သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အာရှခရီးစဉ်အပြီး အရေးကြီးကြေညာချက် ထုတ်ပြန်မည်


 ဂျပန် ဝန်ကြီးချုပ် Shinzo Abe ၊အမေရိကန် သမ္မတ Donald Trump နဲ့ သြစတေးလျ ဝန်ကြီးချုပ် Malcolm Trunbull တို့ တွေ့ဆုံ
ဂျပန် ဝန်ကြီးချုပ် Shinzo Abe ၊အမေရိကန် သမ္မတ Donald Trump နဲ့ သြစတေးလျ ဝန်ကြီးချုပ် Malcolm Trunbull တို့ တွေ့ဆုံ

အမေရိကန် သမ္မတ Donald Trump နဲ့ သြစတေးလျ ဝန်ကြီးချုပ် Malcolm Trunbull တို့ ဒီကနေ့ တနလာၤနေ့ မနက်ပိုင်း တွေ့ဆုံကြဖို့ ကနဦး စီစဉ်ခဲ့ပေမယ့် ဆွေးနွေးပွဲမှာတော့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe ထပ်တိုးပါဝင်ခဲ့ပါတယ်။

အခုလို အပြောင်းအလဲဟာဆိုရင် ဒေသတွင်း လုံခြုံရေး အပေါ် သုံးနိုင်ငံတို့ အနေနဲ့ စိုးရိမ်မှု တိုးလာတာကို ပြသနေတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ မြောက်ကိုရီးယားရဲ့ နျူးကလီးယား လက်နက်နဲ့ ပဲ့ထိန်းတပ် ဒုံးကျည် အစီအစဉ်တွေ အပေါ် တုံ့ပြန်ကိုင်တွယ်ရေး၊ နောက် တရုတ်ဘက်က ရေပြင်ပိုင် ဆိုင်မှုကို တိုးချဲ့ ပြောဆိုလာနေတာတွေကို ထိန်းညှိရေးတို့ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆောင်ကျဉ်းနိုင်ဖို့ အတွက် သုံးနိုင်ငံ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ရေးက အဓိက ဖြစ်ပါတယ်လို့ ဂျပန် ဝန်ကြီးချုပ်က ပြောဆိုပါတယ်။ မြောက်ကိုရီးယား အစိုးရ အနေနဲ့ ဒေသတွင်းမှာ မဆင်မခြင် ရန်စ ခြိမ်းခြောက်နေတာတွေကို သဘောပေါက်နားလည်ပြီး ရပ်သွားစေရေး အခိုင်အမာ လုပ်ဖို့ သဘောတူခဲ့ကြတယ်လို့လည်း သြစတေးလျ ဝန်ကြီးချုပ်က ပြောပါတယ်။

ပစိဖိတ် သမုဒ္ဒရာ အနောက်ခြမ်းမှာတော့ အမေရိကန် လေယာဉ်တင် သဘောၤ ၃ စင်း ပါဝင်တဲ့ ရေတပ်လေ့ကျင့်မှုကြီးကို အင်အားပြတဲ့ အနေနဲ့ ဆောင်ရွက်နေပါတယ်။ အမေရိကန် ရေတပ် သဘောၤတွေ၊ လေယာဉ်တင် သဘောၤတွေကို တောင်ကိုရီးယား ရေတပ်၊ နောက် ဂျပန် ကာကွယ်ရေး တပ်ဖွဲ့တို့ကလည်း ပူးပေါင်းခဲ့ပါတယ်။ အမေရိကန် သမ္မတ Trump ကတော့ ၁၂ ရက်ကြာ အာရှ ၅ နိုင်ငံ ခရီးစဉ် အပြီး ဝါရှင်တန်ကို ပြန်ရောက်ချိန်မှာ မြောက်ကိုရီးယား အရေး၊ ကုန်သွယ်ရေးတို့နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ကြေညာချက် ထုတ်မယ်လို့ ပြောဆိုထားပါတယ်။ အရှေ့တောင် အာရှ နိုင်ငံများအသင်း ASEAN ညီလာခံ ကျင်းပရာ ဖိလစ်ပိုင်နိုင်ငံကို ရောက်နေတဲ့ အမေရိကန် သမ္မတ Trump က ဒီကနေ့မှာတော့ ဖိလစ်ပိုင် သမ္မတ Rodrigo Duterte နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ခေါင်းဆောင် နှစ်ဦးတို့ အနေနဲ့ အစ္စလာမ္မစ် အစွန်းရောက် ISIS အရေး၊ မူးယစ်မှောင်ခို အရေးနဲ့ ကုန်သွယ်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရက ပြောဆိုထားပါတယ်။

သမ္မတ Trump အာရှခရီးစဉ်အပြီး အရေးကြီးကြေညာချက် ထုတ်ပြန်မည်
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG