သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-အိန္ဒိယ ကြီးမားတဲ့ကုန်သွယ်ရေး သဘောတူညီချက် မရ


(Zawgyi/Unicode)

အမေရိကန် သမ္မတ Donald Trump က သူ့ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ဝန်ကြီးချုပ် Narendra Modi နဲ့ ကုန်သွယ်ရေးကိစ္စတွေ တော်တော်များများ ဆွေးနွေးဖြစ်ပေမဲ့ ကြီးကြီးမားမား သဘောတူညီချက်မျိုးတော့ မရခဲ့ပါဘူး။

ခိုင်မာတဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရရှိနိုင်မယ့် ကြီးမားတဲ့ တိုးတက်မှုတွေ ၂ ဖက်တာဝန်ရှိသူတွေကြား ဆွေးနွေးရရှိခဲ့ကြပြီး၊ ၂ နိုင်ငံစလုံးအတွက် အရေးကြီးတဲ့ သဘောတူညီချက်တရပ် ရရှိလိမ့်မယ်လို့ အကောင်းမြင် သဘောထားကြောင်းလည်း ၂ ရက်ကြာခရီးစဉ် အဆုံးသတ်မယ့် အင်္ဂါနေ့မှာပဲ သမ္မတ Trump ကပြောခဲ့တာပါ။

အမေရိကန်က ရဟတ်ယာဉ်တွေနဲ့ တခြားစစ်ပစ္စည်း ဒေါ်လာ ၃ ဘီလီယံဖိုး အိန္ဒိယက ဝယ်ယူမယ့် သဘောတူညီချက် ရရှိခဲ့ကြောင်း ကြေညာခဲ့သလို အကြမ်းဖက်ဝါဒတန်ပြန်တိုက်ဖျက်ရေး၊ ဆိုက်ဘာအင်တာနက် လုံခြုံရေးနဲ့ ရေကြောင်း လုံခြုံရေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ အမေရိကန်နဲ့ အိန္ဒိယ ဆက်ဆံရေးဟာ မကြုံဖူးလောက်အောင် ခိုင်မာကြောင်းလည်း ပြောခဲ့တာပါ။

အိန္ဒိယဝန်ကြီးချုပ်ကလည်း ၂ နိုင်ငံကြား ကုန်သွယ်မှုတွေကို သမ္မတ Trump က သိသိသာသာ တိုးမြှင့်နေပြီး၊ ဆက်ဆံရေးဟာလည်း တိုးတက်ကောင်းမွန်နေကြောင်း ချီးကျုးပြောဆိုခဲ့ပါတယ်။ ကာကွယ်ရေး၊ လုံခြုံရေး၊ စွမ်းအင်နဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ၂ နိုင်ငံကြား အရေးကြီးတဲ့ ကိစ္စတွေမှာ အပြုသဘောဆွေးနွေးနိုင်ခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။

အမေရိကန်နဲ့ အိန္ဒိယခေါင်းဆောင်တွေ မတွေ့ဆုံခင်မှာပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ဆေးဖက်ဆိုင်ရာ ကုန်ပစ္စည်းတွေ ဘေးကင်းလုံခြုံရေး နားလည်မှုစာချွန်လွှာတွေအပြင် ရေနံထုတ်လုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကို အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ကြေညာခဲ့ကြပါတယ်။ အစောပိုင်းမှာတော့ သမ္မတ Trump နဲ့ သမ္မတကတော် Melania တို့ကို အိန္ဒိယဝန်ကြီးချုပ်နဲ့ သမ္မတ Ram Nath Kovind တို့ သမ္မတနန်းတော်မှာ ကြိုဆိုခဲ့ကြပြီး၊ မဟတ္တမဂန္ဓီဂူဗိမ္မာန်မှာ အမှတ်တရ ပန်းခွေချခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)






XS
SM
MD
LG