သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ကုန်သွယ်ရေးစစ်ဖြစ်မယ့်အရေး Donald Trump ငြင်းဆို


အမေရိကန် သမ္မတ Donald Trump အနေနဲ့ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် ကုန်သွယ်အခွန်စည်းကျပ်ငွေ အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ချမှတ်သွားမယ်လို့ ခြိမ်းခြောက်မှုကို တရုတ်နိုင်ငံ ဘက်ကလည်း တုံ့ပြန်သွားမယ့်လို့ပြောကြားမှုကို သမ္မတ Donald Trump အစိုးရက တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲဆင်နွဲမှာမဟုတ်ဘူးလို့ သောကြာနေ့က ပြောဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးတင်းမာနေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေချိန်မှာ ဒါဟာ ကုန်သွယ်ရေးကိုယ်စားလှယ်တွေ စိစစ်ဆောင်ရွက်ဖို့နဲ့ ပြည်သူလူထုသဘောထားမှတ်ချက်သိလိုတဲ့ အဆိုပြုချက်အပြီး အကောင်အထည်ဖော်ဖို့မရှိသေးဘူးလို့ အိမ်ဖြူတော် စီးပွားရေးအကြံပေး Larry Kudlow ကပြောပါတယ်။

တရုတ်နိုင်ငံ က အမေရိကန်ရဲ့ ဉာဏ်ပညာဆိုင်ရာ ပစ္စည်းမူပိုင်ခွင့်ကို ခိုးယူကာ အမေရိကန်ရဲ့ အဓိက စိုးရိမ်တဲ့အခြေခံ အကြောင်းအရင်းဖြစ်တယ်၊ အမေရိကန်ရဲ့ နည်းပညာတွေကို ခိုးယူတာဟာ အမေရိကန်ရဲ့အနာဂတ်နှလုံးသားကို ခိုးယူတာနဲ့ အတူတူပဲဖြစ်တယ်၊ တရုတ် သမ္မတ Xi နဲ့ သမ္မတ Trump တို့ ၂ ဦးအကြားကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ရှေ့ဆက်ဆွေးနွေးမှုတွေကနေ ပြဿနာတွေကို ဖြေရှင်းသွားနိုင်မယ်လို့ ယုံကြည်ကြောင်း စီးပွားရေးအကြံပေး Larry Kudlow ကပြောပါတယ်။

တရုတ်နိုင်ငံရဲ့ တရားဥပဒေနဲ့ မညီညွတ်တဲ့ မမျှတတဲ့ ကုန်သွယ်ရေးအလေ့အကျင့်တွေကိုတော့ အမေရိကန်အစိုးရက ပြစ်တင်ဝေဖန်ပါတယ်။

တရုတ်နဲ့ ကုန်သွယ်ရေးစစ်ဖြစ်မယ့်အရေး Donald Trump ငြင်းဆို
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG