သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် သြဇာကြီးလာတယ်လို့ ဥရောပနဲ့ အမေရိကန်ပြည်သူတွေ ရှုမြင် 


US China Development Banks
US China Development Banks

တရုတ်နိုင်ငံဟာ လာမယ့်နှစ်တွေထဲ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးနိုင်မှုမှာ အမေရိကန်နဲ့ အပြိုင် ဖြစ်လာမယ်လို့ ဥရောပနဲ့ မြောက်အမေရိကတိုက်သားတွေက ရှုမြင်နေကြောင်း အတ္တလန်တိတ်သမုဒ္ဒရာတဖက်တချက်က နိုင်ငံ (၁၄) နိုင်ငံမှာ ကောက်ယူတဲ့ လူထုစစ်တမ်းအသစ်တခုက ပြောလိုက်ပါတယ်။

‘ဂျာမန် မာရှယ်လ် ရန်ပုံငွေ’ အဖွဲ့က စက်တင်ဘာ (၁၂) ရက်မှာ အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ် အတွက် ‘အတ္တလန်တိတ်ဖြတ်ကျော် နိုင်ငံများရဲ့ အလားအလာ’ အစီရင်ခံစာမှာ မြောက်အတ္တလန်တိတ် သဘောတူစာချုပ် စစ်ရေး မဟာမိတ် (NATO) အဖွဲ့အပေါ် လူထု ထောက်ခံမှုအားကောင်းတာကို တွေ့မြင်ရတယ်လို့ဆိုပါတယ်။ တခါ တချို့ကျွမ်းကျင်သူတွေက စိုးရိမ်ချက်အဖြစ် သတိပေးနေတဲ့ ယူကရိန်း နိုင်ငံ၊ နေတိုးအဖွဲ့နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်ရေးတွေကိုလည်း လူထုက လိုလားကြတယ်လို့ စစ်တမ်းက ဆိုပါတယ်။

အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂအပါအဝင် ဥရောပသမဂ္ဂနိုင်ငံအများအပြား၊ ဗြိတိန်နဲ့တူရကီနိုင်ငံအပါအဝင် အတ္တလန္တိတ်ရဲ့ နှစ်ဘက်လုံးက ပြည်သူတွေဟာ သူတို့ရဲ့အစိုးရတွေကို တရုတ်နိုင်ငံနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့အလိုရှိတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။ စစ်တမ်းမှာ ဖြေဆိုတဲ့သူတွေထဲက ငယ်ရွယ်သူတွေက အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို ပိုပြီးအဆိုးမြင်ကြပြီး ရုရှားနဲ့ တရုတ်နိုင်ငံတွေအပေါ် ပိုပြီး အပြုသဘောဆောင်ကြတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် စစ်တမ်း တခုလုံးမှာတော့ တရုတ်အပေါ် သဘောထားအမြင်တွေက ကွဲပြားနေကြပါတယ်။

ဒါ့အပြင် စစ်တမ်းရလဒ်အရ ရာသီဥတုပြောင်းလဲမှုနဲ့ လူဝင်မှုကြီးကြပ်ရေး ကဏ္ဍတွေက သူတို့ရဲ့ ထိပ်တန်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေလို့လည်း ဆိုပါတယ်။ ရွှေ့ပြောင်းအခြေချမှုက ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုမှာ ဒုတိယနေရာက ရပ်တည်နေပြီး ဒါက မနှစ်က အစီရင်ခံစာပါ ယူကရိန်းစစ်ပွဲနေရာမှာ အစားထိုးဝင်လာတာပါ။ ဒါပေမယ့် အရှေ့ဥရောပ လစ်သူယေးနီးယားနဲ့ ပိုလန်နိုင်ငံတွေက ဖြေဆိုသူတွေမှာတော့ ရုရှားက လုံခြုံရေးပြဿနာအဖြစ် နံပါတ် (၁) နေရာမှာ ဆက်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG