သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ် အိမ်ဖြူတော်ပထမဆုံးသတင်းစာရှင်းလင်းပွဲ ကျင်းပ


အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Sean Spicer တနင်္လာနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Sean Spicer တနင်္လာနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်

သမ္မတသစ် Donald Trump ရဲ့ ပြီးခဲ့တဲ့ သောကြာနေ့က ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက် အားပေးခဲ့တဲ့ ပရိတ်သတ်အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကို ပြောဆိုခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ဝေဖန်ခံနေရတဲ့ အိမ်ဖြူတော် ပြောခွင့်ရအသစ် Sean Spicer က သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတွေ အားလုံးထဲမှာ Donald Trump ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို လူကြည့်အများဆုံး ဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုဘူးလို့ တနင်္လာနေ့က ပထမဆုံးအကြိမ် ကျင်းပတဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ထပ်မံ ပြောကြားလိုက်ပါတယ်။

Trump ရဲ့ ကျမ်းကျိန်ပွဲကို ဝါရှင်တန် ဒီစီမှာ လူကိုယ်တိုင် လာရောက် ကြည့်ရှုခဲ့တဲ့ သိန်းဂဏန်းရှိတဲ့သူတွေအပြင် လူမှုကွန်ယက်တွေ၊ သတင်းဌာနတွေက အွန်လိုင်းက တိုက်ရိုက် ထုတ်လွင့်မှုတွေကနေ ကြည့်ရှုကြသူတွေအပြင် အမေရိကန်နိုင်ငံအတွင်းက ရုပ်မြင်သံကြားတွေကနေ တဆင့် ပရိတ်သတ်ပေါင်း သန်း ၃၀ ကျော်ကလည်း ကြည့်ရှုခဲ့ကြကြောင်း ပြောပါတယ်။

လူကိုယ်တိုင် တက်ရောက်လို့ပဲဖြစ်ဖြစ်၊ ကမ္ဘာ့တလွားကနေ ကြည့်ရှုအားပေးကြလို့ပဲဖြစ်ဖြစ် ဒီကျမ်းသစ္စာ ကျိန်ဆိုပွဲဟာ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အားလုံးတွေထဲမှာ လူတွေအများဆုံး ကြည့်ရှုကြတဲ့ အခမ်းအနားဖြစ်ကြောင်း Sean Spicer က စနေနေ့ နှောင်းပိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဘယ် သက်သေအထောက်အထားနဲ့ အခုလို လူအများဆုံး ကြည့်ရှု အားပေးတယ်ဆိုတဲ့ ပြောတယ်ဆိုတာကို သူက ပြောဆိုခြင်း မရှိသလို သတင်းထောက်တွေ မေးတာကိုလည်း စနေနေ့က ဖြေကြားခဲ့ခြင်း မရှိပါဘူး။

အိမ်ဖြူတော်မှာ တနင်္လာနေ့က ကျင်းပတဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲမှာတော့ - မြေအောက် ရထားစီးပြီး ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့တဲ့ ပရိတ်သတ်အရေအတွက်ကို သူ့အနေနဲ့ မှားပြီး ပြောဆိုခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့် ဒီ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲဟာ လူကြည့် အများဆုံး ကျမ်းသစ္စာကျိန်ဆိုပွဲ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ အငြင်းပွားစရာမရှိဘူးလို့ သူက ထပ်ပြောခဲ့ပါတယ်။

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ Spicer က သမ္မတသစ် Trump က TPP သဘောတူညီမှုကနေ အမေရိကန် နှုတ်ထွက်မှုအကြောင်း၊NAFTA ကုန်သွယ်ရေးသဘောတူညီမှု ကိုပြန်လည်ဆွေးနွေးညှိနှိုင်းမယ့်အကြောင်း၊ Trump နဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အမေရိကန် အကျိုးစီးပွားအတွက် ဆောင်ရွက်ဖို့ တွေ့ဆုံခဲ့တဲ့အကြောင်း၊ ဗြိတိန်ဝန်ကြီးချုပ် Theresa May ဝါရှင်တန်ကို လာရောက်မယ့် အကြောင်းအပြင် Trump နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ အီဂျစ်သမ္မ Abdel Fattah el-Sisi တို့နဲ့ တယ်လီဖုန်းနဲ့ စကားပြောခဲ့တဲ့အကြောင်းတွေကိုလည်း သူက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Trump အပေါ် မီဒီယာက အမုန်းတရား မပွားကြဖို့လည်း Spicer က မေတ္တာ ရပ်ခံခဲ့ပါတယ်။

XS
SM
MD
LG