သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်သီးစွမ်းပြတဲ့ တူရကီတွေကို ဝါရှင်တန်ရဲ ဖမ်းဆီး


ပြီးခဲ့တဲ့လ ဝါရှင်တန် ဒီစီက ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေကို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ တူရကီသမ္မတရဲ့ ကိုယ်ရံတော်တွေ အပါအဝင် လူပေါင်း ၁၈ ရောက်ကို တရားစွဲဆိုလိုက်တယ်လို့ ဒီစီ မြို့တော် အရာရှိတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဖမ်းဆီးထားသူက ၄ ဦးရှိပြီး ကျန်သူတွေကတော့ ခုထိ ဖမ်းမမိသေးပါဘူး။

တူရကီသံအမတ်ကြီးရဲ့ ဝါရှင်တန်ဒီစီ နေအိမ်နားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွါးချိန်က ဆန္ဒပြသူတွေ အကန်ခံရတာ ၊ အရိုက်ခံခဲ့ရတာကို ရိုက်ယူထားတဲ့ ဗီဒီယိုခွေကို ရဲတွေက စစ်ဆေးခဲ့တာဖြစ်ပြီး တလလောက်ကြာတဲ့ ဒီစုံစမ်းမှုနဲ့ ပတ်သက်ပြီး ရဲချုပ်နဲ့ မြို့တော်ဝန်တို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ အခုလို ကြေညာ လိုက်တာ ဖြစ်ပါတယ်။

အခင်ဖြစ်ပွါးချိန်က တူရကီ သမ္မတ Recep Tayyip Erdogan ဟာ အနားက ကားထဲမှာ ထိုင်နေတာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ မစ္စတာ Erdogan ကို စွဲချက်တင်ဖို့ စုံစမ်း စစ်ဆေးသူတွေဆီမှာ လုံလောက်တဲ့ သက်သေ အထောက်ထားတွေ မရှိသလို သမ္မတ Erdogan အနေနဲ့ ရာဇဝတ်ပြစ်မှု တစုံတရာ ကျူးလွန်မှု ရှိတယ်ဆိုတဲ့ အချက်အလက် တစုံတရာတော့ မရှိဘူးလို့ ဒီစီရဲချုပ် Peter Newsham က VOA ကို ပြောပါတယ်။

ဖမ်းဝရမ်းတွေ ထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး နိုင်ငံရေး အရရော ဥပဒေကြောင်း အရပါ တုံ့ပြန်သွားဖို့ လုပ်ဆောင်မယ်လို့ တူရကီ သမ္မတ က ကြာသပတေးနေ့မှာ ပြောကြားကြောင်း CNN ကပြောပါတယ်။

အဓိကရုန်းမှာ ဒဏ်ရာရသူက ၉ ဦး ရှိပါတယ်။ သံသယရှိသူ ၂ ဦးကို မေလ ၁၆ ရက် အခင်းဖြစ်ပွါးတဲ့ နေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဇွန်လ ၁၄ ရက်မှာ Virginia က တဦးနဲ့ New Jersey ကတဦးကို ဖမ်းဆီးခဲ့တာပါ။ ဒီအထဲမှာ ၁၂ ယောက် က တူရကီနိုင်ငံသားတွေ ဖြစ်ပြီး နောက် ၂ ယောက်ကတော့ ကနေဒါ နိုင်ငံသားတွေ ဖြစ်ကြောင်း ရဲချုပ်က ပြောပါတယ်။

လက်သီးစွမ်းပြတဲ့ တူရကီတွေကို ဝါရှင်တန်ရဲ ဖမ်းဆီး
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG