သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီမိုကေရစီေရး လႈပ္ရွားသူေတြ ကြပ္မ်က္ခံရမႈ ျပည္ပေရာက္ ျမန္မာေတြ ကန္႔ကြက္ဆႏၵျပ


တိုက်ဳိျမန္မာသံ႐ုံးေရွ႕ ဆႏၵျပေနသူမ်ား

[[ ZAWGYI / UNICODE ]]

ဒီမိုကေရစီေရး လႈပ္ရွားသူေတြ ကြပ္မ်က္ခံရမႈ ျပည္ပေရာက္ ျမန္မာေတြ ကန္႔ကြက္ဆႏၵျပ

ဒီမိုကေရစီေရး လႈပ္ရွားသူ (၄) ဦးကို စစ္ေကာင္စီက ေသဒဏ္စီရင္လိုက္တာေၾကာင့္ ျမန္မာ့အေရး လႈပ္ရွားမႈေတြနဲ႔ ႏိုင္ငံတကာ အာ႐ုံစိုက္မႈေတြ အားေကာင္းလာေၾကာင္း ႏိုင္ငံတကာေရာက္ ျမန္မာ့အေရးလႈပ္ရွားသူေတြက ေျပာပါတယ္။ အေမရိကန္ အပါအ၀င္ ျပည္ပႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားမွာလည္း စေနေန႔က ျမန္မာ့အေရး လႈပ္ရွားသူေတြ ေသဒဏ္စီရင္မႈကို ကန္႔ကြက္ဆႏၵျပခဲ့ၾကတာပါ။ ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

ထင္ရွားတဲ့ ႏိုင္ငံေရးလႈပ္ရွားသူေတြျဖစ္တဲ့ ဦးဂ်င္မီ ၊ ဦးၿဖိဳးေဇယ်ာေသာ္တို႔နဲ႔အတူ စစ္အာဏာရွင္ ဆန႔္က်င္လႈပ္ရွားခဲ့တဲ့ ကိုလွမ်ိဳးေအာင္၊ ကိုေအာင္သူရေဇာ္တို႔ (၄)ဦးကို ကြပ္မ်က္လိုက္ေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္လိုက္တဲ့ၿပီးေနာက္ ျပည္တြင္း ျပည္ပ ဆန႔္က်င္လႈပ္ရွားမႈေတြ အႀကီးအက်ယ္ ထြက္ေပၚခဲ့တာပါ။

ဇူလိုင္(၃၀) စေနေန႔မွာလည္း အေမရိကန္ အေနာက္ဖက္ျခမ္း ဆန္ဖရန္စၥကိုၿမိဳ႕မွာ ျမန္မာ့အေရးလႈပ္ရွားသူေတြ စုေ၀းဆႏၵျပခဲ့ၾကေၾကာင္း လႈပ္ရွားမႈကို ဦးေဆာင္သူ တဦးျဖစ္တဲ့ ဦးကိုကိုေလးက ေျပာျပပါတယ္။

" တႏွစ္ေက်ာ္ ၾကာလာခ်ိန္မွာ အာဏာရွင္ဖက္ကလည္း ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိနဲ႔ ပိုၿပီး အ႐ူးမီးဝိုင္းျဖစ္သလို၊ က်ေနာ္တို႔ ဒီမိုကေရစီ အင္အားစုေတြဖက္ကလည္း နည္းနည္း အရွိန္ဟုန္ေလ်ာ့က်လာတယ္ဗ်ာ။ ဒါေပမဲ့ အခုလိုမ်ဳိး သူတို႔က လက္လြတ္စပယ္ေပ့ါဗ်ာ တရားမွ်တမႈ ကင္းမဲ့စြာ ဒီလိုမ်ဳိး သုတ္သင္လိုက္တဲ့အေပၚမွာ ျပည္သူလူထု တရပ္လုံးကလည္း တကယ့္ကို ေဒါသေတြျဖစ္လာတာ။ အဲဒီေတာ့ က်ေနာ္တို႔ရဲ႕ အရွိန္အဟုတ္က ပိုၿပီးေတာ့ျမင့္လာတယ္။ ေနာက္ၿပီး ကမာၻ႔အာ႐ုံစိုက္မႈကလည္း ပိုၿပီးေတာ့ ရလာတယ္။ အခုဆိုရင္ ကုလ လုံျခဳံေရးေကာင္စီက စာထုတ္တာေတြရွိတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးကိုယ္တိုင္ သြားၿပီးေတာ့ အာဆီယံမွာ တျခားႏိုင္ငံေတြကပါ အေရးယူမႈေတြ လုပ္ေဆာင္ဖို႔ သူတို႔ေျပာမယ္ဆိုတာေတြ ျဖစ္လာတယ္။ ဒီ ကမာၻ႔ႏိုင္ငံ အသီးသီးက အာဆီယံေရာ .. ေနာက္ပိတ္ဆုံး တ႐ုတ္၊ ႐ုရွားပါ ဒီသတ္လိုက္တဲ့အေပၚမွာ မေၾကမနပ္မႈေတြ ျဖစ္လာၾကတာ။ ဒါဟာ အရွိန္အဟုတ္ ျပန္ျမႇင့္ေပးလိုက္သလို ျဖစ္ပါတယ္။ "

အေမရိကန္အေရွ႕ဖက္ျခမ္း ေမရီလန္း၊ ဗာဂ်ီးနီးယား၊ ဝါရွင္တန္ဒီစီတဝိုက္က ျမန္မာေတြစု႐ုံးၿပီး စေနေန႔ မြန္းလြဲပိုင္းက ဝါရွင္တန္ဒီစီမွာရွိတဲ့ ျမန္မာသံ႐ုံးေရွ႕ သြားေရာက္ဆႏၵျပခဲ့ေၾကာင္း ဆႏၵျပပြဲ ဦးေဆာင္သူေတြထဲက တဦးျဖစ္တဲ့ ကိုစန္းမန္က ေျပာပါတယ္။

" ဒီေန႔ ဆႏၵလာျပရတဲ့အေၾကာင္းက - ၿပီးခဲ့တဲ့ရက္ ျဖစ္ပ်က္ခဲ့တဲ့ ျမန္မာႏိုင္ငံတြင္းမွာ မတရားၾကဳိးမိန္႔ေပး ခံရတဲ့ အာဇာနည္ေခါင္းေဆာင္ (၄)ဦးအတြက္ေရာ၊ အဲဒါနဲ႔ပတ္သက္လို႔ ရန္သူက ရန္ငါျပတ္သလို က်ေနာ္တို႔ေတြဟာလည္း ေကာက္႐ိုးမီး မဟုတ္တဲ့အေၾကာင္းကို ဝါရွင္တန္ဒီစီမွာရွိတဲ့ ျမန္မာသံ႐ုံးေရွ႕မွာ လာေရာက္ ဆႏၵျပ ထုတ္ေဖၚျခင္း ျဖစ္ပါတယ္။ တဆက္ထဲမွာပဲ စစ္ေကာင္စီရဲ႕ လက္ပါးေစေဒါက္တိုင္ေတြနဲ႔ ေပါင္းသင္းေနတဲ့ ျမန္မာမိသားစုေတြကိုပါ Social Punishment အေနနဲ႔ က်ေနာ္တို႔ ေနာက္ဆုံးအႀကိမ္ ျပင္းျပင္းထန္ထန္ သတိေပးကန္႔ကြက္ ရႈတ္ခ်ပါတယ္။ သူတို႔ရဲ႕လုပ္ရပ္ေတြ ရပ္တန္႔ကရပ္ဖို႔ကိုလည္း တခါတည္း က်ေနာ္တို႔ အတိအလင္း သတိေပး ေၾကညာထားပါမယ္။ ေနာက္ေနာင္ ဒီလိုကိစၥေတြ ထပ္မံၾကဳံေတြ႕ ေနရမယ္ဆိုရင္ ဓမၼဘက္ေတာ္သားေတြျဖစ္တဲ့ က်ေနာ္တို႔က အမည္နာမနဲ႔တကြ ျပတ္ျပတ္သားသား ထုတ္ေဖၚသြားမယ္ဆိုတာ ဒီေန႔မွာ တရားဝင္ ေၾကညာျခင္း ျဖစ္ပါတယ္။"

အလားတူ ေတာင္ကိုရီးယားႏိုင္ငံမွာလည္း ဇူလိုင္(၃၀)ရက္ေန႔က ရာနဲ႔ခ်ီတဲ့ ျမန္မာႏိုင္ငံသားေတြ ဆိုးလ္ၿမိဳ႕လယ္ေခါင္ လမ္းမေတြေပၚ ခ်ီတက္လမ္းေလွ်ာက္ ဆႏၵျပၾကပါတယ္။ စစ္ေကာင္စီက အျပစ္မဲ့ ျမန္မာျပည္သူ(၂)ေထာင္ေက်ာ္ သတ္ျဖတ္ခဲ့ရသလို၊ အခုတခါလည္း ျမန္မာ့ဒီမိုကေရစီ ေခါင္းေဆာင္ ၄ ဦးကို တရားမဝင္ ေသဒဏ္စီရင္ခဲ့တာအတြက္ လာေရာက္ဆႏၵျပၾကျခင္းျဖစ္ေၾကာင္း ဆႏၵျပပဲြမွာပါတဲ့ ကိုစိုးမိုးသူက AP သတင္းဌာနကို ေျပာဆိုပါတယ္။

ဂ်ပန္ႏိုင္ငံမွာလည္း ျမန္မာ့ဒီမိုကေရစီေရးလႈပ္ရွားသူေတြက စစ္ေကာင္စီရဲ႕ ေသဒဏ္ေပး အဆုံးစီရင္မႈကို ရႈတ္ခ်ဆန္႔က်င္တဲ့အေနနဲ႔ စေနေန႔က တိုက်ဳိျမန္မာသံ႐ုံးေရွ႕ သြားေရာက္ဆႏၵျပခဲ့ၾကပါတယ္။

ျမန္မာစစ္ေကာင္စီကေတာ့ အၾကမ္းဖက္လုပ္ရပ္ေတြ က်ဳးလြန္မႈ စြပ္စဲြခ်က္နဲ႔ ေသဒဏ္စီရင္ခ်က္ ခ်မွတ္ခံထားရသူေတြကို ကြပ္မ်က္တဲ့ လုပ္ရပ္ဟာ ဥပေဒနဲ႔အညီ ေဆာင္ရြက္တာဆိုၿပီး ကာကြယ္ေျပာဆိုထားေပမဲ့ ကုလသမဂၢလုံျခံဳေရးေကာင္စီ၊ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း အာဆီယံ အပါအ၀င္ ႏိုင္ငံတကာနဲ႔ ေဒသတြင္းကလည္း ေ၀ဖန္မႈေတြနဲ႔ စိုးရိမ္တဲ့ သေဘာထားေတြကို ေျပာဆိုထားၾကပါတယ္။ ဒီသီတင္းပတ္ထဲမွာပဲ ျပင္သစ္၊ ဂ်ာမနီအစိုးရေတြကလည္း ျမန္မာသံတမန္ေတြကို ဆင့္ေခၚၿပီး ကန္႔ကြက္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

{{ UNICODE }}

ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကွပ်မျက်ခံရမှု ပြည်ပရောက် မြန်မာတွေ ကန့်ကွက်ဆန္ဒပြ

ဒီမိုကရေစီရေး လှုပ်ရှားသူ (၄) ဦးကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်တာကြောင့် မြန်မာ့အရေး လှုပ်ရှားမှုတွေနဲ့ နိုင်ငံတကာ အာရုံစိုက်မှုတွေ အားကောင်းလာကြောင်း နိုင်ငံတကာရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ အမေရိကန် အပါအဝင် ပြည်ပနိုင်ငံ တော်တော်များများမှာလည်း စနေနေ့က မြန်မာ့အရေး လှုပ်ရှားသူတွေ သေဒဏ်စီရင်မှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

ထင်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေဖြစ်တဲ့ ဦးဂျင်မီ ၊ ဦးဖြိုးဇေယျာသော်တို့နဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားခဲ့တဲ့ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ (၄)ဦးကို ကွပ်မျက်လိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်တဲ့ပြီးနောက် ပြည်တွင်း ပြည်ပ ဆန့်ကျင်လှုပ်ရှားမှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့တာပါ။

ဇူလိုင်(၃၀) စနေနေ့မှာလည်း အမေရိကန် အနောက်ဖက်ခြမ်း ဆန်ဖရန်စ္စကိုမြို့မှာ မြန်မာ့အရေးလှုပ်ရှားသူတွေ စုဝေးဆန္ဒပြခဲ့ကြကြောင်း လှုပ်ရှားမှုကို ဦးဆောင်သူ တဦးဖြစ်တဲ့ ဦးကိုကိုလေးက ပြောပြပါတယ်။

" တနှစ်ကျော် ကြာလာချိန်မှာ အာဏာရှင်ဖက်ကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိနဲ့ ပိုပြီး အရူးမီးဝိုင်းဖြစ်သလို၊ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေဖက်ကလည်း နည်းနည်း အရှိန်ဟုန်လျော့ကျလာတယ်ဗျာ။ ဒါပေမဲ့ အခုလိုမျိုး သူတို့က လက်လွတ်စပယ်ပေ့ါဗျာ တရားမျှတမှု ကင်းမဲ့စွာ ဒီလိုမျိုး သုတ်သင်လိုက်တဲ့အပေါ်မှာ ပြည်သူလူထု တရပ်လုံးကလည်း တကယ့်ကို ဒေါသတွေဖြစ်လာတာ။ အဲဒီတော့ ကျနော်တို့ရဲ့ အရှိန်အဟုတ်က ပိုပြီးတော့မြင့်လာတယ်။ နောက်ပြီး ကမ္ဘာ့အာရုံစိုက်မှုကလည်း ပိုပြီးတော့ ရလာတယ်။ အခုဆိုရင် ကုလ လုံခြုံရေးကောင်စီက စာထုတ်တာတွေရှိတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် သွားပြီးတော့ အာဆီယံမှာ တခြားနိုင်ငံတွေကပါ အရေးယူမှုတွေ လုပ်ဆောင်ဖို့ သူတို့ပြောမယ်ဆိုတာတွေ ဖြစ်လာတယ်။ ဒီ ကမ္ဘာ့နိုင်ငံ အသီးသီးက အာဆီယံရော .. နောက်ပိတ်ဆုံး တရုတ်၊ ရုရှားပါ ဒီသတ်လိုက်တဲ့အပေါ်မှာ မကြေမနပ်မှုတွေ ဖြစ်လာကြတာ။ ဒါဟာ အရှိန်အဟုတ် ပြန်မြှင့်ပေးလိုက်သလို ဖြစ်ပါတယ်။ "

အမေရိကန်အရှေ့ဖက်ခြမ်း မေရီလန်း၊ ဗာဂျီးနီးယား၊ ဝါရှင်တန်ဒီစီတဝိုက်က မြန်မာတွေစုရုံးပြီး စနေနေ့ မွန်းလွဲပိုင်းက ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးရှေ့ သွားရောက်ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူတွေထဲက တဦးဖြစ်တဲ့ ကိုစန်းမန်က ပြောပါတယ်။

" ဒီနေ့ ဆန္ဒလာပြရတဲ့အကြောင်းက - ပြီးခဲ့တဲ့ရက် ဖြစ်ပျက်ခဲ့တဲ့ မြန်မာနိုင်ငံတွင်းမှာ မတရားကြိုးမိန့်ပေး ခံရတဲ့ အာဇာနည်ခေါင်းဆောင် (၄)ဦးအတွက်ရော၊ အဲဒါနဲ့ပတ်သက်လို့ ရန်သူက ရန်ငါပြတ်သလို ကျနော်တို့တွေဟာလည်း ကောက်ရိုးမီး မဟုတ်တဲ့အကြောင်းကို ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ လာရောက် ဆန္ဒပြ ထုတ်ဖေါ်ခြင်း ဖြစ်ပါတယ်။ တဆက်ထဲမှာပဲ စစ်ကောင်စီရဲ့ လက်ပါးစေဒေါက်တိုင်တွေနဲ့ ပေါင်းသင်းနေတဲ့ မြန်မာမိသားစုတွေကိုပါ Social Punishment အနေနဲ့ ကျနော်တို့ နောက်ဆုံးအကြိမ် ပြင်းပြင်းထန်ထန် သတိပေးကန့်ကွက် ရှုတ်ချပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေ ရပ်တန့်ကရပ်ဖို့ကိုလည်း တခါတည်း ကျနော်တို့ အတိအလင်း သတိပေး ကြေညာထားပါမယ်။ နောက်နောင် ဒီလိုကိစ္စတွေ ထပ်မံကြုံတွေ့ နေရမယ်ဆိုရင် ဓမ္မဘက်တော်သားတွေဖြစ်တဲ့ ကျနော်တို့က အမည်နာမနဲ့တကွ ပြတ်ပြတ်သားသား ထုတ်ဖေါ်သွားမယ်ဆိုတာ ဒီနေ့မှာ တရားဝင် ကြေညာခြင်း ဖြစ်ပါတယ်။"

အလားတူ တောင်ကိုရီးယားနိုင်ငံမှာလည်း ဇူလိုင်(၃၀)ရက်နေ့က ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ဆိုးလ်မြို့လယ်ခေါင် လမ်းမတွေပေါ် ချီတက်လမ်းလျှောက် ဆန္ဒပြကြပါတယ်။ စစ်ကောင်စီက အပြစ်မဲ့ မြန်မာပြည်သူ(၂)ထောင်ကျော် သတ်ဖြတ်ခဲ့ရသလို၊ အခုတခါလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ၄ ဦးကို တရားမဝင် သေဒဏ်စီရင်ခဲ့တာအတွက် လာရောက်ဆန္ဒပြကြခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲမှာပါတဲ့ ကိုစိုးမိုးသူက AP သတင်းဌာနကို ပြောဆိုပါတယ်။

ဂျပန်နိုင်ငံမှာလည်း မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေက စစ်ကောင်စီရဲ့ သေဒဏ်ပေး အဆုံးစီရင်မှုကို ရှုတ်ချဆန့်ကျင်တဲ့အနေနဲ့ စနေနေ့က တိုကျိုမြန်မာသံရုံးရှေ့ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာစစ်ကောင်စီကတော့ အကြမ်းဖက်လုပ်ရပ်တွေ ကျုးလွန်မှု စွပ်စွဲချက်နဲ့ သေဒဏ်စီရင်ချက် ချမှတ်ခံထားရသူတွေကို ကွပ်မျက်တဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့အညီ ဆောင်ရွက်တာဆိုပြီး ကာကွယ်ပြောဆိုထားပေမဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းကလည်း ဝေဖန်မှုတွေနဲ့ စိုးရိမ်တဲ့ သဘောထားတွေကို ပြောဆိုထားကြပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ ပြင်သစ်၊ ဂျာမနီအစိုးရတွေကလည်း မြန်မာသံတမန်တွေကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

XS
SM
MD
LG