သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နဲ့သဘောထားမတိုက်ဆိုင်သူ ကော်မတီဥက္ကဋ္ဌကို အောက်လွှတ်တော်ဥက္ကဋ္ဌ ဖယ်ရှား


ရွေးကောက်ခံသမ္မတ ထရမ့်နဲ့ သဘောထားမတိုက်ဆိုင်တဲ့ ရီပတ်ဘလီကန်အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ Mike Turner ( ယခင်မှတ်တမ်းဓာတ်ပုံ)
ရွေးကောက်ခံသမ္မတ ထရမ့်နဲ့ သဘောထားမတိုက်ဆိုင်တဲ့ ရီပတ်ဘလီကန်အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ Mike Turner ( ယခင်မှတ်တမ်းဓာတ်ပုံ)

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson က အောက်လွှတ်တော်မှာ သြဇာကြီးမားတဲ့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ Mike Turner ကို ကော်မတီဥက္ကဋ္ဌတာဝန်ကနေ မနေ့ ဗုဒ္ဓဟူးနေ့က ဖယ်ရှားလိုက်ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီရဲ့ အောက်လွှတ်တော်ထောက်လှမ်းကော်မတီဥက္ကဋ္ဌ Ohio အောက်လွှတ်တော် အမတ် Mike Turner ဟာ ယူကရိန်းကို အကူအညီပေးတဲ့အပေါ် လူသိရှင်ကြားထောက်ခံသူဖြစ်သလို တခြားမတူညီတဲ့အမြင်တွေရှိတာကြောင့် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်နဲ့ သဘောထား မကိုက်ညီသူဖြစ်ပါတယ်။ Ohio အောက်လွှတ်တော်အမတ် Mike Turner အနေနဲ့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီကို ဆက်ပြီးတော့ ဦးဆောင်တော့မှာမဟုတ်ဘူးလို့ လွှတ်တော်ဥက္ကဋ္ဌ Johnson က သတင်းထောက်တွေကို မနေ့နှောင်းပိုင်းက ပြောပါတယ်။

အခုလို Mr. Turner ကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်တာဟာ အမေရိကန်ရဲ့ထောက်လှမ်းရေးအသိုင်းအဝိုင်း နဲ့ ကော်မတီနဲ့ ဆက်စပ်နေတဲ့ အရာတွေအားလုံး အသစ်ပြန်စဖို့လိုတာကြောင့် ဖြစ်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ Johnson က ပြောပါတယ်။ အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီရဲ့ ဥက္ကဋ္ဌသစ်ကို မကြာခင် ကြေညာသွားမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ Johnson က ပြောပါတယ်။

Forum

XS
SM
MD
LG