သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီအစိုးရ ဝန်ထမ်း ၇,၀၀၀ ကျော် ရာထူးက ထပ်ထုတ်


တူရကီနိုင်ငံတွင်း ဆန္ဒပြပွဲများ။ (ဇူလိုင် ၉-၂၀၁၇)
တူရကီနိုင်ငံတွင်း ဆန္ဒပြပွဲများ။ (ဇူလိုင် ၉-၂၀၁၇)

တူရကီနိုင်ငံမှာ မအောင်မမြင်ဖြစ်ခဲ့တဲ့ အာဏာသိမ်းမှု နှစ်ပတ်လည်နေ့မတိုင်ခင် တရက်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေ၊ အစိုးရတာဝန်ရှိသူ တွေနဲ့ ပညာရှင်တွေ စသည်ဖြင့် လူပေါင်း ၇,၀၀၀ ကျော်ကို အစိုးရက ထုတ်ပစ်လိုက်ပါတယ်။

ထုတ်ပစ်လိုက်သူတွေထဲမှာ အဆင့်မြင့် အရာရှိကြီးတွေအပါအဝင် ရဲတပ်ဖွဲ့ဝင် ၂,၃၀၀ ကျော်နဲ့ တက္ကသိုလ်တွေက ပညာရှင် ၃၀၀ ကျော် ပါဝင်တာကို အစိုးရပြန်တမ်းမှာ ထုတ်ပြန်ထားတဲ့အမိန့်မှာ တွေ့ရပါတယ်။

ဒါ့အပြင် အငြိမ်းစားအရာရှိတွေနဲ့ တပ်ဖွဲ့ဝင် ၃၄၀ ကျော်ကိုလဲ သူတို့ရာထူးတွေကို ဖယ်ရှားလိုက်ပါတယ်။ သမ္မတ Recep Tayyip Erdogan ဆီကနေ ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းယူဖို့ ကြိုးစားမှုဖြစ်ခဲ့ပြီးတဲ့နောက် ထုတ်ပြန်ထားတဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာချက်အရ အခုအမိန့်ကို ထုတ်ပြန်တာပါ။ အဲဒီ အာဏာသိမ်းကြိုးပမ်းမှုအတွင်း လူပေါင်း ၂၄၀ ကျော် သေဆုံးခဲ့ရပါတယ်။

နိုင်ငံကနေ ကိုယ့်ဖာသာထွက်သွားပြီး အမေရိကန်မှာနေထိုင်နေတာ နှစ် ၂၀ နီးပါးကြာပြီဖြစ်တဲ့ ဘာသာရေးခေါင်းဆောင် Fethullah Gulen က အဲဒီအာဏာသိမ်းမှုကို နောက်ကွယ်ကကြိုးကိုင်တာလို့ အစိုးရက စွပ်စွဲထားပါတယ်။ ဒါပေမဲ့ Gulen ကတော့ သူနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ ငြင်းထားပါတယ်။

အာဏာသိမ်းကြိုးပမ်းမှု ဖြစ်ပြီးကတည်းကဆိုရင် အကြံအစည်မှာ ပူးပေါင်းပါဝင်တယ် ဆိုတဲ့စွဲချက်နဲ့ သမ္မတ အာဒိုဝန် ထုတ်ပစ်တဲ့ အစိုးရဝန်ထမ်း ၁ သိန်းထက်မနည်းရှိပါပြီ။ ဒါ့အပြင် နောက်ထပ် လူပေါင်း ၅၀,၀၀၀ ကိုလဲ ဖမ်းဆီးထားပါတယ်။

တူရကီအစိုးရ ဝန်ထမ်း ၇,၀၀၀ ကျော် ရာထူးက ထပ်ထုတ်
please wait

No media source currently available

0:00 0:09:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG