သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထရီပိုလီနဲ့ အနီးပတ်ဝန်းကျင် အရေးပေါ်အခြေအနေကြေညာ


ထရီပိုလီမြို့
ထရီပိုလီမြို့

ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားတဲ့ လစ်ဗျားအစိုးရက လစ်ဗျားနိုင်ငံရဲ့မြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ အဲဒီနေရာတွေမှာ တိုက်ခိုက်မှုတွေကြောင့် လွန်ခဲ့တဲ့ရက်တွေအတွင်း အရပ်သား တွေအပါအဝင် လူပေါင်း ၃၉ ယောက် သေဆုံးထားပါတယ်။

ထရီပိုလီမြို့တော်က လက်နက်ကိုင်အုပ်စုတွေနဲ့ တောင်ဘက်ခြမ်း မြို့တမြို့က အုပ်စုတွေကြား ထရီပိုလီမြို့တော်ကို ထိန်းချုပ်ဖို့ အပြိုင်လုပ်ဆောင်ကြရင်း တိုက်ပွဲတွေဖြစ်တာပါ။ တိုက်ပွဲတွေကြောင့် တခြားလူ ၉၆ ယောက်လည်း ဒဏ်ရာရတယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

ပြိုင်ဘက် လက်နက်ကိုင်အုပ်စုတွေအနေနဲ့ တိုက်ခိုက်နေတာကို ရပ်ဆိုင်းဖို့နဲ့ ကုလသမဂ္ဂ စေ့စပ်ပေးထားတဲ့ အပစ်ရပ် သဘော တူညီချက်အတိုင်း လိုက်နာကြဖို့ အစိုးရရဲ့ တနင်္ဂနွေနေ့ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

၂၀၁၁ ခုနှစ် အုံကြွမှုကနေ လစ်ဗျားအာဏာရှင် Moammar Gadhafi ကို ဖြုတ်ချ သတ်ပစ်လိုက်ပြီးတဲ့နောက် လစ်ဗျားနိုင်ငံဟာ ရုန်းရင်းဆန်ခတ် မတည်မငြိမ်အခြေအနေထဲ ရောက်သွားပါတယ်။ လက်ရှိမှာ ထရီပိုလီမြို့တော်နဲ့ အရှေ့ဘက်ခြမ်းကို ပြိုင်ဘက် အာဏာပိုင်တွေက အုပ်ချုပ်နေကြပြီး သူတို့ကို ကျောထောက်နောက်ခံ ပေးထားတာကတော့ အာဏာကို လက်တွေ့ကိုင်စွဲထား တဲ့ လက်နက်ကိုင်အုပ်စုတွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG