သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီအစိုးရ သတင်းထောက်တွေ ထပ်ဖမ်းဖို့ အမိန့်ထုတ်


တူရကီ အာဏာပိုင်တို့က ဒါဇင်နဲ့ချီတဲ့ သတင်းထောက်တွေကို ထပ် ဖမ်းဖို့ အမိန့်ထုတ်ထားပါတယ်။

ဒီလ အစောပိုင်း တူရကီနိုင်ငံက စစ်အာဏာသိမ်း ကြိုးပမ်းမှုကို အဓိက စီစဉ်သူလို့ အစိုးရက ပြောဆိုနေတဲ့ အမေရိကန် အခြေစိုက် မူဆလင် ဘာသာရေးဆရာနဲ့ အဆက်အစပ် ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတင်းထောက်တွေကို ဖမ်းမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ အနည်းဆုံး သတင်းထောက် တယောက် အဖမ်းခံရပြီး တူရကီရဲ့ အကြီးဆုံး သတင်းစာ Zaman ရဲ့ စာတည်းအဖွဲ့ဝင်ဟောင်း ၄၇ ယောက်ကိုလည်း ဖမ်းမိန့်ထုတ်ထားပါတယ်။ မတ်လ အတွင်းမှာ တူရကီ တရားရုံး တခုက Zaman သတင်းစာကို အစိုးရက ထိန်းချုပ်ဖို့ အမိန့်ချမှတ်ခဲ့ပြီးနောက် မကြာခင်မှာဘဲ သတင်းစာတိုက်ရဲ့ ရုံးတွေကို ရဲက ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ အခြေစိုက်တဲ့ မူဆလင် ဘာသာရေး ဆရာ Fethullah Gulen ရဲ့ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ဒီသတင်းစာကြီးက အတော်လေး ပတ်သက် ဆက်နွယ်ခဲ့တာပါ။

အစိုးရက သတင်းစာကို ထိန်းချုပ်လိုက်ချိန်ကစပြီးတော့ဒီသတင်းစာကြီးမှာ အစိုးရ လိုလားတဲ့ဘက်ကို ဇောင်းပေး ရေးသားလာပါတယ်။ ဒီသတင်းပတ် အစောပိုင်းတုန်းက သတင်းထောက် ၄၂ ယောက်ကို ဖမ်းဆီးဖို့ တူရကီ အစိုးရက ဖမ်းမိန့်ထုတ်ခဲ့ပြီး ဒီထဲက ၁၆ ဦးကို အာဏာပိုင်တွေက ထိန်းသိမ်းပြီး ဖြစ်ပါတယ်။

လူ ၃၀၀ နီးပါး သေဆုံးခဲ့ရတဲ့ တူရကီနိုင်ငံ စစ်အာဏာသိမ်း ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်ပိုင်း အစိုးရ အရာရှိတွေနဲ့ ပညာရေးဆိုင်ရာ ခေါင်းဆောင် အများအပြားကို ဖမ်းဆီးမှုတွေ နောက်ပိုင်း အခု သတင်းထောက်တွေကို ဖမ်းဆီးတာလည်း ဖြစ်ပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့ စစ်အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း တူရကီ နိုင်ငံတွင်း ဖမ်းဆီးခံရသူ ၁ သောင်းကျော်လောက် ရှိပြီလို့ နိုင်ငံတကာ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး Amnesty International က ခန့်မှန်းထားပါတယ်။

တူရကီအစိုးရ သတင်းထောက်တွေ ထပ်ဖမ်းဖို့ အမိန့်ထုတ်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG