သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှု ကန်သမ္မတပြစ်တင်ဝေဖန်


အမေရိကန် သမ္မတ Donald Trump
အမေရိကန် သမ္မတ Donald Trump

မြောက်ကိုရီးယား နိုင်ငံဘက်က အကြီးမားဆုံး နျူးကလီးယား စမ်းသပ်မှုကို ဒီကနေ့ တနင်္ဂနွေနေ့မှာ လုပ်ခဲ့တဲ့ အပေါ် အမေရိကန် သမ္မတ Donald Trump က ပြစ်တင်ရှုတ်ချပါတယ်။ မြောက်ကိုရီးယား နိုင်ငံဘက်က ပြောဆို လုပ်ဆောင်နေတာတွေက အမေရိကန် ပြည်ထောင်စုအပေါ်မှာ သိပ်ပြီး ရန်လိုနေပြီး အန္တရာယ်ကြီးလှတဲ့ ရန်လိုတဲ့ သင်းကွဲနိုင်ငံတခု အဖြစ် အမေရိကန် သမ္မတက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံဟာ တရုတ်နိုင်ငံ အတွက်လည်း အကျပ်အတည်းဖြစ်စေတဲ့ ခြိမ်းခြောက်မှု အဖြစ် အမေရိကန် ခေါင်းဆောင်က ဒီကနေ့ တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့တာပါ။ အမေရိကန်ရဲ့ မဟာမိတ် တောင်ကိုရီးယား အစိုးရက မြောက်ကိုရီးယားနဲ့ ပြေလည်ရာ ပြေလည်ကြောင်း စေ့စပ်ဆွေးနွေးဖို့ နည်းလမ်းရှာနေတဲ့ အပေါ် သမ္မတ Trump က အပြစ်တင်ပါတယ်။

မြောက်ကိုရီးယားနဲ့ စေ့စပ်ဆွေးနွေးလို့ အလုပ်ဖြစ်မှာမဟုတ်ဘူးဆိုတာနဲ့ သူတို့နားလည်တာ တခုဘဲ ရှိတယ်လို့လည်း သမ္မတက ရေးသားခဲ့ပါတယ်။ သမ္မတနဲ့ သူ့ရဲ့ အမျိုးသား လုံခြုံရေး အဖွဲ့လည်း ဒီကိစ္စကို ဆွေးနွေးဖို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ အစည်းအဝေးထိုင်ခဲ့ကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုထားပါတယ်။ မြောက်ကိုရီးယားဘက်က ပြီးခဲ့တဲ့ တနှစ်ကျော်က စမ်းသပ်ခဲ့တဲ့ မြေအောက် ဖောက်ခွဲမှုထက်အနည်းဆုံး ၁၀ လောက် ကြီးမားတဲ့ ၆ ကြိမ်မြောက် နျူးကလီးယား စမ်းသပ်မှုလုပ်ခဲ့တာဟာဆိုရင် ရန်စမှု ပုံစံသစ် တခုဖြစ်လာပြီလို့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel နဲ့ ပြင်သစ် သမ္မတ Emmanuel Macron တို့ကလည်း ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှု ကန်သမ္မတပြစ်တင်ဝေဖန်
please wait

No media source currently available

0:00 0:02:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG