သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွစ္ေပါင္း ၁၃၀ အတြင္း ပထမဆံုးအႀကိမ္အျဖစ္ ကန္အစိုးရအေျပာင္းအလဲကာလမွာ ေသဒဏ္စီရင္


Idaho ျပည္နယ္ Boise ၿမိဳ႕က ေသဒဏ္စီရင္ေသာေနရာ။

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ ေ႐ြးေကာက္ပဲြအၿပီး အစိုးရ အကူးအေျပာင္းကာလအတြင္း ရာဇဝတ္သားတေယာက္ကို ျပည္ေထာင္စုအစုိးရက သမိုင္းမွာ ပထမဆံုး ကြပ္မ်က္ လိုက္ပါတယ္။

Indiana ျပည္နယ္က အက်ဥ္းေထာင္တခုထဲမွာ လူသတ္မႈနဲ႔ ျပစ္ဒဏ္က်ေနသူ ရာဇဝတ္သား Orlando Hall ကို ႏိုဝင္ဘာ ၁၉ ရက္ေန႔က ကြပ္မ်က္ခဲ့တာျဖစ္ပါတယ္။ အစိုးရသစ္မတက္ခင္ အကူးအေျပာင္းကာလမွာ ခုလို သုတ္သင္ကြက္မ်က္မႈဟာ ႏွစ္ေပါင္း ၁၃၀ မွာ ပထမဆံုးျဖစ္ပါတယ္။

ေ႐ြးေကာက္ခံသမၼတ Biden က်မ္းက်ိန္ပဲြလုပ္မယ့္ ဇန္နဝါရီက ၂၀ ရက္ေန႔မတိုင္ခင္ ေနာက္ထပ္ ရာဇဝတ္သား ၅ ေယာက္ကို ကြပ္မ်က္ဖုိ႔လည္း လက္႐ွိ Trump အစိုးရက အေလးထားေျပာေနပါတယ္။ အဲဒီထဲမွာ ေသဒဏ္က်ေနသူေတြထဲက တဦးတည္းေသာ အမ်ဳိးသမီးလည္း ပါဝင္ပါတယ္။

အခုလို လက္႐ွိအစိုးရ ဆင္းခါနီး အက်ဥ္းသားကြပ္မ်က္မႈကို သမၼတေဟာင္း Grover Cleveland ရဲ႕ ပထမသက္တမ္းအကုန္ ၁၈၈၉ ခုႏွစ္က ေနာက္ဆံုးလုပ္ခဲ့တာပါ။ အစဥ္အလာအားျဖင့္ ရာထူးကဆင္းသြားေတာ့မယ့္ သမၼတေတြဟာ ရာဇဝတ္သားကို ကြပ္မ်က္သင့္ မသင့္ ဆံုးျဖတ္ခ်က္ေတြ မခ်ေတာ့ဘဲ အသစ္တက္လာမယ့္ သမၼတေတြ လက္ကို လႊဲေပးခဲ့ၾကေလ့ ႐ွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နှစ်ပေါင်း ၁၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကန်အစိုးရအပြောင်းအလဲကာလမှာ သေဒဏ်စီရင်

အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲအပြီး အစိုးရ အကူးအပြောင်းကာလအတွင်း ရာဇဝတ်သားတယောက်ကို ပြည်ထောင်စုအစိုးရက သမိုင်းမှာ ပထမဆုံး ကွပ်မျက် လိုက်ပါတယ်။

Indiana ပြည်နယ်က အကျဉ်းထောင်တခုထဲမှာ လူသတ်မှုနဲ့ ပြစ်ဒဏ်ကျနေသူ ရာဇဝတ်သား Orlando Hall ကို နိုဝင်ဘာ ၁၉ ရက်နေ့က ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။ အစိုးရသစ်မတက်ခင် အကူးအပြောင်းကာလမှာ ခုလို သုတ်သင်ကွက်မျက်မှုဟာ နှစ်ပေါင်း ၁၃၀ မှာ ပထမဆုံးဖြစ်ပါတယ်။

ရွေးကောက်ခံသမ္မတ Biden ကျမ်းကျိန်ပွဲလုပ်မယ့် ဇန်နဝါရီက ၂၀ ရက်နေ့မတိုင်ခင် နောက်ထပ် ရာဇဝတ်သား ၅ ယောက်ကို ကွပ်မျက်ဖို့လည်း လက်ရှိ Trump အစိုးရက အလေးထားပြောနေပါတယ်။ အဲဒီထဲမှာ သေဒဏ်ကျနေသူတွေထဲက တဦးတည်းသော အမျိုးသမီးလည်း ပါဝင်ပါတယ်။

အခုလို လက်ရှိအစိုးရ ဆင်းခါနီး အကျဉ်းသားကွပ်မျက်မှုကို သမ္မတဟောင်း Grover Cleveland ရဲ့ ပထမသက်တမ်းအကုန် ၁၈၈၉ ခုနှစ်က နောက်ဆုံးလုပ်ခဲ့တာပါ။ အစဉ်အလာအားဖြင့် ရာထူးကဆင်းသွားတော့မယ့် သမ္မတတွေဟာ ရာဇဝတ်သားကို ကွပ်မျက်သင့် မသင့် ဆုံးဖြတ်ချက်တွေ မချတော့ဘဲ အသစ်တက်လာမယ့် သမ္မတတွေ လက်ကို လွှဲပေးခဲ့ကြလေ့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG