမန္မာ ဒီမုိကေရစီအေရး လွႈပ္ရွားမႈကို အားေပးဖို႔၊ အာဏာသိမ္း ျမန္မာစစ္ေကာင္စီ က်ဆုံးဖို႔ စတဲ့ ေၾကြးေၾကာ္သံေတြ ေအာ္ဟစ္ေၾကြးေၾကာ္ၾကပါတယ္။

အလားတူ အေမရိကန္ ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္ နဲ႔ တဆက္တည္းရွိတဲ့ ေမရီလန္းျပည္နယ္မွာလည္း ေႏြဦးေတာ္လွန္ေရး ရန္ပုံေငြရွာပြဲအေနနဲ႔ ဒါရိုက္တာ ကိုေပါက္ ရိုက္ကူးသည့္ "မေသာက္မိေသာ မိုးခါးေရ" မွတ္တမ္း ဇာတ္လမ္း ကို ျပသရာမွာ အနီးတဝိွက္ က ျမန္မာႏိုင္ငံသားေတြ လာေရာက္အားေပးၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................................

စစ်ကောင်စီ ဆန့်ကျင်လှုပ်ရှားမှု ကနေဒါ နဲ့ အမေရိကန် နေရာတချို့ မှာပြုလုပ်

{{Zawgyi/Unicode}}
နိုဝင်ဘာလ ၁၉ ရက် စနေနေ့က ကနေဒါနိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့ Toronto မြို့ရဲ့ မြို့တော်ခန်းမရှေ့မှာ မြန်မာတွေက အာဏာသိမ်း မြန်မာစစ်ကောင်စီ ကို ဆန့်ကျင်ဆန္ဒပြကြပါတယ်။ အဲဒီ ဆန္ဒပြပွဲကို ဦးဆောင်သူတွေထဲ တဦးဖြစ်တဲ့ အလှမယ် ဟန်လေး က သူတို့ရဲ့ လှုပ်ရှားမှုဟာ မြန်မာပြည်သူတွေအတွက် အင်အားတရပ်ဖြစ်တယ်လို့ ပြောပါတယ်။

" ဟန်လေးတို့ရဲ့ အခုလို ပြည်ပရောက် တိုင်းရင်းသားအစုံ မြန်မာနိုင်ငံသားတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ မြန်မာနိုင်ငံထဲက ပြည်သူတွေအတွက် အင်အားတရပ်ဖြစ်စေပါတယ်။ အားလုံးပဲ အားမလျှော့ပဲ ဆက်လက် လုပ်ဆောင်သွားရမှာပါ။ ဟန်လေး တို့လည်း ဆက်လက်ကြိုးစားသွားမှာပါ"

အဲဒီဆန္ဒပြပွဲမှာ Toronto မြို့နဲ့ အနီးတဝှိက်က မြန်မာတိုင်းရင်းသားတွေ တရာဝန်ကျင်လောက် ပါဝင်ပြီး မြန်မာ ဒီမိုကရေစီအရေး လှှုပ်ရှားမှုကို အားပေးဖို့၊ အာဏာသိမ်း မြန်မာစစ်ကောင်စီ ကျဆုံးဖို့ စတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ကြွေးကြော်ကြပါတယ်။

အလားတူ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် နဲ့ တဆက်တည်းရှိတဲ့ မေရီလန်းပြည်နယ်မှာလည်း နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲအနေနဲ့ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် "မသောက်မိသော မိုးခါးရေ" မှတ်တမ်း ဇာတ်လမ်း ကို ပြသရာမှာ အနီးတဝှိက် က မြန်မာနိုင်ငံသားတွေ လာရောက်အားပေးကြပါတယ်။

XS
SM
MD
LG