သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အခြေပြမိန့်ခွန်း Trump ရုပ်သံလွှင့်ဖွယ်ရှိ


လာမယ့် အင်္ဂါနေ့ကျရင် နိုင်ငံတော်အခြေပြမိန့်ခွန်းလိုပုံစံမျိုးနဲ့ အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်က ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောဖို့စီစဉ်နေတဲ့အကြောင်း အိမ်ဖြူတော်ကပြောပါတယ်။

အစိုးရယန္တရား တချို့ရပ်ဆိုင်းနေတဲ့အခြေအနေရှိနေလို့ လုံခြုံရေးအရ ဇန်နဝါရီလ၂၉ရက်လာမယ့်အင်္ဂါနေ့မှာ သမ္မတရဲ့ လွှတ် တော်၂ရပ်လုံးကိုပြောဆိုမယ့်နိုင်ငံတော်အခြေပြ မိန့်ခွန်းကို အချိန် ရွှေ့ဆိုင်းပေးဖို့ အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီက သမ္မတထရမ့်ကိုတိုက်တွန်းတောင်းဆိုထား တာပါ။

ဒါပေမဲ့လည်း သမ္မထရမ့်က လွှတ်တော်ကိုမလာပဲ ရုပ်မြင်သံကြားကနေ နိုင်ငံတော်အခြေပြမိန့်ခွန်းကို ဇန်နဝါရီလ ၂၉ရက်နေ့မှာပဲပြောဖို့ စီစဉ်နေတာပါ။ လုံခြုံရေးအရစိုးရိမ်စရာ ဘာမှမရှိဘူးလို့လည်း အိမ်ဖြူတော်ကပြောပါတယ်။ အစိုးရ ယန္တရားတချို့အချိန်တလကျော်ရပ်တန့်နေတဲ့အထဲမှာ အမိမြေလုံခြုံရေးဝန်ကြီးဌာနနဲ့လုံခြုံရေးတပ်ဖွဲ့တွေလည်းပါဝင်နေ တာကို အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီကထောက်ပြပါတယ်။

လာမယ့်အင်္ဂါနေ့မှာ ပြောဖို့စီစဉ်နေတဲ့သမ္မတထရမ့်ရဲ့ မိန့်ခွန်းကတော့ ဘယ်နေရာကနေပြောမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG