သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ ဒုတိယေျမာက္ ေသဒဏ္စီရင္မယ့္အေပၚ တရားသူႀကီး တားျမစ္


Indiana ျပည္နယ္ Terre Haute ၿမိဳ႕က ေသဒဏ္စီရင္ေသာေနရာ။

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ ေသဒဏ္ ခ်မွတ္ခံထားရသူေတြထဲက ဒုတိယတဦးကို ဒီကေန႔ ေသဒဏ္စီရင္ဖို႔ စီစဥ္ထားတဲ့အေပၚ ၀ါရွင္တန္ျပည္နယ္ ျပည္ေထာင္စုတရားသူႀကီး တဦးက တားျမစ္မိန္႔ထုတ္လိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ေသဒဏ္စီရင္တာကို ပိတ္ပင္ထားတာ ၁၇ ႏွစ္ၾကာၿပီးေနာက္မွာမွ ျပန္ၿပီး က်င့္သုံးလာတဲ့အခ်ိန္ တပတ္အတြင္း ဒုတိယ ေျမာက္ကြပ္မ်က္ဖို႔ စီစဥ္ထားတာမွာ တရားသူႀကီးရဲ ႔ တားျမစ္မိန္႔ ထြက္လာတာျဖစ္ပါတယ္။

ေသဒဏ္ခ်ခံထားရတဲ့ အသက္ ၆၈ ႏွစ္အရြယ္ Ire Purkey ဟာ သူ႔ျပစ္မႈေၾကာင့္ က်ခံရမယ့္ ျပစ္ဒဏ္ကို နားမလည္သလို စိတ္က်န္းမာေရးျပႆနာ ရွိခဲ့ဖူးတာေၾကာင့္ ေသဒဏ္ကြပ္မ်က္မႈနဲ႔ မထုိ္က္တန္ဘူးလို႔ သူ႔ေရွ ႔ေနေတြကေျပာပါတယ္။

dementia မွတ္ဉာဏ္ခ်ိဳ ႔ယြင္းတဲ့ေရာဂါေၾကာင့္ Ire Purkey ရဲ ႔ စိတ္က်န္းမာေရးပိုဆိုးလာတယ္လို႔လည္းေျပာပါတယ္။ Purkey ကို ေသဒဏ္စီရင္ဖို႔ မသင့္ဘူးဆိုတာ သူ႔ေရွ႕ေနေတြက အခိုင္အမာတင္ျပခဲ့တာေၾကာင့္ မ ွ်တမႈရွိတ့ဲ ၾကားနာမႈတရပ္ရဖို႔ အခြင့္အေရးရွိပါတယ္လို႔ တရားသူႀကီး Tanya Chutkan ရဲ ႔ အမိန္႔စာမွာ ေဖာ္ျပထားပါတယ္။ အဲဒီလိုၾကားနာႏုိင္ေအာင္ ေသဒဏ္ကြပ္မ်က္မယ့္ အစီအစဥ္ကို ဆုိင္းထားဖို႔ ခုလိုအမိန္႔ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

၁၉၉၈ ခုႏွစ္က Missouri ျပည္နယ္မွာ ဆယ္ေက်ာ္သက္တဦးကို သတ္ၿပီး အပိုင္းပိုင္းျဖတ္ခဲ့တဲ့ ျပစ္မႈနဲ႔ Purkey ကို ေသဒဏ္အမိန္႔ခ်မွတ္ထားတာျဖစ္ပါတယ္။ အသက္ ၈၀ အရြယ္အမ်ိဳးသမီးတဦးကို သတ္ျဖတ္ခ့ဲ့တဲ့အမႈမွာ အျပစ္ရွိေၾကာင္းလည္း Purkey က ၀န္ခံထြက္ဆိုထားတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်မှာ ဒုတိယမြောက် သေဒဏ်စီရင်မယ့်အပေါ် တရားသူကြီး တားမြစ်

အမေရိကန်ပြည်ထောင်စုမှာ သေဒဏ် ချမှတ်ခံထားရသူတွေထဲက ဒုတိယတဦးကို ဒီကနေ့ သေဒဏ်စီရင်ဖို့ စီစဉ်ထားတဲ့အပေါ် ဝါရှင်တန်ပြည်နယ် ပြည်ထောင်စုတရားသူကြီး တဦးက တားမြစ်မိန့် ထုတ်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သေဒဏ်စီရင်တာကို ပိတ်ပင်ထားတာ ၁၇ နှစ်ကြာပြီးနောက်မှာမှ ပြန်ပြီး ကျင့်သုံးလာတဲ့အချိန် တပတ်အတွင်း ဒုတိယ မြောက်ကွပ်မျက်ဖို့ စီစဉ်ထားတာမှာ တရားသူကြီးရဲ့ တားမြစ်မိန့် ထွက်လာတာဖြစ်ပါတယ်။

သေဒဏ်ချခံထားရတဲ့ အသက် ၆၈ နှစ်အရွယ် Ire Purkey ဟာ သူ့ပြစ်မှုကြောင့် ကျခံရမယ့် ပြစ်ဒဏ်ကို နားမလည်သလို စိတ်ကျန်းမာရေးပြဿနာ ရှိခဲ့ဖူးတာကြောင့် သေဒဏ်ကွပ်မျက်မှုနဲ့ မထိုက်တန်ဘူးလို့ သူ့ရှေ့နေတွေကပြောပါတယ်။

dementia မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါကြောင့် Ire Purkey ရဲ့ စိတ်ကျန်းမာရေးပိုဆိုးလာတယ်လို့လည်းပြောပါတယ်။ Purkey ကို သေဒဏ်စီရင်ဖို့ မသင့်ဘူးဆိုတာ သူ့ရှေ့နေတွေက အခိုင်အမာတင်ပြခဲ့တာကြောင့် မ ျှတမှုရှိတဲ့ ကြားနာမှုတရပ်ရဖို့ အခွင့်အရေးရှိပါတယ်လို့ တရားသူကြီး Tanya Chutkan ရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။ အဲဒီလိုကြားနာနိုင်အောင် သေဒဏ်ကွပ်မျက်မယ့် အစီအစဉ်ကို ဆိုင်းထားဖို့ ခုလိုအမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်က Missouri ပြည်နယ်မှာ ဆယ်ကျော်သက်တဦးကို သတ်ပြီး အပိုင်းပိုင်းဖြတ်ခဲ့တဲ့ ပြစ်မှုနဲ့ Purkey ကို သေဒဏ်အမိန့်ချမှတ်ထားတာဖြစ်ပါတယ်။ အသက် ၈၀ အရွယ်အမျိုးသမီးတဦးကို သတ်ဖြတ်ခဲ့တဲ့အမှုမှာ အပြစ်ရှိကြောင်းလည်း Purkey က ဝန်ခံထွက်ဆိုထားတာပါ။

XS
SM
MD
LG