သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိမ်လည်မှုစွဲချက်နဲ့ သမ္မတဟောင်း Trump တရားရုံးတက်


နယူးယောက်မြို့ တရားမမှုရုံးမှာ လိမ်လည်မှုကို လာရောက်တရားရင်ဆိုင်နေတဲ့ သမ္မတဟောင်းထရမ့်ရဲ့ တရားရုံးမြင်ကွင်း မှတ်တမ်းပန်းချီ
နယူးယောက်မြို့ တရားမမှုရုံးမှာ လိမ်လည်မှုကို လာရောက်တရားရင်ဆိုင်နေတဲ့ သမ္မတဟောင်းထရမ့်ရဲ့ တရားရုံးမြင်ကွင်း မှတ်တမ်းပန်းချီ

လိမ်လည်မှုစွဲချက်နဲ့ သမ္မတဟောင်း Trump တရားရုံးတက်

မိမိ အကျိုးအမြတ်အတွက် အိမ်ခြံမြေလုပ်ငန်းပိုင်ဆိုင်မှု တန်ဖိုးတွေကို လိမ်လည်တိုးမြှင့် ပြသခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှုအတွက် အမေရိကန် သမ္မတဟောင်းထရမ့်ဟာ နယူးယောက်မြို့က တရားမမှုရုံးကို တနင်္လာ‌နေ့ က လာရောက်ခဲ့ပါတယ်။

ဒီအမှုက အလိမ်အညာ၊ အတုအယောင်အမှုပဲလို့ မစ္စတာထရမ့်ကဆိုပါတယ်။ ဒီအမှုကိုစစ်တဲ့တရားသူကြီး အာသာ အင်န်ဂိုရွန် (Arthur Engoron) ကို မရိုးသားတဲ့တရားသူကြီးလို့ မစ္စတာထရမ့်ကခေါ်လိုက်ပြီး အစိုးရရှေ့နေချုပ် လက်တီးတီးယား ဂျိမ်း (Letitia James) ကိုလည်း “လူမျိုးရေးသမား” အဖြစ် ခေါ်လိုက်ပါတယ်။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲကနေ သမ္မတပြန်မဖြစ် အောင် ဒီအမှုနဲ့လုပ်နေကြတာလို့လည်း မစ္စတာထရမ့်က စွပ်စွဲလိုက်ပါတယ်။

“ဒေါ်နယ်ထရမ့်နဲ့ အမှုရင်ဆိုင်နေကြတဲ့ တခြားသူတွေဟာ တစိုက်မတ်မတ် ထပ်ခါထပ်ခါ လိမ်လည်ခဲ့ကြပါတယ်” လို့ အစိုးရရှေ့နေချုပ်ဂျိမ်းက သတင်းထောက်တွေကို ပြောပါတယ်။ “ကျနော်ပေးလိုတဲ့သတင်းစကားက ရိုးရိုးလေးပါပဲ။ 'ဘယ်လောက်ပဲ အားကောင်းကောင်း၊ ပိုက်ဆံဘယ်လောက်ရှိတယ်လို့ ထင်ထင်၊ ဘယ်သူမှ ဥပဒေအထက်မှာမရှိဘူး' ဆိုတဲ့ သတင်းစကားပါ။ တရားမျှတမှု က အောင်ပွဲခံရပါလိမ့်မယ်။” လို့ ဂျိမ်း က ဆိုပါတယ်။

မစ္စတာထရမ့်ရဲ့ ကြွယ်ဝမှုကို ၃.၆ ဘီလီယံအထိ ဖောင်းပွထားတယ်လို့ နယူးယောက် အစိုးရရှေ့နေချုပ်ရုံးက ခန့်မှန်းထားပါတယ်။ မစ္စတာထရမ့်ဟာ လိမ်လည်မှုကိုကျူးလွန်ခဲ့တယ်လို့ တရားသူကြီး Engoron က ဆုံးဖြတ်ပြီး ဖြစ်ပါတယ်။ ပြစ်ဒဏ်အဖြစ် ဒေါ်လာ သန်း ၂၅၀ ကျခံစေဖို့ အစိုးရ ရှေ့နေချုပ်ရုံးက တောင်းဆိုထားပါတယ်။

လိမ်လည်မှုစွဲချက်နဲ့ သမ္မတဟောင်း Trump တရားရုံးတက်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG