သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နိုင်ငံတော် အခြေပြမိန့်ခွန်း ဖေဖေါ်ဝါရီလ ပြောကြားမည်


အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီက သမ္မတ Donald Trump ကို နိုင်ငံတော် အခြေပြမိန့်ခွန်းကို ဖေဖေါ်ဝါရီလ ၅ ရက် အင်္ဂါနေ့မှာ ပြောကြားဖို့ ဖိတ်ကြားထားကြောင်း အောက်လွှတ်တော် ဥက္ကဌရုံးက တနင်္လာနေ့မှာ ကြေညာပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့က မစ္စ ပလိုစီ အနေနဲ့ သမ္မတထံ စာရေးသား အကြောင်းကြားစဉ် အစိုးရယန္တရား ပြန်ဖွင့်ပြီးမှသာ ၂ ဘက် သဘောတူ မိန့်ခွန်းပြောကြားမယ့် ရက်ကို ညှိယူသင့်တဲ့ အကြောင်း သူ့ရဲ့ စာမှာ ဖေါ်ပြခဲ့တာပါ။ တနင်္လာနေ့ ဆွေးနွေးရာမှာတော့ ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားဖို့ ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌ ရုံး ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ နန်စီပလိုစီက သမ္မတ Trump ကို တယ်လီဖုံးနဲ့ တနင်္လာနေ့က ခေါ်ယူ စကား ပြောခဲ့တာ ဖြစ်တယ်လို့ ပလိုစီရဲ့ လက်ထောက် တဦးက ပြောပါတယ်။

လွှတ်တော် ၂ ရပ် ရှေ့မှောက် ၂၀၁၉ ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ နိုင်ငံတော် အခြေပြ မိန့်ခွန်း ပြောကြားဖို့ သမ္မတကို ဖိတ်ခေါ်ကြောင်း သူ့ရဲ့ စာထဲမှာ ဖေါ်ပြထားပါတယ်။ ရက်ပေါင်း ၃၅ ရက်အကြာ ပြီးခဲ့တဲ့သီတင်းပတ် သောကြားနေ့က အဆုံး သတ်ခဲ့တဲ့ အမေရိကန် အစိုးရ ယန္တရား တစိတ်တပိုင်း ရပ်ထားရမှှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အခြေပြ မိန့်ခွန်းပြောကြားဖို့ စေ့စပ်ညှိနှိုင်းမှုဟာ အခြေအတင်အငြင်းပွါးဖွယ် ဖြစ်ခဲ့တာပါ။

ကနဦးက သမ္မတ Trump အနေနဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို လွှတ်တော် ၂ ရပ်ရှေ့မှောက် ပြောကြားဖို့ ရှိပေမယ့် အောက်လွှတ်တော် ဥက္ကဌ ပလိုစီက လုံခြုံရေး အကြောင်းပြပြီး ရက်ရွှေ့ဆိုင်းဖို့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG