သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အနိုင်ရရင် ရက် ၁၀၀ အတွင်း ဘာတွေလုပ်မလဲ


ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump ဟာ ရှေ့လထဲကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့ရင်၊ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေး၊ အမေရိကန်လူလတ်တန်းစားတွေ အခွန်ပေးဆောင်နေရတာတွေကို ၃၅ ရာခိုင်နှုန်း လျှော့ချရေး စတာတွေကို ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်မယ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန်ကို တရားမဝင် ဝင်ရောက်လာနေတာတွေကို ဟန့်တားဖို့ ခိုးဝင်လာသူတွေကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင် ၂ နှစ်ချရေး ပြဌာန်းမယ်လို့ ပြောဆိုခဲ့တာပါ။ ရာဇဝတ်မှုကျုးလွန်ဖူးတဲ့ နောက်ခံရာဇဝင်ရှိသူတွေ၊ အနည်းဆုံး ၂ ကြိမ် နေရပ်ရင်းပြန်ပို့ခံရဖူးသူတွေကိုတော့ အမြင့်ဆုံး ထောင် ၅ နှစ်အထိ အပြစ်ပေးမယ်လို့လည်း ဆိုပါတယ်။

တိုင်းပြည်သာယာဝပြောရေး၊ လူမှုအသိုင်းအဝိုင်းကြား လုံခြုံမှုရှိစေရေးနဲ့ သန့်ရှင်းတဲ့အစိုးရတရပ် ပေါ်ပေါက်လာအောင်၊ နိုဝင်ဘာ ၈ ရက် သမ္မတ ရွေးကောက်ပွဲမှာ အမေရိကန် နိုင်ငံသားတွေ ဒီရက် ၁၀၀ စီမံကိန်းကို မဲပေးကျမှာ ဖြစ်တယ်လို့လည်း Pennsylvania ပြည်နယ် Gettysburg မြို့က မိန့်ခွန်းထဲမှာ ပြောဆိုခဲ့တာပါ။ Trump မိန့်ခွန်းပြောခဲ့တဲ့ Gettysburg မြို့မှာပဲ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၃ နှစ်တုန်းက သမ္မတ Abraham Lincoln ဟာလည်း သမိုင်းဝင်မိန့်ခွန်းတရပ် ပြောဆိုခဲ့ဖူးပြီး၊ တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်ခဲ့ရတဲ့အထိ သဘောထား ကွဲပြားမှုတွေ ပေါ်ပေါက်ခဲ့သလို၊ အမေရိကန်ကို လမ်းကြောင်းပြောင်းခဲ့တဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။

ကွန်ဂရက်လွှတ်တော်အမတ်တွေ တာဝန်ယူနိုင်တဲ့ သက်တမ်းကို ကန့်သတ်ဖို့၊ ဗဟိုအစိုးရဝန်ထမ်းတွေ ခန့်အပ်ခွင့်ကို ဆိုင်းငံ့ထားဖို့၊ အစိုးရရဲ့ လုပ်ထုံး လုပ်နည်းတွေကို လျှော့ချဖို့၊ အိမ်ဖြူတော်နဲ့ လွှတ်တော်မှာ အမှုထမ်းခဲ့ဖူးသူတွေ တာဝန်က အနားယူပြီးတဲ့အခါ၊ ပြင်ပမှာ စည်းရုံးလှုပ်ရှားသူတွေအဖြစ် လုပ်ခွင့်မပေးဘဲ တားမြစ်ထားဖို့တွေကိုလည်း Trump က အဆိုပြုခဲ့ပါတယ်။

Trump အနိုင်ရရင် ရက် ၁၀၀ အတွင်း ဘာတွေလုပ်မလဲ
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG