သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အာရှခရီးစဉ် အဆုံးသတ်


U.S. President Donald Trump
U.S. President Donald Trump

ဖိလစ်ပိုင်နိုင်ငံမှာကျင်းပနေတဲ့ ASEAN ထိပ်သီးဆွေးနွေးပွဲကတော့ ဒီကနေ့ပဲအဆုံးသတ်မှာပါ။ အမေရိကန်သမ္မတ Donald Trump နဲ့ ဖိလစ်ပိုင်သမ္မတRodrigo Duterte တို့၂ဦး မနေ့က တွေ့ဆုံခဲ့ကြပြီး မူးယစ်ဆေးဝါးတိုက် ဖျက်ရေး၊ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကိုပြောဆိုခဲ့ကြပါတယ်။ သမ္မတထရမ့်ရဲ့အာရှ၅နိုင်ငံခရီးစဉ် ကိုလည်း ဒီကနေ့ပဲအဆုံးသတ်မှာပါ။ ဒီအကြောင်း ကိုကျော်အောင်လွင် ကဆက်ပြီးပြောပြပါလိမ့်မယ်။

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းနဲ့အမေရိကန်ပြည်ထောင်စုတို့ဆက်ဆံရေး နှစ်ပေါင်း၄၀ပြည့်အထိမ်းအမှတ် အခမ်းအနားကိုလည်း အာဆီယံထိပ်သီးဆွေးနွေးပွဲကာလအတွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး အာဆီယံဒေသတွင်း နိုင်ငံတွေကို လွတ်လပ်ပြီးခိုင်မာအားကောင်းမှုရှိစေချင်တယ်လို့ သမ္မတထရမ့်က ပြောခဲ့ပါတယ်။

"အာဆီယံဒေသတွင်းက အမေရိကန်ရဲ့လုပ်ဖေါ်ကိုင်ဖက်နိုင်ငံတွေကိုကျနော်တို့က လွတ်လွတ်လပ်လပ်နဲ့ အမှီအခိုကင်းပြီး အားကောင်းခိုင်မာမှုရှိစေချင်ပါတယ်။ အောင်မြင်ကြီးပွါးမှုတွေရှိစေချင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ရည်ရွယ်ချက်တွေအတိုင်း ဖြစ်လာအောင် လုပ်ဆောင်နိုင်စေချင်ပါတယ်။ ဒီအချက်တွေက ကျနော်တို့ရှုမြင်တဲ့ အင်ဒိုပစိဖိတ်ဒေသနိုင်တွေအတွက် အဓိကအချက်တွေပါပဲ"

ဖိလစ်ပိုင်သမ္မတ ဒူတာတေးကလည်း ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုနဲ့ အာဆီယံ နဲ့အမေရိကန်ဆက်ဆံရေးတို့ ဆက်စပ်နေတယ်လို့ဆိုပါတယ်။

"အာဆီယံ နဲ့အမေရိကန်ဆက်ဆံရေးအနာဂတ်က အဆုံးမှာတော့ ဒေသတွင်းငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုတွေအတွက်ပါပဲ။ အာဆီယံအသင်းရဲ့ငြိမ်းချမ်းရေးနဲ့အောင်မြင်မှုတွေနှစ်ပေါင်း၅၀ပြည့် အထိမ်းအမှတ်ကျင်းပနေတဲ့အချိန်မှာ သမ္မတထရမ့် ကျနော်တို့ဆီကိုရောက်ရှိလာတာဖြစ်ပြီး အားကိုးရတဲ့လုပ်ဖေါ်ကိုင်ဖက်နိုင်ငံဖြစ်ကြောင်းလက်တွေ့ပြတဲ့အနေနဲ့ ရောက် ရှိလာတာပါ။ အမေရိကန်နဲ့အာဆီယံနိုင်ငံတွေအတွင်း ဆက်ဆံရေးကို နီးနီးကပ်ကပ်ရှိနေအောင်၊ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်အောင် ကျနော်တို့ရဲ့အကျိုးစီး ပွါးတွေကိုမျှဝေပြီးလုပ်ဆောင်နေပါတယ်"

ဖိလစ်ပိုင်နိုင်ငံအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ လူတွေထောင်နဲ့ချီအသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွါး စရာတွေနဲ့နာမည်ကြီးနေတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးနဲ့အမေရိကန်သမ္မတဒေါ်နလ်ထရမ့် တို့မတွေ့ဆုံခင် ကတည်းက သူတို့၂ဦးတွေ့ဆုံကြမယ့်အရေးကို အများက စိတ်ဝင်တစားရှိနေခဲ့ကြတာပါ။

မနေ့ကသမ္မတ၂ဦးရဲ့ မိနစ် လေးဆယ်ကြာတွေ့ဆုံမှုအတွင်းမှာတော့ ဖိလစ်ပိုင်နိုင်ငံက မူယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စနဲ့ပတ်သက်ပြီး အကြမ်းဖျဉ်းသဘောပြောဆိုမှုရှိခဲ့တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ အမျိုးသမီး ဆာရာ ဟတ်ကဘီ ဆန်ဒါးစ်ကပြောပါတယ်။ ဖိလစ်ပိုင်သမ္မတဒူတာတေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Harry Roque ကတော့ သမ္မတ၂ဦးရဲ့ပြောဆိုမှုအတွင်း လူ့အခွင့် အရေးအကြောင်းကိုထည့်မပြောသလို လူတွေအများအပြားအသတ်ခံခဲ့ရတဲ့ကိစ္စကိုလည်း ထည့်မပြောခဲ့ဘူးလို့ဆိုပါ တယ်။

သမ္မတထရမ့်ရဲ့ ၁၂ရက်ကြာ အာရှ၅နိုင်ငံအတွင်းမှာ အဓိကလွှမ်မိုးထားတဲ့အကြောင်းအရာကတော့ မြောက်ကိုရီးယား အရေးပါပဲ။ အာဆီယံ ဝန်ကြီးတွေနဲ့လည်း သမ္မတထရမ့်က တဦးချင်းစီသီးသန့်တွေ့ဆုံပြောဆိုမှုတွေလုပ်ခဲ့တာပါ။ သြ စတေးလျှဝန်ကြီးချုပ် Malcom Turnbull ကလည်း မြောက်ကိုရီးယားအန္တရာယ်ကိုအတူတကွရင်ဆိုင်သွားမယ်လို့ပြော ပါတယ်။

"ကျနော်တို့ဒေသအတွင်းမှာဖြစ်ပေါ်နေတဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ရန်စမှုတွေနဲ့ပတ်သက်ပြီး ကျနော် တို့ရဲ့ အာရုံစိုက်မှုနဲ့သဘောထားတွေက အတူတူပါပဲ။ ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုက ဒေသတွင်းနိုင်ငံတွေက ပြည်သူတွေ အတွက် အခြေခံကျတဲ့အချက်တွေပါပဲ။ မြောက်ကိုရီးယားပြဿနာကိုဖြေရှင်းရေးမှာ ကျနော်တို့တွေအတူဝိုင်းပြီး အသေ အချာလုပ်ဆောင်ကြမှာပါ"

သမ္မထရမ့်ရဲ့ အာရှခရီးစဉ်မှာ မြောက်ကိုရီးယားအရေးအပြင် အမေရိကန်နဲ့အာရှ စီးပွါးရေးတိုးမြင့်လုပ်ဆောင်ဖို့ကိစ္စတွေ ကိုလည်း အဓိကထား ပြောဆိုဆွေးနွေးခဲ့ကြတာပါ။ အမေရိကန်ကိုပြန်ရောက်တဲ့အခါ မြောက်ကိုရီးယားအရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ကြေညာချက်တခုကို ဗုဒ္ဓဟူးနေ့ မနက်ဖြန်ကျရင်ထုတ်ပြန်လိမ့်မယ် လို့လည်း သမ္မတထရမ့်ကပြောပါတယ်။

အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကျင်းပနေတဲ့ ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာမှာ လူတိုင်းကတော့ သမ္မတထရမ့်ကို သဘော ကျထောက်ခံနေကြတာတော့မဟုတ်ပါဘူး။ ထောင်နဲ့ချီတဲ့ သမ္မတထရမ့်ဆန့်ကျင်ရေးသမားတွေ၊ အမေရိကန်မလိုလား တဲ့ဆန္ဒပြသမားတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေမနေ့ကဖြစ်ပွါးခဲ့ပါသေး တယ်။ ဆန္ဒပြသမားတွေကို နံပတ်ဒုတ်တွေနဲရိုက်၊ မီးသတ်ပိုက်နဲ့ပက်ပြီး လူစုခွဲခဲ့ရသလို တချို့ကိုလည်းရဲ့တွေကဖမ်းဆီး ခဲ့ပါတယ်။

သမ္မတ Trump အာရှခရီးစဉ် အဆုံးသတ်
please wait

No media source currently available

0:00 0:03:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG