သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AI အကြီးအကဲနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ၆ ဦးကို တူရကီအစိုးရဖမ်းဆီး


အကြမ်းဖက်ဝါဒီတွေကို ထောက်ပံ့နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ Amnesty International အဖွဲ့ကြီးရဲ့ တူရကီ နိုင်ငံဆိုင်ရာ အကြီးအကဲ အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူ ၆ ဦကို တူရကီအစိုးရက အကျဉ်းထောင်မှာ ချုပ်နှောင်ထားပါတယ်။

တူရကီ နိုင်ငံဆိုင်ရာ AI အဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူး Idil Eser ၊ နောက် ဂျာမနီနဲ့ ဆွစ်ဇာလန် လူ့အခွင့်အရေး ဆိုင်ရာ လုပ်သားတွေကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး AI အဖွဲ့ကြီးရဲ့ ဥရောပဆိုင်ရာ ခေါင်းဆောင်တွေက မနေ့ အင်္ဂါနေ့က ကန့်ကွက်ရှုတ်ချ ပါတယ်။ ဖမ်းဆီးခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမှုကြားနာ စစ်ဆေးမှုတွေမှာ တရားမျှတမှု ရှိပါ့မလားဆိုတဲ့အပေါ် အတိုက်အခံ လွှတ်တော် အမတ် တဦးက မေးခွန်းထုတ်ပါတယ်။ တူရကီ နိုင်ငံရဲ့ တရားစီရင်ရေးပိုင်းက လွတ်လပ်မျှတမှုနဲ့ ကင်းကွားနေတယ်။

ဒီလို အခင်းအကျင်းမျိုးမှာ မျှတတဲ့ ကြားနာစစ်ဆေးမှုလို့ ပြောဖို့ မဖြစ်နိုင်ဘူးလို့ အဓိက အတိုက်အခံ Republican People’s ပါတီက လွှတ်တော် အမတ် Sezgin Tanrikulu က ပြောတာပါ။ အမေရိကန် ပြည်ထောင်စုကလည်း ဖမ်းဆီးမှုကို ကန့်ကွက် ရှုတ်ချပါတယ်။ သက်သေအထောက်အထား မခိုင်လုံ၊ ပွင့်လင်းမြင်သာမှု မရှိတဲ့ အခုလို စွဲဆိုမှုတွေဟာဆိုရင် တူရကီရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ပုဂ္ဂလိက အခွင့်အရေးတွေကို လေးစားလိုက်နာရမယ့် နိုင်ငံတခုရဲ့ တာဝန်ဝတ္တရားတွေကို ထိခိုက်စေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert က ပြောဆိုပါတယ်။

တူရကီ အာဏာပိုင်တွေဘက်က စွဲဆိုချက်တွေကို ရုပ်သိမ်းပြီး ဖမ်းထားသူတွေ ပြန်လွတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ သမ္မတ Erdoganလုပ်ပိုင်ခွင့် ပိုရလာစေမယ့် အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲမှာ ပွတ်ကာသီကာ အနိုင်ရပြီးနောက် မကြာခင် ဒီသတင်းပတ် အတွင်းမှာဘဲ တူရကီ နိုင်ငံမှာ အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း နိုင်ငံတော် အရေးပေါ် အခြေအနေကို သုံးလ ထပ်တိုးလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အာဏာသိမ်း ကြိုးပမ်းမှု နောက်ပိုင်း တနှစ်ကြာ နှိမ်နင်းဖြိုခွင်းခဲ့တာမှာ လူပေါင်း ၅ သောင်းကျော် ဖမ်းဆီးခံခဲ့ရပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG