(Zawgyi / Unicode)
ကုိ႐ုိနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ ေတာ႐ိုင္းတိရစၦာန္ေတြ အထိန္းအကြပ္မဲ့ ေရာင္းဝယ္တာ၊ စားသုံးတာေတြကို တားျမစ္လိုက္ၿပီးေနာက္မွာ တ႐ုတ္ျပည္ေစ်းကြက္အတြက္ တရားမဝင္ ေတာ႐ုိင္းသတၱဝါကို အဓိက ေမွာင္ခိုကုန္ကူးေနတဲ့ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြမွာပါ တားျမစ္မႈေတြလုပ္ဖို႔ WWF ေခၚ ေတာ႐ုိင္းတိရစာၦန္ ထိန္းသိမ္းေရး ကမၻာ့ရန္ပုံေငြအဖြဲ႔က တိုက္တြန္းလုိက္ပါတယ္။
တ႐ုတ္အစိုးရရဲ႕ တားျမစ္ခ်က္ကို ႀကဳိဆိုေပမယ့္ ဒါဟာ လုံေလာက္မႈ မရွိေသးဘူးလို႔ WWF အဖြဲ႔က ေျပာပါတယ္။
ကို႐ုိနာဗိုင္းရပ္စ္ ျဖစ္လာရတဲ့ အေၾကာင္းရင္းခံ အတိအက်ကို မသိရေသးေပမယ့္ လူေတြက ေတာ႐ိုင္းသတၱဝါ အသားစိမ္းေတြကို ကိုင္တြယ္ရာကေန ကူးစက္လာတာလုိ႔ တာဝန္ရွိသူေတြ ယူဆထားၾကတာပါ။
အရင္ကလည္း တ႐ုတ္ႏုိင္ငံမွာ တရားမဝင္ ဆင္စြယ္လို တျခားထြက္ကုန္ပစၥည္း ေရာင္းဝယ္တာကို တားျမစ္ခဲ့ၿပီးေနာက္ ေမွာင္ခိုကုန္ကူးသူေတြဟာ အေရွ႕ေတာင္အာရွဘက္ ေျခဦးလွည့္သြားၾကေၾကာင္း၊ အခုလည္း တ႐ုတ္ျပည္ထဲ တားျမစ္လိုက္တာက ေတာ႐ိုင္းသတၱဝါ ေရာင္းဝယ္မႈဟာ အိမ္နီးခ်င္းႏိုင္ငံ ေစ်းကြက္ေတြဆီ ေရာက္သြားႏိုင္ေၾကာင္း WWF အဖြဲ႔က သတိေပးေနပါတယ္။
အာရွမွာ အေတြ႔အႀကဳံရွိခဲ့တဲ့ ဝက္တုပ္ေကြးကေန ၾကက္ငွက္တုပ္ေကြးအထိ ကူးစက္ပ်ံ႕ႏွံ႔ခဲ့ရတဲ့ အေၾကာင္းရင္းဟာ တိရစၦာန္ထြက္ပစၥည္းကို လူေတြ ကိုင္တြယ္မိရာက စတင္ခဲ့တာ ျဖစ္ပါတယ္။
------------------------------
(Unicode)
တောရိုင်းတိရစ္ဆာန် မှောင်ခိုမှု ဟန့်တားဖို့ အရှေ့တောင်အာရှကို WWF တိုက်တွန်း
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကြောင့် တရုတ်နိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေ အထိန်းအကွပ်မဲ့ ရောင်းဝယ်တာ၊ စားသုံးတာတွေကို တားမြစ်လိုက်ပြီးနောက်မှာ တရုတ်ပြည်ဈေးကွက်အတွက် တရားမဝင် တောရိုင်းသတ္တဝါကို အဓိက မှောင်ခိုကုန်ကူးနေတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာပါ တားမြစ်မှုတွေလုပ်ဖို့ WWF ခေါ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ကမ္ဘာ့ရန်ပုံငွေအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
တရုတ်အစိုးရရဲ့ တားမြစ်ချက်ကို ကြိုဆိုပေမယ့် ဒါဟာ လုံလောက်မှု မရှိသေးဘူးလို့ WWF အဖွဲ့က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်လာရတဲ့ အကြောင်းရင်းခံ အတိအကျကို မသိရသေးပေမယ့် လူတွေက တောရိုင်းသတ္တဝါ အသားစိမ်းတွေကို ကိုင်တွယ်ရာကနေ ကူးစက်လာတာလို့ တာဝန်ရှိသူတွေ ယူဆထားကြတာပါ။
အရင်ကလည်း တရုတ်နိုင်ငံမှာ တရားမဝင် ဆင်စွယ်လို တခြားထွက်ကုန်ပစ္စည်း ရောင်းဝယ်တာကို တားမြစ်ခဲ့ပြီးနောက် မှောင်ခိုကုန်ကူးသူတွေဟာ အရှေ့တောင်အာရှဘက် ခြေဦးလှည့်သွားကြကြောင်း၊ အခုလည်း တရုတ်ပြည်ထဲ တားမြစ်လိုက်တာက တောရိုင်းသတ္တဝါ ရောင်းဝယ်မှုဟာ အိမ်နီးချင်းနိုင်ငံ ဈေးကွက်တွေဆီ ရောက်သွားနိုင်ကြောင်း WWF အဖွဲ့က သတိပေးနေပါတယ်။
အာရှမှာ အတွေ့အကြုံရှိခဲ့တဲ့ ဝက်တုပ်ကွေးကနေ ကြက်ငှက်တုပ်ကွေးအထိ ကူးစက်ပျံ့နှံ့ခဲ့ရတဲ့ အကြောင်းရင်းဟာ တိရစ္ဆာန်ထွက်ပစ္စည်းကို လူတွေ ကိုင်တွယ်မိရာက စတင်ခဲ့တာ ဖြစ်ပါတယ်။