သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရဲ့ စီးပွားရေး အစီအစဉ်

ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump
ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump

ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump က သူ့ရဲ့ စီးပွားရေးပေါ်လစီတွေကို တနင်္လာနေ့က ချပြလိုက်တာမှာ သူ့အနေနဲ့ အမေရိကန် စီးပွားရေး ဦးမော့လာအောင် လုပ်ဆောင်တဲ့အနေနဲ့ အခွန်လျော့ကောက်တာ၊ အစိုးရရဲ့ စည်းမျဉ်း ကန့်သတ်ချက်တွေကို လျော့ချတာနဲ့ အလယ်အလတ် ဝင်ငွေရှိတဲ့ အလုပ်သမားတွေ စီးပွားချမ်းသာစေရေးအတွက် လုပ်ဆောင်ပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီမိုကရက်ပါတီက သူ့ရဲ့ပြိုင်ဖက် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ဟာ အခွန်တိုးကောက်ခံရေးကို လိုလားတဲ့ အတိတ်ကာလကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းတွေအတွက် ထိန်းချုပ်မှုတွေ ပိုမို လုပ်ဆောင်လိုပြီး လောင်စာ စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို တင်းကြပ်စွာ ထိန်းချုပ်လိုသူ ဖြစ်ကြောင်း နိုင်ငံရေးလောကထဲကို ပထမဆုံးအကြိမ် ဝင်ရောက်လာတဲ့ အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီးTrump က ပြောပါတယ်။

အမေရိကန်စီးပွားရေး ဦးမော့လာအောင် သူ့အနေနဲ့ လုပ်ဆောင်လိုကြောင်းနဲ့ လုပ်လည်း လုပ်နိုင်ကြေင်း အမေရိကန် မော်တော်ကား ထုပ်လုပ်ရေးမြို့တော်လို့ သတ်မှတ်ထားကြတဲ့ Detroit မြို့မှာ ပြုလုပ်တဲ့ စီးပွားရေးအသင်းနဲ့ တွေ့ဆုံပွဲအတွင်း Trump က အဲဒီလို ပြောကြားလိုက်တာပါ။

Trump စကားပြောနေတဲ့အချိန် ဆန္ဒပြသူတချို့က အကြိမ်ကြိမ် ထပြီး ကန့်ကွက်ခဲ့ကြတာမှာ လုံခြုံရေးတွေကို အဲဒီ ဆန္ဒပြသူတွေကို အပြင်ကို ခေါ်ထုတ်သွားခဲ့ကြပါတယ်။

အမေရိကန် စီးပွားရေးကုမ္ပဏီကြီးတွေအပေါ် အစိုးရက ကောက်ခံတဲ့ အခွန်နှုန်း ၃၉% ကနေ ၁၅% အထိ လျော့ကောက်ဖို့ Trump က အဆိုပြုတဲ့အခါမှာတော့ တက်ရောက်လာကြသူတွေက သြဘာပေး ထောက်ခံခဲ့ကြပါတယ်။ အမေရိကန်အစိုးရက ကောက်ခံတဲ့ အခွန်နှုန်းဟာ ကမ္ဘာမှာ တတိယ အမြင့်ဆုံးလည်း ဖြစ်ပါတယ်။

Trump ရဲ့ စီးပွားရေး အစီအစဉ်
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG