သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Charlottesville လူဖြူကြီးစိုးရေး ဂယက် Trump အပေါ် ရိုက်ခတ်


မှတ်တမ်းပုံ - ရှားလော့ဗေးလ် ဆန္ဒပြပွဲ
မှတ်တမ်းပုံ - ရှားလော့ဗေးလ် ဆန္ဒပြပွဲ

ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဗာဂျီးနီးယား ပြည်နယ် ရှားလော့ဗေလ်းမြို့က အမျိုးသမီးတဦး သေဆုံးခဲ့ရတဲ့ အကြမ်းဖက် ပဋိပက္ခနဲ့ ပတ်သက်ပြီး လူဖြူကြီးစိုးရေး ဝါဒီတွေကိုရော သူတို့ကို တုန့်ပြန် ဆန္ဒပြသူတွေကိုပါ ပြစ်တင်ရမယ်လို့ ပြောကြားခဲ့တဲ့ အတွက် သမ္မတ Donald Trump ဟာ ဝေဖန်မှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရပါတယ်။

သမ္မတရဲ့ ဒီမှတ်ချက်ကြောင့် သမ္မတရဲ့ စီးပွားရေးကောင်စီက အရာရှိကြီး ၇ ဦး နုတ်ထွက်သွားပြီးနောက် ထိပ်တန်း ကုမ္ပဏီ အုပ်ချုပ်ရေးမှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီစီးပွားရေးကော်မတီ ၂ ခုကို သမ္မတက ဗုဒ္ဓဟူးနေ့မှာ ဖျက်သိမ်းလိုက်ပါတယ်။

စီးပွားရေး သမားတွေကို ဖိအားပေး မနေတော့ဘဲ ကော်မတီ ၂ ခုကို ဖျက်ပစ်လိုက်ပြီလို့ သမ္မတက ဆိုပါတယ်။ ဒီမတိုင်ခင် တရက်ကတော့ နုတ်ထွက်သွားတဲ့ လူရဲ့ နေရာမှာ လွယ်လွယ်ကူကူ အစားထိုးလို့ ရတယ်လို့ သူကပြောခဲ့တာပါ။

နုတ်ထွက်သူ အကြီးအကဲတဦးက ဆိုရင် လူမျိုးရေး ခွဲခြားမှုနဲ့ လူသတ်မှုဟာ လုံး၀ စက်ဆုတ် ရွံရှာဖွယ်ကောင်းပြီး ဒီကိစ္စမှာ သမ္မတဟာ လုံး၀ ပြတ်ပြတ်သားသား ရပ်တည် ရမယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း အမုန်းတရားနဲ့ အကြမ်းဖက်မှုကို ရှုံ့ချပြီး သူတို့ပြည်သူတွေကြားမှာ ဒါတွေအတွက် နေရာမရှိဘူးလို့ ဆိုပါတယ်။ အလားတူစွာပဲ နိုင်ငံတော် ရှေ့နေချုပ် Jeff Sessions ကလည်း လူမျိုးရေးခွဲခြားမှု၊ လူမျိုးကြီးဝါဒ၊ အမုန်းတရား ၊ အကြမ်းဖက်မှု စတာတွေ ဒီလိုမကြာခဏ ပေါ်ထွက်လာတာကို လုံး၀ လက်မခံနိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။

Charlottesville လူဖြူကြီးစိုးရေး ဂယက် Trump အပေါ် ရိုက်ခတ်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG