သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် တွေ့ဆုံမယ့်အစီအစဉ် ကျွမ်းကျင်သူတွေ ဘဝင်မကျ


ကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ တွေ့ဆုံမယ့်ကိစ္စ တောင်ကိုးရီးယား သတင်းတွေမှာဖေါ်ပြ
ကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ တွေ့ဆုံမယ့်ကိစ္စ တောင်ကိုးရီးယား သတင်းတွေမှာဖေါ်ပြ

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်တွေ အဆုံးသတ်ဖို့ သံတမန်ရေးနည်းလမ်းအရ ကြိုးပမ်းတဲ့ အနေနဲ့ အမေရိကန်သမ္မတ Donald Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ သဘောတူ လိုက်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ပြင်ဆင်ချိန်သိပ်မရဘဲ Kim Jong Un နဲ့မေလမှာ တွေဆုံဖို့ သဘောတူလိုက်တာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း သမ္မတ အိုဘားမားအစိုးရရဲ့ လက်နက်ထိန်းချုပ်ရေးနဲ့ မပြန့်ပွါးရေး အထူးအကြံပေး Robert Ein horn က ပြောဆိုလိုက်သလို၊ ထရမ့်အနေနဲ့ မြောက်ကိုရီးယားရဲ့ ထောင်ချောက်ထဲ ဝင်သွားမှာကို စိုးရိမ်မိကြောင်း ထောက်ပြသူတွေလည်းရှိပါတယ်။

ဒါပေမယ့်လည်း မြောက်ကိုရီးယားအပေါ် ဘယ်လိုမှ အလျှော့ပေး လိုက်လျောတာမျိုး လုပ်မှာမဟုတ်သလို သူတို့ ပြောနေတဲ့ စကားတွေနဲ့အညီ လက်တွေ့ လုပ်ဆောင်ပြပြီးမှသာ တွေ့ဆုံမယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Sarah Huckabee Sanders က သောကြောနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ထရမ့်ပ်အစိုးရက အမြင့်မားဆုံး ဖိအားပေးတာကြောင့် မြောက်ကိုရီးယားဟာ ချိနဲ့တဲ့အနေအထား ရောက်လာပြီလို့လည်း ဆိုပါတယ်။ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်တာတွေကို ရပ်ဆိုင်းထားမယ်လို့ ကိုရီးယားနှစ်နိုင်ငံကြား ထိပ်သီးအစည်းအဝေးအတွင်း မြောက်ကိုရီးယားက ကတိပြုခဲ့တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောထားပါတယ်။ သမ္မတထရမ့်ပ်က ကင်မ် ဂျူံ-အွန်းနဲ့တွေ့ဆုံဖို့ သဘောတူတယ်လို့ တောင်ကိုရီးယားတာဝန်ရှိသူတွေက အိမ်ဖြူတော်ရှေ့မှာ ကြာသပတေးနေ့က ကြေညာတာပါ။ သမ္မတထရမ့်ပ်ဘက်က ရုတ်တရက် အခုလို လက်ခံလိုက်တာဟာ သက်ဆိုင်ရာ အမေရိကန်အစိုးရဌာနတွေပါဝင်ပြီး လအတော်ကြာ ပြင်ဆင်မှုကနေ ဖြစ်လာတာလို့ အိမ်ဖြူတော်က အခိုင်အမာပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG