အမေရိကန်ပြန်ထောင်စုမှာ နိုဝင်ဘာမှာကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲကျရင် သူ့ Republican အမတ်တွေ ထက် ဒီမိုကရက်အမတ်တွေ အနိုင်ရအောင်လို့ ရုရှားအကြီးအကျယ်ကြိုးစားမှာကို သူစိုးရိမ်တယ်လို့ သမ္မတ Donald Trump က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
သူ့လောက် ဘယ် သမ္မတမှ ရုရှားအပေါ်တင်းတင်းမာမာမလုပ်တာကြောင့် ရုရှားတို့က Trump ကိုလုံးဝမလိုလားဘူး၊ ဒါကြောင့် ဒီမိုကရက်တွေနိုင်အောင် အပြင်းအထန်ကြိုးစားလိမ့်မယ်လို့ သမ္မတက Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
၂၀၁၆ သမ္မတရွေးကောက်ပွဲတုန်းက Trump အနိုင်ရအောင်လို့ ရုရှားက ၀င်စွက်ခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေးဌာနတွေက ကောက်ချက်ချချိန်မှာ နိုဝင်ဘာ ၆ ရက်မှာကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲကျရင် ဒီမိုကရက်တွေ အသာရအောင်လို့ ရုရှားအစိုးရကလုပ်မယ်လို့ သမ္မတ Donald Trump ရဲ့ ထင်မြင်ချက်ဟာ ထူးဆန်းနေပါတယ်။
ဖင်လန်နိုင်ငံမှာ သမ္မတ Donald Trumpနဲ့ ရုရှားသမ္မတ Putin တို့မကြာခင်တုန်းက တွေ့ဆုံခဲ့စဉ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားဝင်စွက်ခဲ့ခြင်းမရှိဘူးလို့ ရုရှားသမ္မတက ထပ်ပြီးတော့ ငြင်းဆိုခဲ့ပေမယ့် သူ့အနေနဲ့ Trump ကိုအနိုင်ရစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။