သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ ဝင်စွက်တယ်လို့ တရုတ်ကို Donald Trump စွပ်စွဲ


ဂျပန်ဝန်ကြီးချုပ် Shinzo Abe (ဝဲ) နှင့် တွေ့ဆုံ ဆွေးနွေးနေသည့် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် (ယာ)။ စက်တင်ဘာ ၂၆၊ ၂၀၁၈။
ဂျပန်ဝန်ကြီးချုပ် Shinzo Abe (ဝဲ) နှင့် တွေ့ဆုံ ဆွေးနွေးနေသည့် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် (ယာ)။ စက်တင်ဘာ ၂၆၊ ၂၀၁၈။

အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် လာမယ့်ရွေးကောက်ပွဲတွေကို တရုတ်က စွက်ဖက် နှောက်ယှက်နေတယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က စွပ်စွဲပြောဆိုလိုက်ပါ တယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌအဖြစ် အမေရိကန်ပြည်ထောင်စုက စပြီးတာဝန်ယူတဲ့ ဗုဒ္ဓဟူးနေ့အစည်းအဝေး အတွင်း သမ္မတထရမ့်ပ်က “လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၁၈ ရွေးကောက်ပွဲတွေမှာ ကျနော့်အစိုးရကို ဆန့်ကျင်ပြီး စွက်ဖက် နှောက်ယှက်ဖို့ တရုတ်က ကြိုးစားနေတယ်ဆိုတာ စိတ်မကောင်း စရာ ကျနော်တို့ တွေ့ရပါတယ်။” လို့ ပြောပါတယ်။

“ကျနော် ဒါမှမဟုတ် ကျနော်တို့ အနိုင်ရတာကို သူတို့မလိုချင်ပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ ကျနော်ဟာ ကုန်သွယ်ရေးပိုင်းမှာ တရုတ်ကို ပထမဆုံး ရင်ဆိုင်လုပ်ဆောင်တဲ့ သမ္မတ ဖြစ်လို့ပါပဲ၊ ကုန်သွယ်ရေးမှာ ကျနော်တို့ အနိုင်ရနေပါတယ်၊ အဆင့်တိုင်းမှာ ကျနော်တို့ အနိုင်ရနေပါတယ်” လို့လည်း သမ္မတထရမ့်ပ်က ဆိုပါတယ်။

သမ္မတထရမ့်ပ် အဲဒီလိုပြောအပြီး သိပ်မကြာခင်မှာပဲ အဲဒီပြောဆိုချက်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပယ်ချပါတယ်။

တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေရဲ့ အရေးကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်ခြင်း မလုပ်ဘူးဆိုတဲ့ မူအတိုင်း လိုက်နာ လုပ်ဆောင်နေပြီး တရုတ်နိုင်ငံအပေါ် “မှန်ကန်မှု မရှိတဲ့ စွပ်စွဲချက်တွေ” ကို လက်မခံဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က သတင်းထောက်တွေကို ပြောပါတယ်။

ကန်ရွေးကောက်ပွဲ ဝင်စွက်တယ်လို့ တရုတ်ကို Donald Trump စွပ်စွဲ
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG