သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတထက် တိုင်းပြည်အပေါ် သစ္စာရှိမည်ဟု သမ္မတ Trump ရှေ့နေဟောင်းပြော


အမေရိကန် သမ္မတ Donald Trump ရဲ့ ပုဂ္ဂိုလ်ရေး ရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး အခုတော့ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးခံနေရတဲ့ ရှေ့နေ Michael Cohen က သမ္မတထက် မိသားစုနဲ့ နိုင်ငံကို ကာကွယ်ပေးရေးက ဦးစားပေး ကိစ္စ ဖြစ်ကြောင်း ဒီကနေ့ တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။

နယူးယောက်က ရှေ့နေ Cohen က တချိန်တုန်းကတော့ သူဟာ သမ္မတ Trump ကို ရှေ့တန်းက ကာကွယ်ပေးမယ့်သူလို့ ပြောခဲ့ဖူးတာပါ။ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ ကာလ အတွင်း Trump ရဲ့ မဲဆွယ်စည်းရုံးမှုမှာ ရှေ့နေ Cohen ရဲ့ အခန်းကဏ္ဍကို အထူးစုံစမ်းရေးမှူး Robert Mueller က စုံစမ်းစစ်ဆေးနေပြီး နယူးယောက် အစိုးရ ရှေ့နေချုပ်ရုံးကလည်း ရှေ့နေ ကိုဟင်ရဲ့ အကျိုးဆောင် လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးနေတဲ့ကာလ ABC ရုပ်သံနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ရှေ့နေ ကိုဟင်က လုံး၀ လမ်းကြောင်း ပြောင်းသွားတာ ဖြစ်ပါတယ်။

အသက် ၅၁ နှစ် အရွယ် ရှေ့နေက သူ့ရဲ့ ဇနီး၊ သမီးနဲ့ သားဖြစ်သူတို့ အပေါ် ဦးစားပေးပြီး အမြဲတမ်း သစ္စာတည်မယ့် အကြောင်း၊ မိသားစုနဲ့ နိုင်ငံကို ပထမ ဦးစားပေး အဖြစ် ထားပါကြောင်း ပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှု ၂ ခု အတွင်း အစိုးရ ရှေ့နေတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒကို ပြလိုက်တာ ဖြစ်ပါတယ်။ ရှေ့နေ ကိုဟင်က သမ္မတ အိမ်ဖြူတော်မှာ တရားဝင် ရာထူး ရယူမထားပေမယ်လို့လည်း သမ္မတ Trump အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက မစ္စတာ Trump ရဲ့ ဇနီးသည် Melania က သားဖြစ်သူ Barron ကို မီးဖွားပြီးခါစ အချိန် အတွင်း Trump နဲ့ တညတာ အချစ်ဇာတ်လမ်း ရှိခဲ့ပါတယ်လို့ ပြောဆိုထားတဲ့ လိင်ဖျော်ဖြေရေး သရုပ်ဆောင် Stormy Daniels ကို ဒီအကြောင်း ထုတ်မပြောစေရေး အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် ၂ ပတ် အလိုမှာ နုတ်ပိတ်ခ အဖြစ် ရှေ့နေ ကိုဟင်က ဒေါ်လာ ၁ သိန်း ၃ သောင်း ပေးခဲ့တာပါ။

သမ္မတထက် တိုင်းပြည်အပေါ် သစ္စာရှိမည်ဟု သမ္မတ Trump ရှေ့နေဟောင်းပြော
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG