သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ခေါင်းဆောင်ကို သုတ်သင်မယ့်အစီအစဉ် New York Times ဖျက်ဆီးကြောင်း သမ္မတ ထရမ့်ပ်ဝေဖန်


၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က IS စစ်သွေးကြွအဖွဲ့ ဝက်ဘ်ဆိုက်တ်မှ ယူထားသည့် IS အကြမ်းဖက်ခေါင်းဆောင် Abu Bakr al-Baghdadi ၏ပုံ။
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က IS စစ်သွေးကြွအဖွဲ့ ဝက်ဘ်ဆိုက်တ်မှ ယူထားသည့် IS အကြမ်းဖက်ခေါင်းဆောင် Abu Bakr al-Baghdadi ၏ပုံ။

IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ရဲ့ခေါင်းဆောင် Abu Bakr al-Baghdadi ကို သုတ်သင် သတ်ဖြတ်မယ့် အစီအစဉ် ပျက်သွားအောင် ရေးသား ဖော်ပြခဲ့တယ်ဆိုပြီး The New York Times သတင်းစာကို သမ္မတ Donald Trump က စနေနေ့မှာ Twitter လူမှုကွန်ယက်က တဆင့် ဝေဖန်လိုက်ပါတယ်။

Baghdadi ကို လုပ်ကြံမယ့်အစီအစဉ် ပျက်သွားအောင် New York Times သတင်းစာက ဘယ်လို ရေးသားလိုက်တယ်ဆိုတာနဲ့ ပတ်သက်လို့တော့ သမ္မတ Trump ကရှင်းလင်း ပြောကြားထားခြင်း မရှိပါဘူး။ ဒါပေမယ့် သတင်းပေါက်ကြားမှုတွေ ရှိခဲ့ကြောင်း Fox သတင်း ဌာနရဲ့ အသံလွှင့် အစီအစဉ်တခုမှာ ပြောကြားပြီး မိနစ်ပိုင်းအတွင်းမှာ သမ္မတ Trump က အဲဒီလို Twitter ကနေ ရေးသားလိုက်တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း သမ္မတ Trump ရဲ့ Twitter မှာ ရေးသားမှုနဲ့ ပတ်သက်လို့ အသေးစိတ် ရှင်းလင်းချက်ပေးဖို့ သမ္မတအိမ်ဖြူတော်ကို သူတို့အနေနဲ့ တောင်းဆိုထားကြောင်း ဝါရှင်တန်အခြေစိုက် Politico သတင်းဌာနကို New York Times သတင်းစာရဲ့ပြောခွင့်ရက ထုတ်ပြန်ချက် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ Trump က ဘယ်သတင်းကို ရည်ညွန်း ပြောဆိုတယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမယ့် Baghdadi ဟာ အသက်ရှင်လျက် ရှိနေသေးကြောင်း ကာကွယ်ရေးဝန်ကြီး James Mattis က သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ New York Times သတင်းစာမှာ သောကြာနေ့က ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ်က Mosul မြို့မှာ နောက်ဆုံး တွေ့လိုက်ရပြီးတဲ့နောက် အများမြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့ Baghdadi အတွက် အမေရိကန်က ဆုငွေ ဒေါ်လာ ၂၅ သန်း ထုတ်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG