သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ ဒုတိယမြောက် သေဒဏ်စီရင်ဖို့ တရားရုံးချုပ်ဆုံးဖြတ်


အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ နိုင်ငံတော်တရားရုံးချုပ် အဆောက်အဦး။ (မေ ၁၂၊ ၂၀၂၀)
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ နိုင်ငံတော်တရားရုံးချုပ် အဆောက်အဦး။ (မေ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုမှာ နောက်ထပ် အကျဉ်းသားတယောက်ကို သေဒဏ်နဲ့ ကွပ်မျက်ဖို့အတွက် နိုင်ငံတော်တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။ အခုသီတင်းပတ်အတွင်းမှာ နိုင်ငံတော်တရားရုံးချုပ်က သေဒဏ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်တာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

သေဒဏ်အပြစ်ဒဏ်ကျနေတဲ့ Wesley Ira Purkey
သေဒဏ်အပြစ်ဒဏ်ကျနေတဲ့ Wesley Ira Purkey

သေဒဏ်အပြစ်ဒဏ်ကျနေတဲ့ Wesley Ira Purkey ဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အတွက် သူ့အပေါ် ဘာကြောင့် သေဒဏ်ပေးသလဲဆိုတာကို သဘောမပေါက်တာမို့ မကွက်မျက်သင့်ဘူးလို့ သူ့ရှေ့နေရဲ့ လေ ျှာက်ထားချက်ကို အောက်ရုံးတခုရဲ့ တရားသူကြီးက ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ထားတာပါ။ ဒါကြောင့် သူ့ကို ဗုဒ္ဓဟူးနေ့က ကွပ်မျက်မယ့် အစီအစဉ်ကို ဆိုင်းထားခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတော်တရားရုံးချုပ်တရားသူကြီး ၉ ယောက်က ထောက်ခံမဲ ၅ မဲ၊ ကန့်ကွက်မဲ ၄ မဲနဲ့ သူ့ကို ကွပ်မျက်ဖို့ ဒီနေ့ ကြာသပတေးနေ့ အစောပိုင်းမှာပဲ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်တုန်းက အသက် ၁၆ နှစ်အရွယ် မိန်းကလေးတယောက်ကို ဖမ်းဆီး မုဒိမ်းကျင့် သတ်ဖြတ်ပြီး အလောင်းကို ပိုင်းဖြတ်အစဖျောက်မှုနဲ့ Purkey သေဒဏ်ကျနေတာပါ။ အသက် ၈၀ အရွယ် အမျိုးသမီးကြီးတယောက်ကို သတ်ဖြတ်မှုမှာ အပြစ်ရှိတယ်လို့ ဝန်ခံထားသူလည်းဖြစ်ပါတယ်။

Purkey အပါအဝင် သေဒဏ်အပြစ်ကျနေသူ လေး ယောက်ကို ကွပ်မျက်တဲ့အခါ သုံးမယ့်ဆေးဟာ မသေခင် ရေနစ်သလို အသက်ရှုကြပ်တဲ့ ခံစားမှုမျိုးဖြစ်နိုင်တာကြောင့် ဖွဲ့စည်းပုံနဲ့မညီ ညှင်းပန်းနှိပ်စက်ရာ ရောက်တယ်လို့ တရားခံရှေ့နေတွေက စောဒက တက်ခဲ့ကြတာကို နိုင်ငံတော်တရားရုံးချုပ်က အင်္ဂါနေ့ကပဲ ပယ်ချခဲ့ပါတယ်။

အဲဒီနောက် ၂၀၀၃ ခုနှစ်ထဲကဆိုရင် ပထမဆုံးအကြိမ်အဖြစ် Daniel Lewis Lee ဆိုတဲ့ အကျဉ်းသားကို ပြည်ထောင်စုအစိုးရက ကွပ်မျက်ခဲ့ပါတယ်။

အမေရိကန်မှာ ဒုတိယမြောက် သေဒဏ်စီရင်ဖို့ တရားရုံးချုပ်ဆုံးဖြတ်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG