သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေအဆုံးသတ်ရေး ကုလမဟာမင်းကြီး တိုက်တွန်း


လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Volker Türk
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Volker Türk

မြန်မာနိုင်ငံတွင်း စစ်ကောင်စီကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကို ထောက်ပြပြီး မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေးကို လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

"လူ့အခွင့်အရေးကောင်စီမှာ အခုလိုစုဝေးချိန် မြန်မာပြည်အကြောင်း ထပ်ဆွေးနွေးရပြန်ပါပြီ။ တရားမဝင်တဲ့စစ်ကောင်စီရဲ့ဖိနှိပ်မှုဒဏ်ကို မျက်မြင်ကြုံနေရပါပြီ။ မြန်မာပြည်ဟာ တကယ့်ကို ချုံးချုံးကျ နာကျင်နေရပါပြီ။" လို့ ကုလ မဟာမင်းကြီးက ပြောသွားတာပါ။

မြန်မာစစ်တပ်ဟာ နယ်မြေတွေ သိသိသာလက်လွှတ်ဆုံးရှုံးရသလို တဘက်မှာ မြို့တွေရွာတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ အတင်းအဓမ္မစစ်သားစုဆောင်းတာတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရာဇတ်မှုတွေ ကျူးလွန်နေတယ်လို့ ကုလမဟာမင်းကြီးက ပြောပါတယ်။ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်တွင်းက စစ်ပွဲတွေမှာလည်း ရိုဟင်ဂျာတွေရော ရခိုင်လူမှုအသိုက်အဝန်းတွေကိုပါ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့်တော့ လူနည်းစုရိုဟင်ဂျာတွေအတွက် ပြေးစရာမြေမရှိတဲ့အခြေအနေကို စိုးရိမ်ပူပင်မိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမှာနေတဲ့ ရိုဟင်ဂျာတွေအပါအဝင် ဒေသခံတွေ မြို့ကနေ တိမ်းရှောင်ဖို့ AA အာရက္ခတပ်တော်က သတိပေးချက်ထုတ်ပြန်ခဲ့တဲ့အပေါ် မောင်တောအခြေအနေကို စိုးရိမ်တယ်လို့ ကုလ မဟာမင်းကြီးက ပြောပါတယ်။ သူ့အနေနဲ့ အရှေ့တောင်အာရှဒေသကို မကြာသေးခင်ကပဲ သွားရောက်ခဲ့ရာမှာ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဒုက္ခသည်အသိုက်အဝန်းတွေကို တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။ တိုင်းရင်းသားပေါင်းစုံက လူငယ်မျိုးဆက်သစ်ဟာ အနာဂတ်မြန်မာအခင်းအကျင်တရပ်ကို လှုပ်ရှားရုန်းကန်ဖန်တီးနေတာကို မြင်ခဲ့ရတယ်လို့ ကုလမဟာမင်းကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG